Skip to main content

Lobia beans နတ်တော်ပဲ

"နတ်တော်ပဲ" ကို ယောအခေါ် "နံကန်ပဲ" လို့သိရ။ ကျေးဇူး။
ကျွန်တော်ကတော့ ငယ်ငယ်ကတည်းက အသေမှတ်ထားတာတွေကို မမေ့ပါ။ အခုလိုဆောင်းရာသီမှာ မုံ့ပေါင်းစားရတယ်။ မုံ့ပေါင်းမှာ နတ်တော်ပဲကိုသုံးတယ်။ လကလည်း နတ်တော်လ။ အကြော်နဲ့တွဲစားရင် ဗယာကြော်။ 
အစားအသောက်တွေကို နေရာဒေသအလိုက် အခေါ်တွေ မတူကြပါ။ (မုံ့ = မုန့်)
၁။ ပဲလွန်း မုံ့ပေါင်း စားလို့ကောင်း ခုတော့ စားတော်ပဲနဲ့ဘဲလုပ်ကြတော့တယ်။
၂။ ကျနော်တို့ဒေသအခေါ်ဆိုရင် နတ်တော်ပဲဖြစ်ပါမယ် ဘိုကိတ်ကမီးခိုးရောင်အကြား ပဲလွန်းကပြုတ်ပြီး နီယောင်ယောင်ထွက်တာကို ခေါ်တယ်ထင်ပါတယ်
အဖေါ်ရပြီ။ ကျွန်တော်လည်း ငယ်ငယ်လေးကတည်းက နတ်တော်ပဲလို့သာ ခေါ်တယ်။ မုံ့ပေါင်းမှာလည်း အဲဒီပဲသာသုံးတယ်။ ကောင်းတယ်။
ခက်တာက တယောက်တမျိုး။ နတ်တော်ပဲလို့တင်ရင် တခြားအမည်တွေ လာပြောပြကြတယ်။ ပဲအမည်တွေကတော့ တဒေသတမျိုးခေါ်ကြတယ်။ ဘိုကိတ်ပဲ၊ ပဲလွန်း။ ဘိုကိတ်ပဲက အနီနဲ့ အဖြူရှိသတဲ့။
၃။ နတ်တော်ပဲနဲ့ စားတော်ပဲကအတူတူပဲလား ဘယ်လိုကွဲလဲဆရာရှင့်။
နတ်တော်ပဲနဲ့ စားတော်ပဲ အတော်ကို မတူပါ။ 
ပဲအကြောင်း ပဲထွက်တဲ့အညာသားတွေကပိုသိတယ်။ အညာမှာ မစိုက်တဲ့ပဲ ချင်းတောင်မှာတွေ့တယ်။ ၁၉၉၀ ခုနှစ်က အခုလို ဒီဇင်္ဘာလထဲမှာ ထွက်ပြေးရတုန်းက တညလုံးပြုတ်တာ မနက်လင်းတဲ့အထိ မနပ်။
အိန္ဒိယမှာလည်း တခြားပဲတွေရှိတယ်။ မက်ဆီကိုနဲ့ တောင်အမေရိကတိုက်မှာလည်း တခြားပဲတွေရှိတယ်။ ဒီမှာ လူမျိုးစုံ နေကြလို့ ပဲဝယ်ရတာ မခက်ပါ။ အိမ်မှာ ပဲမျိုးစုံ ပုံးနဲ့ နှစ်ပုံး။ 
အမေရိကန်တွေက ပဲဆိုရင် တမျိုးနှစ်မျိုးလောက်သာစားကြတယ်။ ပဲကြီးကို အလည်ပြန်တုန်းက ယူလာခဲ့သေးတာ။ ဒီမှာလည်း ဝယ်လို့ရပါတယ်။ ကိုယ့်ဆီကဟာကို ပိုကောင်းတယ် ထင်တယ်။
Blackeye Cowpeas နွားမျက်လုံးနက်နဲ့ တူတဲ့ပဲ
၁၁-၄-၂၀၂၃ စီအင်န်အင်န်သတင်းအရ ဒီပဲကို ကယ်လီဖိုးနီးယားမှာ ၇ လက္မထိရှည်အောင် စိုက်ပျိုးတော့မယ်တဲ့။ သူတို့ဆီမှာ California Blackeye Cowpeas လို့ခေါ်တယ်။ ပဲစေ့က ခပ်စိမ်းစိမ်းတဲ့။ Black-eyed peas နဲ့ Cowpeas လို့လည်း ခေါ်တယ်။ နွားမျက်လုံးနက်နဲ့ တူတယ်တဲ့။ ယူအက်စ်အေရဲ့ အရှေ့တောင်ပိုင်းမှာ အများဆုံးစိုက်ပျိုးတယ်။
ကျွန်တော်တို့ကတော့ အမည်နာမကိုသာ ငြင်းခုန်ကြပါတယ်။ ကျွန်တော်လည်းပါတယ်။ နတ်တော်ပဲလို့ ခေါ်တယ်။ 
"တို့အညာမှာ တလပဲလို့ခေါ်တယ်"
“မဟုတ်ပါဘူး၊ အဲဒါက ပဲဖြူလေးပါ”
အစားအသောက် အမျိုးအမည်တွေ ဒေသအလိုက် အခေါ် မတူတတ်ပါ။ ကျွန်တော်ကတော့ ပုံထဲကပဲကို ငယ်ကတည်းက နတ်တော်ပဲလို့သာ ခေါ်တယ်။ သီးသန့်ပြုပ်စားတယ်။ မုံ့ပေါင်းမှာ အပေါ်ကနေထည့်တယ်။ ကောက်ညှင်းအဖြူနဲ့ နတ်တော်ပဲပြုပ်နဲ့ တွဲစားတယ်။ ကောက်ညှင်းမှုန့်နဲ့ ရောကြော်တယ်။ တချို့က ချင်း (ဂျင်း) နည်းနည်းလေးပါ ထည့်ကြော်တယ်။ ပဲဟင်းချက်တာ ရှားတယ်။ ပဲထင်မင်းချက်တာလည်း ရှားတယ်။ ရှာလို့တွေတဲ့ အမည်ကွဲတွေ တင်ပြပါမယ်။ ရှိဦးမယ်။ ကျွန်တော်က အကုန်သိတာမဟုတ်။
Black Eye beans (Cowpeas) ပဲလွန်းဖြူ
Black Eye Beans ပဲလွန်းကြား
Black Eye beans ပဲလွန်းဖြူ 
Black Pelun Beans ဘိုကိတ်ပဲ
Brown Eye Beans ပဲလွန်းညို
Class White, Subclass Black-eyed pea
Class White, Subclass Brown-eyed
Cowpea Black Eyed Peas Lentils
Cowpeas (Lobia beans) နတ်တော်ပဲ
Google translation Black-eyed beans = မျက်တွင်းနက်ပဲ၊
Lobia beans (Black-eyed beans) ပဲလွန်းဖြူ၊ နတ်တော်ပဲလို့ ခေါ်ကြပါတယ်။
Matra beans စားတော်ပဲ
Red Black-Eyed Pea ပဲလွန်းနီ
White Black-Eyed Pea ပဲလွန်းဖြူ 
White Eye Beans ပဲလွန်းဖြူ 
ပဲလွန်း ရပ်စောက်ဒေသ အခေါ် ပဲလုံး
ပဲလွန်းပြာ (ကြက်ပြာ) 
1. Beans ပဲတွေအကြောင်း https://burmese-spelling.blogspot.com/2022/09/beans.html
2. Blackeye Cowpeas နွားမျက်လုံးနက်နဲ့ တူတဲ့ပဲ https://burmese-spelling.blogspot.com/.../blackeye...
3. Green gram မတ်ပဲ https://burmese-spelling.blogspot.com/.../12/green-gram.html
4. Lobia beans နတ်တော်ပဲ https://burmese-spelling.blogspot.com/.../lobia-beans.html
5. Vada ပဲဗယာကြော် https://burmese-spelling.blogspot.com/2023/01/vada.html
6. ပဲ သတ်ပုံ https://dr-tint-swe.blogspot.com/2021/12/blog-post_710.html
7. ပဲ သတ်ပုံ (၂) https://dr-tint-swe.blogspot.com/2022/06/blog-post_979.html
8. ပဲဋီကာ https://dr-tint-swe.blogspot.com/2021/05/blog-post_769.html
9. မန္တလေးပဲပြုတ် (လူထုဒေါ်အမာ) https://dr-tint-swe.blogspot.com/2022/06/blog-post_440.html
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

တ - စသတ်စရာမလိုတဲ့ တအသုံးများ

စသတ်စရာမလိုတဲ့ တ အသုံး ၃၉၈ လုံးရှိတယ် 1. ငတရော် (ရေစကြိုမြို့နယ်) 2. ငါ့တရော် (စစ်ကိုင်း မြို့နယ်) 3. တကတဲ 4. တကျွန်းကျ 5. တကယ်တမ်း 6. တကယ်အမှန် 7. တကွ (အတူတကွ) 8. တကွနက် = တပြိုင်နက် 9. တကွဲတပြား 10. တကာ = တတွေ = အများတကာ 11. တကားကား 12. တကုပ်ကုပ်လုပ်နေသည် 13. တကိုယ်တည်း 14. တကိုယ်ကောင်း 15. တကိုယ်ရေတကာယ 16. တကူးတက 17. တကူးတကန့် 18. တကဲ့အဟုတ် 19. တကျက်ကျက် ရန်ဖြစ်နေကြသည် 20. တကျည်ကျည် ငိုနေသည် 21. တကျိတ်တည်း တဉာဏ်တည်း 22. တကျူကျူငို 23. တခဏချင်း 24. တခဏပန်း 25. တခန်းရပ် 26. တချွင်ချွင်မြည်နေသည် 27. တချွတ်ချွတ်မြည်သံ 28. တခမ်းတနား 29. တခွင်တပြင် 30. တခါတည်း 31. တခါတရံ 32. တခါတခေါက် 33. တခါတလေ 34. တခိခိ တချိချိ ရယ်သည် 35. တခုခုစားပါ 36. တခုတလေ 37. တခုလပ် 38. တခို 39. တခဲနက် = တလုံးတစည်းတည်း 40. တခဲထွေ = တပေါင်းတစည်းတည်း 41. တချက်တည်း 42. တချက်လွှတ်အမိန့် 43. တချာ = ပေါင်း = တဝေး = တစုတရုံးတည်း 44. တချိုးတည်းလစ်ပြီ 45. တချို့တဝက် 46. တချို့တလေ 47. တငမ်းငမ်း 48. တငိုငိုတရီရီ 49. တစံ့ = အနည်းငယ်မျှ 50. တစုံ (သင်္ကန်း) 51. တစုံတခု 52. တစုံတရာ 53. တစုံတဦး 54. တစုံတယောက် 55. တစစီ (တခုချင်း၊ အ...

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ