ကျွန်တော်တို့အရပ် (မြင်းခြံ တောင်သာ တကြော) မှာတော့ "အင်းမလှုပ် အဲမလှုပ်" သုံးကြ တာ ဆရာ။
အင်းမလုပ်အဲမလုပ်ကသာ မှန်ပါတယ်။ အဲလိုအရပ်သုံးစကားကို ဒေသိယ (ဒေသသုံး) အဖြစ် မှတ်ယူရန် မသင့်ပါ။
အတိအကျမသိကြလို့သာ လုပ် နဲ့ လှုပ် မှားပြောနေကြတာ ဖြစ်ပါတယ်။
လှုပ် = မငြိမ်မသက်ဖြစ်သည်။ မငြိမ်မသက်ဖြစ်စေသည်။
ငလျင်လှုပ်သည်။ ကျောက်တုံးကကြီးတော့ လှုပ်လို့ရွှေ့လို့မရဘဲ ဖြစ်နေတယ်။
တယောက်ယောက်ကနေ မင်း ငါနဲ့အတူလိုက်မလားလို့မေးတော့ အမေးခံရသူက ဘာမှ ပြန်မဖြေဘဲ အင်းမလုပ် အဲမလုပ်နေတယ်။
သူက လိုက်ချင်တယ်လည်း မပြော မလိုက်ချင်ဘူးလည်း မပြောတာကို ဆိုလိုတယ်။
လှုပ်ဆိုတာ မပြောဘဲနေတာကို မဆိုလို။ ကြံဖန်ပြောရင် ပါးစပ်မလှုပ်ဆိုရင်တော့ လှုပ်လည်းမလှုပ်ဘူးလို့ ပြောရမယ်။ အင်းမလုပ် အဲမလုပ် မဟုတ်ပါ။
လုပ်
လုပ်ကျွေး
လုပ်ငန်းဆောင်တာ
လုပ်ရည်ကြံရည်
လုပ်ရတ်(အဂ္ဂိရတ်သုံး)
လုပ်ရပ်
လုပ်လီလုပ်လဲ့
လှုပ်
လှုပ်တုပ်လှုပ်တုပ်
လှုပ်ယမ်း
လှုပ်ယှက်
လှုပ်ရှား
ဒေါက်တာတင့်ဆွေ
Comments
Post a Comment