မက်ဆေ့ချ်တခု = နောက်တမျိုးလာပြန်ပြီဆရာရေ ဓေါသ တဲ့
ဓောသထွက်
တ-န်ဖိုး
နှ-စ်နား
မှတ်ချက်
စာကိုမှန်အောင်ရေးရင် ဖေ့စ်ဘွတ်က ဘာလုပ်မယ်မ၊ ညာလုပ်တယ်ဆိုပြီး - စတဲ့ သင်္ကေတတွေ ထည့်ရေးနေကြတယ်။
အဲလိုပြောနေ၊ ရေးနေ၊ ထောက်ပြနေသူတွေဟာ
၁။ လိမ်နေကြတာဖြစ်တယ်။
၂။ အလိမ်ခံနေကြရတာဖြစ်တယ်။
၃။ စာကိုလည်း မှန်အောင်မရေးတတ်ကြသူတွေဖြစတယ်။ ဥပမာ ဒေါသ။ နစ်နာ။
အဲလို အမှားတွေကို ကြော်ငြာပေးသလို ပုံတွေကို မတင်လိုပါ။
ဖေ့စ်ဘွတ်ကလည်း မှန်မှန်၊ မှားမှား ဖတ်တဲ့သူ၊ လိုက် တဲ့သူ၊ နောက်လိုက်များတဲ့သူ၊ ဆဲတဲ့သူ များလေ သဘောကျလေဆိုလား။
စာရေးရင် - ထည့်ရေးနေသူတွေဟာ လိမ်နေကြတာဖြစ်တယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment