စွဲစွဲလမ်းလမ်း
၁။ စွဲလန်းလားစွဲလမ်းလားဆရာခင်ဗျာ။
၂။ ဆရာရှင့် စွဲလမ်းနဲ့ စွဲလန်း။ တစုံတစ်ယောက်။ တစ်စုံတစ်ယောက်။ တစုံတယောက် ဘာကအမှန်လဲရှင့်။
၃။ စိမ်းလန်းစိုပြေလို့ရေးတာမှာ စိန်းလမ်းနဲ့ စိမ်းလန်း ဘယ်ဟာမှန်ပါသလဲဆရာ။
စိမ်းလန်းစိုပြေက မှန်ပါတယ်။
စိမ်းကားရက်စက်
စိမ်းဆတ်ဆတ်
စိမ်းဖန့်ဖန့်
စိမ်းလန်း
စိမ်းလန်းစိုပြေ
စိမ်းရွှေရွှေ
အစိမ်းစား
အစိမ်းရာင်
လမ်း
စွဲစွဲလမ်းလမ်း
စွဲလမ်းသည်
ရွှင်လမ်း
လမ်းခရီး
လမ်းခုလတ်
လမ်းစဉ်
လမ်းဆုံ
လမ်းကြုံ
လမ်းပန်းဆက်သွယ်ရေး
လမ်းကြား
လမ်းမှန်ကမ်းမှန်
လမ်းမှား
လမ်းသရဲ
လမ်းသွယ်
လမ်းသွား လမ်းလာ
လမ်းကြောင်း
လမ်းကြောင်းခရီး
လမ်းမြောင်
လမ်းနှစ်ခွ
အခွင့်အလမ်း
လောက်လမ်းသဖွယ် ဝိညာဉ်တွယ်
ဝေးကွာလမ်း
နွယ်လမ်း
လန်း
စိမ်းလန်းစိုပြေ
တန်းလန်းဖြစ်နေသည်
တမလန်းပင်
ပွင့်လန်းသာကြည်
မရွှင်မလန်း
လန်းဆန်း
လန်းလန်းရှင်သို့
လန်းလန်းလတ်လတ်
လူလူလန်းလန်း
သမလန်းပင်
ဒေါင်းလန်း
ကြော့လန်း
တစုံတယောက်ကသာမှန်ပါကြောင်း အကြိမ်ပေါင်း တရာကျော်မှာ နမူနာအထောက်အထားပေါင်း တရာကျော်မက တင်ပြထားပြီးဖြစ်ပါတယ်။
၁၉၈၈ ခုနှစ် စစ်အစိုးရမတက်ခင်ကစပြီး သတ်ပုံတွေပြင်လိုက်တော့ မူကွဲဂိုဏ်းကြီးတွေ ပေါ်လာတယ်။
တစုံတယောက်ဂိုဏ်း။
တစ်စုံတစ်ယောက်ဂိုဏ်း။
တစ်စုံတယောက်ဂိုဏ်း။
တစုံတစ်ယောက်ဂိုဏ်း။
တခါတရံဂိုဏ်း။
တစ်ခါတစ်ရံဂိုဏ်း။
တစ်ခါတရံဂိုဏ်း။
တခါတစ်ရံဂိုဏ်း။
တခါတလေဂိုဏ်း။
တစ်ခါတစ်လေဂိုဏ်း။
တစ်ခါတလေဂိုဏ်း။
တခါတစ်လေဂိုဏ်း။
တချို့တလေဂိုဏ်း။
တစ်ချို့တစ်လေဂိုဏ်း။
တစ်ချို့တလေဂိုဏ်း။
တချို့တစ်လေဂိုဏ်း။
စသတ်များတဲ့သူက အနိုင်ရတယ်။
ကျွန်တော်ကတော့ သတ်ပုံမှန်ကျောင်းစာအုပ်တွေကိုသာ စွဲစွဲလမ်းလမ်းလိုက်ရေးပါတယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment