ဒီနှစ်တော့ ဒေါ်မြမြအေး မွေးနေ့ကို ဆုတောင်း ပို့စ်တွေတွေ့တော့မှ သတိထားမိတယ်။
အချိန်စောတဲ့ ပြည်တွင်းမှာနေကြတဲ့ ဆရာတော်တပါးနဲ့ ကျွန်တော့်နှမတယောက်တို့က အရင်ဆုံး။
နောက်တော့ ဆုတောင်းစာတွေ စဉ်တိုက်ဆက်တိုက် တွေ့ရတယ်။
ဆုတောင်းသူတွေထဲမှာ အမျိုးတွေ၊ မိတ်ဆွေတွေ၊ ဖရင်းတွေ။
ကျွန်တော့ ဆရာဝန်သူငယ်ချင်းတွေလည်း ပါတယ်။ သူတို့သာမက သူတို့ရဲ့ ဇနီး/ခင်ပွန်းတွေလည်း ပါတယ်။
ကျွန်တော့အမျိုးတွေက ဒေါ်မြမြအေးကိုလည်း ချစ်ကြ ခင်ကြတယ်။
ဒေါ်မြမြအေးကလည်း ကျွန်တော့အမျိုးတွေကို ကျွန်တော့ထက် ပိုသိတယ်။ သိချင်ရင် သူ့မေးရတယ်။
ဒီနေ့ ဘုန်းကြီးကျောင်းသွားခဲ့ကြပါတယ်။
"ဆုတောင်းပေးသူတွေ ဆုတူရပါစေ"
ဒေါက်တာတင့်ဆွေ
Comments
Post a Comment