မဟုတ်ပါ။ မမှန်ပါ။ မှားပါတယ်။
အဲလိုဘဲ
"ပွဲကတော့ကြည့်ကောင်းပြီ"
"တိုင်ပတ်နေသည်"
"ဂျင်း"
စတဲ့ ခေတ်စကားလုံး သုံးလိုက်ရရင်ဘဲ "ငါကွ" လုပ်နေသူတွေ များနေသည်။
"ငါကွ" သမား များတာ တိုင်းပြည်အတွက် မကောင်းပါ။
"အီရန်စစ်ပွဲအပေါ် တရုတ်၏ အသံတိတ်သည့် တုံ့ပြန်မှု"
စိုးရိမ်နေသော ကြည့်ရှုသူတဦးအဖြစ် တရုတ်၏ နိုင်ငံရေးတွက်ချက်မှု
အရှေ့အလယ်ပိုင်းဒေသတွင် ပဋိပက္ခများ ပိုမိုပြန့်နှံ့လာနေချိန်တွင် တရုတ်နိုင်ငံသည် စိုးရိမ်စွာ ကြည့်ရှုနေသော ကြည့်ရှုသူတဦး အဖြစ် အခန်းကဏ္ဍကို ကောင်းစွာ ထိန်းသိမ်းနေသည်။
ဤပဋိပက္ခတွင် တရုတ်၏ တိုက်ရိုက် ပါဝင်မှု မရှိသလို စစ်ဖြစ်ပွားနေသော နေရာနှင့်လည်း မိုင် ၄၂၀၀ ခန့် (၆၈၀၀ ကီလိုမီတာ) ဝေးကွာနေသဖြင့် အမေရိကန်–အစ္စရေးတို့၏ အီရန်အပေါ် တိုက်ခိုက်မှုများသည် မိမိ၏ အကျိုးစီးပွားအပေါ် ဘယ်လို သက်ရောက်မည်ကို တွက်ချက်ရန် တရုတ်အတွက် အနည်းငယ် အချိန်နှင့် နေရာ ရှိနေသည်။
သို့သော် ယခုဖြစ်ပွားနေသော အခြေအနေများသည် တရုတ်ကို မဟာဗျူဟာအရ မအဆင်ပြေသော အနေအထားတခု သို့ တွန်းပို့ထားသည်။ အကြောင်းမှာ အမေရိကန်၏ ယခုစစ်ဆင်ရေးသည် တရုတ်၏ အဓိက မဟာဗျူဟာ၊ စီးပွားရေးနှင့် စစ်ရေးပြိုင်ဘက် ဖြစ်သော အမေရိကန်က အီရတ်စစ်ပွဲနောက်ပိုင်း ပြုလုပ်ခဲ့သည့် အရေးကြီးဆုံး စစ်ဆင်ရေးများထဲမှ တခု ဖြစ်နေသောကြောင့် ဖြစ်သည်။ ထို့ပြင် ယင်းစစ်ဆင်ရေးသည် တရုတ်၏ စွမ်းအင်လုံခြုံရေးနှင့် ကုန်သွယ်ရေးရည်မှန်းချက်များအတွက် အရေးပါသော ဒေသ တခုတွင် ဖြစ်ပွားနေသည်။
သို့သော် တရုတ်အစိုးရ၏ တုံ့ပြန်မှုမှာ ယခုအချိန်ထိ အလွန်သက်သာညံ့ဖျင်းသည့် အဆင့်တွင်သာ ရှိနေသည်။ အရှေ့အလယ်ပိုင်းဒေသနှင့် တရုတ်နိုင်ငံ၏ ဆက်ဆံရေး ပြောင်းလဲလာမှုကို ကြာရှည်စွာ လေ့လာခဲ့သူတဦးအနေဖြင့် ကြည့်လျှင် တရုတ်၏ ဤသဘောထားတုံ့ပြန်မှုသည် ဖြစ်ရပ်များကို တိုက်ရိုက် ထိန်းချုပ်နိုင်သည့် သက်ရောက်နိုင်စွမ်း ကန့်သတ်ထားမှု ကိုလည်းကောင်း၊ အီရန်နှင့် ဆက်ဆံရေး၏ အကျိုးစီးပွားအပေါ် အခြေခံသည့် သဘောသဘာဝ ကိုလည်းကောင်း ဖော်ပြနေသည်ဟု မြင်ရသည်။
https://theconversation.com/chinas-muted-response-over-war-in-iran-reflects-beijings-delicate-calculus-as-a-concerned-onlooker-277579
"ငါကွ" သမား များတာ တိုင်းပြည်အတွက် မကောင်းပါ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment