(၁)
အင်းပျဉ် = အခြေနိမ့်၍ အုံးတားလက်တင်မပါသော လဲလျောင်းနေထိုင်ရာ ခုတင်ငယ်။
မှတ်ချက်
ခုတင် သည် ကုတင်၊ အင်းပျဉ် တို့နှင့်မတူပါ။
ခုတင် = ခံတင်နှင့်အတူတူ။
မြန်မာစာရေးထုံးကျမ်း (ဦးသာမြတ်၊ ၁၉၆၂) မှာ ခတင်အိပ်ရာလို့ ပါတယ်။
ထိုသည့်ရှေ့က၊ ထားလေ့တသွယ်၊ ခုတင်ငယ်ကား၊ နံလျားတောင်စွင့်၊ အမြင့်နှစ်မိုက်။ (ကုသပျို့)
ခုတင်က (ကြိဝိ) = မကြာသေးမီအတွင်းက၊ ခုနက။ ခုတင်က လန့်သည်မှာ မိမိတို့ဆင် လန့်သည်မဟုတ်လား။ (ဝံသ)
ခုတင်တုန်းက = ခုတင်က။
ကုတင်နဲ့ ခုတင် မတူပါ။ ဆေးရုံကြီးတချို့ ဆိုင်းဘုတ်တွေမှာ ခုတင်လို့ ရေးထားကြတာ မမှန်ပါ။ ခုတင်ဆိုတာ ခုံတမျိုးသာဖြစ်တယ်။
(၂)
အင်းမလုပ်အဲမလုပ် = တစုံတရာ တုံ့ပြန်ပြောဆိုခြင်း မပြပဲ။
မှတ်ချက်
တစုံတရာ ကို စသတ်နဲ့ မရေးရပါ။
မပြပဲ သည် မပြဘဲ မဟုတ်ပါ။
မ နောက်က ဘဲ လိုက် နေရာတိုင်းမှာ မမှန်ပါ။
မ ပါလျှင် ပဲ နေရာတိုင်းမှာ မမှန်ပါ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment