တချိန်က မှည့်ခေါ်ခဲ့ကြသည့် မိန်းကလေးအမည်များ ဖြစ်ပါသည်။ ပုံအတွက် ကျေးဇူး။
စာရေးဆရာတွေရဲ့ ဇာတ်လိုက်အမျိုးသမီးအမည်တွေက
‘မေ’ (ဒဂုန်တာရာ)၊
‘မြိုင်’ (ဗန်းမော်တင်အောင်)၊
‘မွှေး’ (ခင်နှင်းယု)၊
‘မီ’ (ကြည်အေး)၊
‘မမ’ (မြသန်းတင့်)။
မိ မော် မေ မ ကာတွန်းရုပ်ပြတွေနဲ့ နာမည်ကြီးခဲ့တဲ့ ကာတွန်းဝင်းမောင်
အခုခေတ်မှာ တိုးလာပါသည်။
‘မာ’ (မှာလို့ မရေးတတ်ကြသူအားလုံးရဲ့ ဇာတ်လိုက်)။
‘မာ’ ‘မာ’ ‘မာ’ လို့ရေးသူတွေကို ခေါ်ကြသတဲ့ ‘ကိုဒွေ’ ရဲ့ ‘ကောင်မလေး’ တဲ့။
တချိန်က ယဉ်ယဉ်ကျေးကျေးခေါ်ဆိုရေးသာခဲကြတဲ့ ‘ကျမ’ အစား အခုတော့ ‘ညမ’ တဲ့။ ‘ကျယ်မ’ တဲ့။
သူတို့ကိုလည်း ‘ကိုယ်ဒွေ’ ရဲ့ ‘ကောင်မလေး’ တဲ့။ ကျန်းမာရေးမေးခွန်းတွေမှာ ဖတ်ရတယ်။
ခေါ်တဲ့သူတွေကို သူတို့ထက်အသက်ကြီးကြီး ‘ကောင်လေး’ တဲ့။ ကျန်းမာရေးမေးခွန်းတွေမှာ ဖတ်ရတယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment