ဘာပဲ စားရစားရ ကောင်း၏။
ဘာဖဲ လာလာ ဒေါင်း၏။
ဘာဘဲ လုပ်ရလုပ်ရ ဝင်ငွေရ၏။
ပဲ ဖဲ ဘဲ အစာမကျေသူတွေ များ၏။
တရားသေမှတ်ထင်နေသူတွေများ၏။
မ နောက်က ဘဲလိုက် အာလုံးတော့ မမှန်ပါ။
မ မပါရင် ပဲ အားလုံး မမှန်ပါ။
ကလေးဗူးမှုတ်တာကလွဲရင် ဘူး။ မဟုတ်ပါ။ ကလေးက ဘူးလည်းမှုတ်၊ ဗူးလည်း မှုတ်တယ်။
ဗူးဘုရား ဖူးဘူးသလား။
ဗူးသီးကြော် စားလို့ကောင်း၏။
ကလေးချိုဗူးစို့နေသည်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment