ကဲ့ရဲ့ ခုနစ်ရက်၊ ချီးမွမ်း ခုနစ်ရက် → လူတို့၏ ပြောဆိုမှု မကြာခဏ ပြောင်းလဲတတ်သည်
ခုနစ်ခါ ခုနစ်ပြန် → အကြိမ်များစွာ
ခုနစ်စင်ကြယ် → သန့်ရှင်းခြင်း အဆင့်များ
ခုနစ်ဆောင် → အဆောက်အဦ အခန်းများစွာရှိခြင်း
ခုနစ်ဆောင်တိုက်ခန်း မီးမထွန်းဘဲ လင်းတဲ့ ပပ၀တီ
ခုနစ်ထပ် ခုနစ်လွှာ → အထပ်များစွာ
ခုနစ်ထပ်တိုက် → အထပ်များစွာရှိသော အဆောက်အဦ
ခုနစ်ပင်လယ် ခုနစ်တောင် → အလွန်ဝေးသော အရပ်
ခုနစ်ပြည်ထောင် → နိုင်ငံများစွာ၊ အဝေးအနီး နေရာများ
ခုနစ်ရက် ခုနစ်လီ → အမြဲမပြတ်၊ နေ့တိုင်းလိုလို
ခုနစ်ရက် သားသမီး → လူအပေါင်း၊ လူမျိုးအားလုံး
ခုနစ်ရောင် → အရောင်အမျိုးမျိုး
ခုနစ်လီ → အကြိမ်ကြိမ်၊ မကြာခဏ
ခုနစ်သွယ် → အမျိုးမျိုး၊ အလွန်စုံလင်
ထမင်းအသက် ခုနစ်ရက်၊ ရေအသက် တမနက် → ရေသည် အသက်ရှင်ရေးအတွက် အရေးကြီး
မသူတော် ခုနစ်ပါး → မကောင်းသော လူမျိုးများကို အုပ်စုခွဲဖော်ပြသော စကား
(၂)
ခုနစ်စဉ်ကြယ်ပြောင်၊ အမြီးထောင်၊ သန်ကောင်ချိန်သို့ ရောက်ဟု ရှေးလူကြီးများသည် ခုနစ်စဉ်ကြယ်နှင့် စပ်လျဉ်း၍ ဆိုစမှတ်ပြုခဲ့ကြသည်။ ခုနစ်စဉ်ကြယ်ကို ညအချိန်တွင် မြောက်ဘက် ကောင်းကင်၌ ထင်ရှားစွာ မြင်နိုင်ပေးသည်။ အနောက်တိုင်းနက္ခတ်ဗေဒ ဆရာများအလိုအားဖြင့် Ursae Majoris အာစာမေဂျာခေါ် နက္ခတ်ထဲတွင် ပါဝင်သော ကြယ်စုပင် ဖြစ်ပေသည်။ ထိုကြယ်စုတွင် ကြယ်အလုံးပေါင်း ၇ လုံး ပါဝင်သောကြောင့် ခုနစ်စဉ်ကြယ်ဟု ခေါ်ဝေါ်ကြသည်။
(၃)
ခုနစ်ရက် ခုနစ်လီ
= အချိန်ကြာရှည်စွာ
= ကြာမြင့်သော ကာလ တလျှောက်
= ရက်ရှည်လများကြာ
ဤနေရာတွင် “ခုနစ်” ကို ထပ်သုံးခြင်းမှာ အရေအတွက်တိတိမဟုတ်ဘဲ များပြားခြင်း၊ ရှည်လျားခြင်း ကို အလေးထားဖော်ပြသည့် သဘောဖြစ်သည်။
အသုံးဥပမာများ
၁။ ထီများပေါက်လို့ကတော့ ခုနစ်ရက် ခုနစ်လီ အလှူတော်ကြီး ပေးလိုက်မယ်။ (အလှူကို ရက်ရှည်လများကြာ ပြုလုပ်မည်ဟု ညွှန်းသည်)
၂။ သူတို့နှစ်ယောက် ချစ်ကြတာ ခုနစ်ရက် ခုနစ်လီ ကြာပြီ။
၃။ အမှုကို ခုနစ်ရက် ခုနစ်လီ စောင့်ကြည့်နေကြရသည်။
၄။ ရွာသူရွာသားများ ခုနစ်ရက် ခုနစ်လီ စုပေါင်းဆုတောင်းကြသည်။
“ခုနစ်ရက်ခုနစ်လ” နှင့်လည်း ဆင်တူအသုံးရှိတတ်သော်လည်း
“ခုနစ်ရက် ခုနစ်လီ” သည် ပို၍ စကားဝိုင်းသုံး၊ စာပေသုံး အသုံးများပါသည်။
“ခုနစ်နှစ် ခုနစ်မိုး” ဟူသော စကားသည်
မြန်မာစကားတွင် အချိန်ကြာမြင့်မှု၊ ရာသီလွန်ကာလရှည်မှု ကို အလေးထားဖော်ပြသည့် သုံးစကားဖြစ်ပါသည်။
၁။ အနက်
ခုနစ်နှစ် — နှစ်ကာလကို ညွှန်းသည်။
ခုနစ်မိုး — “မိုး” သည် မိုးရာသီ တကြိမ်ကို ညွှန်းရာမှ
တနှစ် တကြိမ် လည်ပတ်လာသော ရာသီလည်ပတ်မှု ကို အဓိပ္ပါယ်ဆောင်သည်။
ခုနစ်နှစ် ခုနစ်မိုး = နှစ်ကာလရှည်လျားစွာ၊ အလွန်ကြာမြင့်သော ကာလ တလျှောက်
ဤနေရာတွင် “ခုနစ်” သည် အရေအတွက်တိတိကို မဆိုလိုဘဲ
များပြားရှည်လျားမှုကို အလေးထားဖော်ပြသော အလင်္ကာသုံးကိန်း ဖြစ်သည်။
၂။ အသုံးဥပမာများ
၁။ သူသည် နိုင်ငံခြားတွင် ခုနစ်နှစ် ခုနစ်မိုး နေထိုင်ခဲ့သည်။
၂။ အမှုကို ခုနစ်နှစ် ခုနစ်မိုး ဆက်လက် စစ်ဆေးနေခဲ့ရသည်။
၃။ သူမသည် မိဘကို ခုနစ်နှစ် ခုနစ်မိုး စောင့်ရှောက်ခဲ့သည်။
၄။ ဤဘုရားကို ခုနစ်နှစ် ခုနစ်မိုး ဆောက်လုပ်ခဲ့ကြသည်။
၅။ သူတို့ရဲ့ မိတ်ဆွေမှုသည် ခုနစ်နှစ် ခုနစ်မိုး တည်တံ့ခဲ့သည်။
“ခုနစ်နှစ် ခုနစ်မိုး” သည်
အချိန်ကြာမြင့်မှု
သည်းခံမှု
စောင့်ဆိုင်းမှု
တည်တံ့မှု
တို့ကို အလေးထားဖော်ပြရာတွင် အသုံးများသည်။
“ခုနစ်ရက် ခုနစ်လီ” ထက် ပို၍ ကာလရှည်မှုကို ထင်ဟပ်စေသည်။
ရာသီလည်ပတ်မှု (“မိုး”) ကို ထည့်သုံးခြင်းကြောင့် အချိန်စက်ဝန်းအပြည့်လည်မှုကို အလေးထားသည်။
၇ = ခုနစ်
၂၀၂၆ = ခုနှစ်။
(၄)
ကဲ့ရဲ့ ခုနစ်ရက်၊ ချီးမွမ်း ခုနစ်ရက်
ချီးမွမ်း ခုနစ်ရက်၊ ကဲ့ရဲ့ ခုနစ်ရက် ဆိုသည်မှာ လူတို့သည် ချီးမွမ်းစကားဖြစ်စေ၊ ကဲ့ရဲ့စကားဖြစ်စေ ခဏတာမျှသာ ပြောဆိုတတ်ကြသဖြင့် ထိုစကားများကို အလေးအနက်ထား စဉ်းစားနေရန် မလိုအပ်ဟု ဆိုလိုသည်။ ဤဆိုရိုးစကားသည် လူတို့၏ အမြင်နှင့် အပြောများသည် အချိန်နှင့်အမျှ ပြောင်းလဲနိုင်ကြောင်းကို ဖော်ပြသည်။ ယနေ့တွင် ချီးမွမ်းခံရသူသည် နက်ဖြန်တွင် ကဲ့ရဲ့ခံရနိုင်သကဲ့သို့ ယနေ့တွင် ကဲ့ရဲ့ခံရသူသည် နက်ဖြန်တွင် ချီးမွမ်းခံရနိုင်သည်။ ထို့ကြောင့် ချီးမွမ်းခြင်းကြောင့် ဝမ်းသာအားရဖြစ်ခြင်း သို့မဟုတ် ကဲ့ရဲ့ခြင်းကြောင့် စိတ်ဆင်းရဲခြင်း မဖြစ်သင့်ပေ။ အဓိကမှာ မိမိကိုယ်ကို ယုံကြည်မှုရှိရန်နှင့် မိမိ၏ လုပ်ဆောင်မှုများကို မှန်ကန်သည်ဟု ယုံကြည်ပါက အခြားသူများ၏ အပြောကို အလွန်အကျွံ ဂရုစိုက်ရန် မလိုအပ်ပါ။
ကိုးကားချက်များ
ရူးရူးမိုက်မိုက် ကိုယ်ကြိုက်သလို သဘောထား၍ ထိုက်ရာမှာ နားရော့ ဟဲ့လို့ မျက်စိကို အတင်းမှိတ်ပြီး စိတ်ရှိသလို ပြုလိုက်တာပဲ ကောင်းတယ် ထင်ပါရဲ့လေ၊ ချီးမွမ်း ခုနစ်ရက်၊ ကဲ့ရဲ့ ခုနစ်ရက် ဆိုတဲ့ စကားလည်း အရှိ သားကပဲ၊ [၂]
ကိုကြွားကိုတော့ ကျွန်မ မပေါင်းချင်ဘူး၊ ကိုအောင်ကြီး နောက်ကိုပဲ လိုက်တော့မယ်။ ချီးမွမ်း ခုနစ်ရက်၊ ကဲ့ရဲ့ ခုနစ်ရက် ပဲ။ ဘာပဲဖြစ်ဖြစ် ကျွန်မတော့ ဇွတ်နှစ်တော့မှာပဲ။
(၅)
ကိန္နရီကိန္နရာ တညတာဝေး နှစ်ပေါင်း ခုနှစ်ရာ ဆွေးရတဲ့ရာဇဝင်ပုံပြင် (ဘလ္လာတိယပျို့)
မှတ်ရန်
၇ = ခုနစ် ကို ခုနှစ်လို့ရေးတာ မမှန်ပါ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment