ကျေးဇူး။
ဆရာဂိုဏ်း ပြစ်မှားလျှင် - ငရဲခန်းပျို့
နမော် က ခ၊ တည်စ ကျမ်းရိုး
ကိုးခိုး ကုံးခုံး၊ တလုံး တနာ
သင်ဘူးပါသား၊ ဆရာသမား
ထံပါးဆည်းကပ်၊ တနပ်စားဘူး
ကျေးဇူးသခင်၊ အရှင်သူကြီး
ဝှဲးချီးမြှောက်စား၊ ချီးပင့်လွှားလျက်
မုန်းထားစဘွယ်၊ မျက်ကွယ်ဝေးနီး
ငြီးငြီး ငွေ့ငွေ့၊ ကောက်ကွေ့လိမ်လစ်
ပြစ်ပြစ် မှားမှား၊ နာဖျားပိုက်သိပ်
အရိပ် ခိုဝင်၊ ညွန့်ရှင်ခက်လက်
ဖျက်ဖျက် ဆီးဆီး၊ ဦးရီးမောင်ဘား
ပုဏ္ဏားရဟန်း၊ ခင်ပွန်းဆွေမျိုး
ဘေးဘိုး ကစ၊ ဘယ်မိဘကို
ချင်းတလုံးညစ်၊ စိစစ် မရ
ပုပ မသိ၊ ပြစ်မှားမိ၍
ဝီစိ နစ်ကျ၊ ခံကုန်ရဟု
ထဲးပ မြင်သိ၊ မာတလိကို
ပြည်ကြီး့ တမ်းခွန်၊ မေးလတ်ဟန်သည်
အလွန် ကြောက်မူး ကြော်မော်တည်း။ ။ (ပိုဒ်-၁၂၅) (ရှင်အဂ္ဂသမာဓိ)
ဆရာဂိုဏ်းကို ပြစ်မှားသူတို့ စိမ်ရည်သင့်ကာ အဝီစိသို့ ကျတတ်ကြောင်း ဖွဲ့ဆိုခြင်း ဖြစ်သည်။
စပ်မိ၍၊ 'ကိုးခိုးကုံးခုံး' ဟူသည့်စာကို ရဝေထွန်းဆရာတော်ကြီး၏ ဖွင့်ဆိုချက်ကား အောက်ပါအတိုင်း ဖြစ်ပါသည်။
'ကိုးခုံး ကုံးခုံး' - ဟူသော နေမိငရဲခန်း စကားမှာ မြန်မာစကား ပရိယာယ် တွဲယှဉ်၍ စပ်ဆိုထားခြင်း ဖြစ်ပါသည်။
ဤ ငရဲခန်းပျို့တွင်ပင်-
'ညစ်ညောင့် ညစ်ညမ်း' (ပုဒ်-၂၅)၊
'ယုတ်မောင့် ယုတ်မာ' (ပုဒ်-၂၇)၊
'လွတ်ခေါင့် လွတ်ခဲ' (ပုဒ်-၂၈) တို့၌ စပ်ဆိုထားသကဲ့သို့ လည်းကောင်း၊
အခြား ပျို့အလင်္ကာတို့တွင်-
'နမိ နှမြော၊ ဖြစ်ခေါင့် ဖြစ်ခဲ၊ လိမ္မောင့် လိမ္မာ' ဟူသကဲ့သို့ လည်းကောင်း၊
မြန်မာစကားတွင် 'ခိုးလု ခုလု၊ ကပြောင်း ကပြန်၊ ကိုးရိုး ကားရား' စသည်များကဲ့သို့ လည်းကောင်း၊
'ကိုးခိုး ကိုးခိုး' ဟု ဆိုလိုပါလျက် 'ကိုးခိုး ကုံးခုံး' ဟု ဆိုခြင်း ဖြစ်တန်ရာပါသည်။
'နမောသိဒ္ဓံ က-ခ မှစ၍ ကိုးကွယ်မှီခို၍ တလုံးတပါဒ သင်ပေးဖူးသော ဆရာသမား' ဟု အဓိပ္ပာယ် ဖော်နိုင်ပါသည်။ (ရဝေထွန်း)
#ရှေးစာကဗျာများ ကျေးဇူး။
https://drive.google.com/.../1d.../view
ဒေါက်တာတင့်ဆွေ
Comments
Post a Comment