ဖဆပလခေတ်က နိုင်ငံရေးနဲ့ သတ်ပုံအရေးအသားဖြစ်ပါတယ်။
တပါတီစနစ်ခေတ် ကုန်ခါနီးကစလို့ သတ်ပုံပြောင်းသွားပါပြီ။
ဒုတိယအကြိမ် စစ်အစိုးရတက်တော့ သတ်ပုံအပြောင်းအလဲဟာ ခိုင်မာလာတယ်။
တတိယအကြိမ် စစ်အစိုးရတက်တော့ လူတိုင်းက အဲတာသာ အမှန်ထင်ကုန်ကြတယ်။
ဦးဘဂျမ်းကတော့ အစိုးရကို သရော်တယ်။ အစိုးရဆိုတာ လူတရာသာသာပဲရှိတာ။ ရေအိုးစင်ကရေ မသောက်ကြပါ။
လူတရာသာသာပဲရှိတဲ့ အစိုးရနောက်မှာ မျက်စိနဲ့ အသိကို ပိတ်ပြီးလိုက်နေသူက သန်း ၃၀-၄၀ လောက်ရှိတယ်။
ကျွန်တော့ ရေအိုးစင်ကလေးမှာ ခွက်ခဏခဏပျောက်တယ်။
ဒေါက်တာတင့်ဆွေ
၁၁-၃-၂၀၁၈
Comments
Post a Comment