အားနာစရာမလိုဖြစ်လို့ ကွန်မင့်ရေးလိုက်တယ်။ အောင်မောင်း ခြေထိုး၊ ခုထိ မရိုး လို့။
ကျွန်တော်တို့ငယ်ငယ် အလွန်နာမည်ကြီးတဲ့ ဇာတ်မင်းသားတွေရှိတယ်။ ဦးအောင်မောင်း၊ စိန်အောင်မင်း။ ရွှေမန်းတင်မောင်က သူတို့ထက် နောက်ကျတယ်။
ကျွန်တော်က ရုံသွင်းဇာတ်တွေ သိပ်မကြည့်ဖူးပါ။ လူတွေတအားများပြီး လူပေါင်းစုံလွန်းလို့။ အရပ်ကြည့်ချက်ပွဲတော့ စာမေးပွဲတွေပြီးရင် သွားသွားကြည့်တယ်။
ဦးအောင်မောင်ကြီးကတဲ့အခါ ခြေထိုးတာနာမည်ကြီးတယ်။ စိန်အောင်မင်းက လက်ချောင်းအားလုံးမှာ လက်စွပ်တွေ ဝတ်ထားတယ်။ သူကရင် လက်ကို မျက်နှာရှေ့မှာ ပြလေ့ရှိတယ်။
မင်းသားမဟုတ်ပဲ ခြေထိုးသူတွေက ခေတ်အဆက်ဆက်မှာရှိတယ်။ ရှိတာထုတ်ကြွားသူတွေကလည်း အတူတူပဲ။ သန်လျက်တော်ယူတဲ့သူခိုးဇာတ်ကလည်း ရှိတယ်။ ရွှေမန်းတင်မောင်ကတဲ့ မောင်မှူးဇာတ်ထုပ်ထဲကလို တချိန်လုံး မူးနေသူတွေကလည်း ခေတ်တိုင်းမှာရှိတာ။
ဇာတ်သဘင် ခေတ်မှိန်သွားပေမဲ့ ဇာတ်လိုက်တွေကတော့ ပိုတောင်များလာသေး။
စာမေးပွဲဖြေနေတဲ့ ကျောင်းသားတွေ ဓါတ်စက်ဆူသံမကြားရပဲ အောင်ကြပါစေ။
စီးပွားရေးရယ် ကြီးပွားရေးရယ် သမီးရည်းစားရေးလည်း (အောင်ပါစေ)
ဇဗ္ဗူတဝှမ်းမှာ လှူဒါန်းမယ့်သူတွေ (အောင်ပါစေ)
မင်္ဂလာရက်မြတ် လက်ထပ်မယ့်သူတွေ (အောင်ပါစေ)
ရွှေရေချမ်းလောင်းလို့လေ ကောင်းမြတ်တဲ့ စေတနာမေတ္တာဝေ။
https://soundcloud.com/komyoe/aung-par-say-vocal-by-shwe-man
ဒေါက်တာတင့်ဆွေ
၁၁-၃-၂၀၁၉
Comments
Post a Comment