ပြန်စာ
အထက်ကလာတာဆိုရင် မှန်တာ ရှားတယ်။
အထက်ကခိုင်းတာဘဲ ထင်ပါတယ်။ ဆေးရုံဆိုင်းဘုတ်ကြီးတွေမှာ ကုတင် အစား ခုတင် တဲ့။
ခုတင်ဆိုတာ ခုစရာ၊ တင်စရာ ခုံသေးသေး နိမ့်နိမ့်ကိုသာ ခေါ်တယ်။
နိုင်ငံတော်သတင်းစာဖြစ်တဲ့ ကြေးမုံ၊ နိုင်ငံတော်ရုပ်မြင်သံကြားဖြစ်တဲ့ MRTV တွေမှာ မြန်မာစာ သတ်ပုံနဲ့ အင်္ဂလိပ်စာ စပယ်လင်တွေ မှားလေ့ရှိတယ်။
အထက်ကခိုင်းတာလို့ အသေအချာပြောနိုင်တာက မြန်မာအဘိဓာန်ကို အမိန့်နဲ့ ပြောင်းခိုင်းထာတယ်။
နောက်ထပ် အထက်ကခိုင်းတာလို့ အသေအချာပြောနိုင်တာက ကျောင်းသုံးစာအုပ်တွေမှာ၊ သတ်ပုံတွေသာမက အချက်အလက်တွေပါ မှားနေတယ်။
အမှားတွေနဲ့ ဘွဲ့ရထားသူတွေ သိန်းဂဏန်း မနည်းလောက်ပါ။
အထက်က လာတာဆိုရင် သတိသာထား။
အပေါ်မှလာသမျှ ကောင်းတာချည်း မဟုတ်။
အထက်မှ ဆင်းသက်လာသမျှ အကောင်းချည်း မဟုတ်။
နာမည်ကြီးတိုင်း မကောင်း။
အပေါ်ကဆိုတိုင်း မှန်တာ မဟုတ်။
အာဏာပိုင်အထက်အမိန့်၊ သတင်း၊ အယူအဆ တို့ကို မစစ်ဆေးဘဲ ယုံမထားသင့် ဟု ဆိုလိုသော အယူအဆ ဖြစ်ပါသည်။
နီးစပ်သော အင်္ဂလိပ်အသုံးများ
၁။ All that glitters is not gold.
ပြင်ပမှာ ကောင်းထင်ရတာတိုင်း အမှန်တကယ် ကောင်းတာ မဟုတ်။
၂။ Don’t believe everything you hear.
ကြားသမျှကို ယုံမထားသင့်။
၃။ Question authority.
အာဏာရှိသူ ပြောတာကိုပါ စဉ်းစားစစ်ဆေးပါ။
၄။ Trust, but verify.
ယုံကြည်နိုင်သော်လည်း စစ်ဆေးပါ။
၅။ Not everything that looks good is good.
ကောင်းထင်ရတာတိုင်း ကောင်းတာ မဟုတ်။
All that glitters is not gold.
တောက်ပြောင်တိုင်း ရွှေမဟုတ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment