ပျက်စီးခြင်းလို့ ရေးရ။
ဖျက်ဆီးခြင်းခံရသဖြင့် ပျက်စီးသွားပြီ။
ဆီး
ဆီး = ကျင်ငယ်၊ သေး၊ အပေါ့၊
ဆီး = ကာသည်၊ တားသည်၊ ပိတ်သည်။ အမိလည်း သွားရာလမ်းခရီးတွင် ဆီး၍ တုံးလုံးအိပ်၍နေ၏။
ဆီး = အကိုင်းအခက်ဝေဖြာ၍ စားရသော စေ့မာသီး သီးသည့် ဆူးပေါက်ပေါ ပင်ပျပ်တမျိုး။
ဆီး၍ အပြစ်တင်သည်။
ဆီးကင်း = အသီးဖြစ်ခါစ ဆီးသီး။
ဆီးကျ နှင်းဖျန်း၊ နွယ်ပန်းသဇင်၊ ပေါ်ဦးမြင်လျင်။
ဆီးကျန်ရောဂါ
ဆီးကျိတ်ကြီးခြင်း
ဆီးကြို
ဆီးကြော = ဆီးသွားလမ်း
ဆီးချို
ဆီးချိုင့်
ဆီးချိုရောဂါ
ဆီးချောင်း = ကျင်ချောင်း
ဆီးခုံ
ဆီးခဲ
ဆီးစ
ဆီးစပ်
ဆီးဆေး
ဆီးဆောက် = သမင်တမျိုး
ဆီးထဲသွေးပါ
ဆီးနှင်း
ဆီးပင် ဆီးသီးလို့ရေးပြီး ဇီးပင် ဇီးသီးအသံထွက်ပါတယ်။ ဆီးသီးသည် မဗျိုင်း။
ဆီးပူညောင်းကျရောဂါ
ဆီးပေါင်း
ဆီးဖြူပင်၊ ဆီးဖြူသီး။
ဆီးယို
ဆီးရွှင်
ဆီးလမ်းပိုးဝင်
ဆီးလမ်းအထူးကု
ဆီးလွန်ရောဂါ
ဆီးဝမ်း
ဆီးသီးကောက်
ဆီးအိမ်
ဆီးအိမ်ကင်ဆာ
ဆီးအောင့်
လာမူကြိုဆီး၊ ထံနီးလုပ်ကျွေး
စီး
စီးစီးပိုးပိုး မပြောအပ်
စီးပွားရေးကောင်းပါစေ
တရားဘာဝနာ စီးဖြန်းပါ
ဘတ်စကား စီးသွားပါ
လှည်းတစီး ကားတစီး
အပျက်အစီး များတယ်
အသက်ကြီးပြီး အချိန်မစီးသူ မဖြစ်ပါစေနှင့်
ပျက် ဖျက်
ဖျက်ဆေးနဲ့ ဖျက်လို့ ကိုယ်ဝန်ပျက်။
အလိုလိုပျက်ကျ။
သဘာဝဘေးကြောင့် ပျက်။
ကံမကောင်းလို့ ပျက်။
ခဲဖျက်နဲ့ ဖျက်။
ရေးပြီးသား မကြိုက်လို့ ဖျက်။
သံကို သံဖျက်၊ သံချေးတက်။
အဖျက်သမား။
ကိုယ့်ကိုယ်ကို ဖျက်။
အကောင့် ပျက်။
လူပြက် (လူရွှင်တော်)
စစ်အစိုးရက တိုင်းပြည်ကို ဖျက်။ ပျက်။
စစ်အစိုးရက ကျောင်းသားတွေကို ဖျက်။ တချို့သာ ပျက်။
စစ်အစိုးရက ဘုန်းကြီးတွေကို ဖျက်။ တချို့သာ ပျက်။
စစ်အစိုးရက နိုင်ငံရေးလုပ်သူတွေကို ဖျက်။ တချို့သာ ပျက်။
စစ်အစိုးရက ပညာရေးကို ဖျက်။ မြန်မာစာ ပျက်။ စာလုံးပေါင်းသတ်ပုံတွေ ပျက်။ ဘာသာပေါင်းစုံ အကုန် ပျက်။ ပျက်စီးခြင်းမလှ ပျက်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment