ဟိုဘက်ရွာ ဓနိတန်းနဲ့
တို့ကမ်းက အုန်းညီနောင်
ချောင်းရေကဖေါင်
အလယ်ကောင် သောင်ပေါ်လို့ထွန်း။
ရေပြင်မှာ ပက်လက်ကလေး
မှေးရှာတဲ့ကျွန်း။
ကျွန်းမြေကို ဒီတိုးတော့
ကျူပင်ရိုး တတိုင့် နှစ်တိုင်
ယိမ်းခါလို့ယိုင်။
နတ်ပူးတဲ့တိုင်၊ ယိုင်ပါပေ့လေး။
အုန်းယူခဲ့ဟေး၊ ထန်းယူခဲ့ဟေး
ပဇင်းပျံ ဘယ်တိုင်ဖျားမှာ
နားရမယ်လေး။
ဆရာဇော်ဂျီကဗျာဖြစ်ပါတယ်။
မှတ်ရန် - ကျူပင်ရိုး တတိုင့် နှစ်တိုင်။
ပုံအတွက် ကျေးဇူး။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment