အွန်လိုင်း"မှတစ်ဆင့်" ဆွေးနွေးကုသပေးနေပါပြီနော်
မိုးမိုး (အင်းလျား) ရေးသားပြုစုခဲ့သော စာအုပ်များထဲမှ သတ်ပုံအတွက် သက်သေခံစာအုပ်အမည်များ
- မှတဆင့် - (၁၉၇၈ နိုဝင်ဘာ၊ ၁၉၉၈ ဒီဇင်ဘာ)
- မှတပါး အခြားမရှိ - (၁၉၇၈ ခုနှစ်)
- သမုဒ္ဒရာ ခုနစ်စင်း မြစ်မင်း တဆယ့်သုံးသွယ် - (၁၉၈ဝ ပြည့်နှစ်)
မမြသွေး
ဒေါက်တာမြင့်နောင် - မှ / တဆင့်
ပြည်သူ့ဆေးရုံကြီး၊ လွယ်လင်မြို့
ပြီးပါပြီ
၁၉၆၉ ခုနှစ်ထုတ် တက္ကသိုလ်ဘုန်းနိုင်ရေးတဲ့ ဝတ္ထုတိုပေါင်းချုပ်ထဲက ကရုဏာမိခင်ဝတ္ထု စာမျက်နှာ ၁၅၅ ဖြစ်ပါတယ်။
ကျွန်တော်တို့ ၇ တန်းလောက်မှာ စာရေးနည်း သင်ယူရတယ်။ စာအိပ်မှာ ကိုယ့်အမည် မှတဆင် ကိုယ့်မိဘအမည်လို့ ရေးကြရတယ်။
သို့ မောင်ဘ
မှတဆင့် ဦးလှ + ဒေါ်မြ
စာလုံးပေါင်းမှန်ရပ်ကွက်
သတ်ပုံမှန်မြို့။
ခုခေတ်မှာ မှတဆင့်ကို မှန်အောင် မရေးတတ်ကြတော့ပါ။
တဆင့် နဲ့ မှတဆင့် ကို မှားရေးတာတွေက များလွန်းလို့ မထည့်တော့ပါ။
သတ်ပုံမှန်တိုင်းပြည်လည်း ရေတိမ်နစ်နေရပြီ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment