ပလီစိချောက်ချက် ဆိုတာမြန်မာစကားမှာရှိသလားသိချင်ပါတယ်ဆရာ စာလုံးပေါင်းသတ်ပုံရောမှန်သလားသိချင်ပါတယ် အဲဒီစကားလုံးကဘယ်လိုပေါ်ပေါက်လာသလဲသိချင်ပါတယ် ဆရာနှင့်မိသားစု ကျန်းမာပါစေရှင်
ပလီစိချောက်ချက် = အမျိုးမျိုးညာဖြန်းပြောဆိုသောစကား။
သင်းတို့က ပလီစိချောက်ချက်နဲ့ တပတ်ရိုက်တာပဲ။
ချောက်
ကယောင်ချောက်ချားဖြစ်နေသလား
စိတ်ချောက်ချားနေသူ
တုန်လှုပ်ချောက်ချားနေသလား
ပလီစိချောက်ချက်မပြောရ
သူများကို ချောက်မချပါနှင့်
ဧကန်ထုတ်ချောက် စာမေးပွဲအောင်မယ်
ချောက်ကမ်းပါးကသစ်ပင်
ချောက်ချီးချောက်ချက်မလုပ်ပါနှင့်
ချောက်တွန်းပါနှင့်
ထောင်ချောက် ထောင်ထားသည်
ခြိမ်း ချိန်း ချောက် ခြောက် ချား ခြား https://dr-tint-swe.blogspot.com/2021/06/blog-post_744.html
ခြောက် ခြား ချောက် ချား https://burmese-spelling.blogspot.com/.../blog-post_566.html
ဒေါက်တာတင့်ဆွေ

Comments
Post a Comment