ကွန်မင့်တခုရတယ်။ လွှတ်တော်မှာ ဒီလိုဖြေထားပါတယ်ခင်ဗျာ။ မြန်မာစာအဖွဲ့မှထုတ်ဝေသော မြန်မာစာလုံးပေါင်း သတ်ပုံကျမ်းကို လိုက်နာကြရန် ပညာရေးဝန်ကြီးဌာနက ၁၉၈၆ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁/၈၆) ဖြင့် ပြဋ္ဌာန်းပြီး ဖြစ်ပါကြောင်း၊ -
ကျေးဇူး။ စည်းကမ်းရှိတာ ကောင်းတယ်။
စည်းကမ်းကလည်း သင့်မှန်ရမယ်။
ဥပဒေကိုလေးစားတာ ကောင်းတယ်။
ဥပဒေကလည်း တရားမျှတမှုရှိရမယ်။
မြန်မာစာမှာတော့ နည်းနည်းကွန့်စရာတချို့ရှိပါတယ်။ ရေတွက်လို့ရရင် တစ်ဆိုတဲ့ဥပဒေသ တချို့နေရာတွေမှာ မှန်။ တချို့နေရာတွေမှာ မှားတယ်။ မ နောက် ဘဲလိုက်။ တချို့နေရာတွေမှာ မှန်။ တချို့နေရာတွေမှာ မှားတယ်။ ရှိသေးတယ်။
နောက်ဆုံးထုတ်တွေကို လိုက်နာကြတယ်။ သတ်ပုံဆိုရင် ၁၉၈၆၊ တချို့နေရာတွေမှာ မှန်။ တချို့နေရာတွေမှာ မှားတယ်။ ဖွဲ့စည်းပုံဆိုရင် ၂၀၀၈၊ တချို့နေရာတွေမှာ မှန်။ တချို့နေရာတွေမှာ မှားတယ်။
မပြင်သေးသ၍ အိုးရွဲ့ကို စလောင်းရွဲ့နဲ့သာ ဖုံးကြရမယ်။ ကျွန်တော်ကတော့ အိုးရွဲ့ကို မသုံးတော့ အဲလိုအဖုံး မလိုပါ။
အိုးကောင်းတွေလုပ်တတ်တဲ့ မင်းကုသကို သတိရတယ်။ အင်မတန်ချောလှတဲ့ ပဘာဝတီကို မရရအောင် ပိုးတယ်။ ဇွဲကောင်းတော့ ရသွားတယ်။
ဒေါက်တာတင့်ဆွေ
၁၂-၃-၂၀၁၉
Comments
Post a Comment