ကွန်မင့်တခု = မြန်မာတချို့ဟာ ပေါ်ပင်တွေလိုက်လုပ်ရတာ ဝါသနာပါတယ်လို့မြင်တယ်ခင်ဗျ။ မြန်မာစာပေအရေးအသား၊ အပြောအဆို အသံထွက်ကိုလဲ ပေါ်ပင်လိုက်လုပ်ပြောင်းလဲပြောဆို ရေးသားကြတယ်ဆရာ။ အဲ့ဒါကို ကျွန်တော်ပါတ်ဝန်းကျင်ကိုသတိထားမိတဲ့ ၁၉၈၀ လောက်ကတည်းကပါပဲ။ နမူနာပြောရရင် ပြင်ဦးလွင်က ဒေသအစားအစာ ပဲစိမ်းကြော်ကို လွန်ခဲ့တဲ့ ၁၅ နှစ်အထိ ဆိုင်တိုင်းရဲ့ ဆိုင်းဘုတ်မှာ ပဲစိမ်းကြော်ဆိုပီး အမှန်အတိုင်းရေးတယ်။ အခုဆိုင်တချို့မှာ ပဲစိမ့်ကြော်ဆိုပီး ပြင်ရေးနေကြတယ်။ စကားအသံထွက်တချို့ကိုလည်း မပီကလာပြောရတာကိုသဘောကျပီး မပီမသပြောလာကြတယ်။ လူငယ်အများစုသုံးတဲ့ ဘန်းစကားတချို့တောင် အရင်နှစ်က အသံထွက်အရေးအသားတမျိုး ဒီနှစ်အရေးအသားတမျိုးဖြစ်နေတာ သတိထားမိလာတယ်ခင်ဗျ။
အဲလိုတွေ ဖြစ်နေပြီ။
မြန်မာစာကို မှန်အောင်မရေးတတ်သူတွေ အလွန်မတန်များတယ်။
တဝမ်းပူတွေကို မလိုအပ်ဘဲ စသတ်ခိုင်းထားတဲ့အမိန့်ကြောင့် မှားနေကြတာက တဝက်လောက်သာရှိပြီး
တ နဲ့ တစ် မဟုတ်တဲ့အမှားတွေက တဝက်။
အမှားခေတ်ကတော့ တူတယ်။ အလွဲအမှား အားလုံးဟာ ၁၉၈၆-၈၈ လောက်စနေ စပါတယ်။
ဆိမ့် နဲ့ စိမ့် ကလည်း အတော်မှားကြတယ်။
စိမ့် နဲ့ ဆိမ့် https://burmese-spelling.blogspot.com/2023/09/blog-post_48.html
စိမ့် နဲ့ ဆိမ့် (၂) https://burmese-spelling.blogspot.com/2025/01/blog-post_338.html
'တ' နဲ့ 'တစ်' သာလို့ ထင်နေကြတာ မမှန်ပါ https://burmese-spelling.blogspot.com/2024/05/blog-post_168.html
ဒေါက်တာတင့်ဆွေ
Comments
Post a Comment