မုံ့ဟင်းငါး နှင့် မုံ့ စာလုံးအသုံး — မေ့လျော့သွားသော မြန်မာရိုးရာစကားများအမေး
“တပင်တိုင် မုံ့ဟင်းခါး” ဆိုတာ ဘာကို ဆိုလိုပါသလဲ။ ယနေ့ခေတ်မှာ မကြားရသလောက် ဖြစ်သွားပြီဟု ဆိုကြသည်။
အဖြေ
ယနေ့ခေတ်တွင် “တပင်တိုင် မုံ့ဟင်းခါး” ကို သိသူ နည်းလာပြီ ဖြစ်သော်လည်း လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်အထိ အညာဒေသများတွင် မသိသူ မရှိသလောက် ဖြစ်ခဲ့သည်။
တပင်တိုင် မုံ့ဟင်းခါး ဆိုသည်မှာ မုံ့ဖတ်နှင့် ဟင်းရည်ကို သီးသန့် မထည့်ဘဲ အတူရောထားသော မုံ့ဟင်းခါးပုံစံ ဖြစ်သည်။ ယနေ့မြို့များတွင် တွေ့ရသော မုံ့ဟင်းခါးက မုံ့ဖတ်နှင့် ဟင်းရည်ကို သီးသန့်ထည့်၍ စားကြသော်လည်း အညာဒေသတွင် အရင်က မုံ့ဖတ်နှင့် ဟင်းရည်ကို အတူရောထားသော ပုံစံဖြစ်သည်။
တောနယ်များတွင် ငါးလတ်လတ်ဆတ်ဆတ် ရှားသောကြောင့် မုံ့ဟင်းခါးကို ငါးဖြင့်သာ မဟုတ်ဘဲ ရရာအသားဖြင့် ချက်ကြသည်။ ဥပမာအားဖြင့် အမဲသားဖြင့်လည်း ချက်စားကြသည်။
မြို့ပိုင်းများတွင်တော့ အများအားဖြင့် ငါးဖြင့်သာ ချက်ကြသည်။
မုံ့ဖတ်ကို ဟင်းရည်မပါဘဲ လက်ဖြင့် ရောသုတ်၍ စားသောက်သည့် ပုံစံကို “မုံ့ဟင်းခါး လက်သုတ်” ဟု ခေါ်ကြသည်။ ထိုအစားအစာသည် မုံ့တီနှင့် မတူပါ။
အထူးသဖြင့် ရခိုင်မုံ့တီသည် သူ့နည်းသူ့ဟန်နှင့် သူ့ဒေသရိုးရာပုံစံအတိုင်း သီးခြားဖြစ်သည်။
အတိတ်ကာလတွင် “မုံ့ဟင်းငါး” ဟူသော အသုံးကိုလည်း တွေ့ရသည်။ ယခင်က စားသောက်ဆိုင်ဆိုင်းဘုတ်များတွင် “မုံ့ဟင်းငါး” ဟု ရေးထားသော အသုံးများ ရှိခဲ့သည်။
အဓိပ္ပါယ်မှာ မုံ့နှင့် ငါးဟင်းကို ဆိုလိုခြင်းဖြစ်ပြီး နောက်ပိုင်းတွင် “မုံ့ဟင်းခါး” ဟူသော စကားအသုံး ပိုမိုကျယ်ပြန့်လာခဲ့သည်။
နောက်တချက် မှတ်ရန်မှာ
“မုံ့” စာလုံးအသုံး ဖြစ်သည်။ ယခင်ထုတ်စာအုပ်များတွင် “မုံ့” ဟု ရေးသည်။
ဥပမာ —
ကဝိဓဇသတ်ပုံကျမ်း (စာ ၂၈၆)
– စားသောမုံ့
– မုံ့မျိုးစုံ
မြန်မာစာရေးထုံးကျမ်း (ဦးသာမြတ်) (စာ ၂၆၄)
– စားရန်မုံ့
– ပေါင်မုံ့
မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၀ (စာ ၃၀၈)
– မြန်မာမုံ့များ
နောက်ပိုင်း မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၇၈–၇၉–၈၀) ထုတ်များတွင် “မုန့်” ဟု တွေ့ရသည်။
ထို့အပြင် “တပင်တိုင်” ဆိုသော စကားကိုလည်း ယနေ့ခေတ်တွင် မှားသည်ဟု ထင်သူများ ရှိလာကြသည်။
သို့သော် ရှေးအသုံးများတွင် —
တပင်တိုင် မင်းသမီး
တပင်တိုင် မြနန်း
တပင်တိုင် ထိပ်ထား
တပင်တိုင် မုံ့ဟင်းခါး
စသည့် အသုံးများ ရှိခဲ့သည်။
ထို့ကြောင့် “တပင်တိုင် မုံ့ဟင်းခါး” သည် အညာဒေသတွင် လူသိများခဲ့သော ရိုးရာအစားအစာပုံစံတခုဖြစ်ပြီး ယနေ့ခေတ်တွင် တဖြည်းဖြည်း မေ့လျော့သွားသော စကားအသုံးတခုလည်း ဖြစ်သည်။
မင်းတုန်းဘုရင်ကြီး၏ သမီးတော် ပင်တိုင်စံ စလင်းစုဖုရား၏ တပင်တိုင်နန်းတော်
တပင်တိုင်ဝါး
တပင်တိုင် ရွှေမင်းသမီး တေးစီးရီးစုစည်းမှု ခိုင်မင်းဟိန်း စောနှင်းနွယ်
တပင်တိုင်မြနန်းရောင်းရန်ရှိသည်
တပင်တိုင်မြနန်း
တပင်တိုင်နှင်းဆီ အထူးပွဲကျင်းပခြင်း
တပင်တိုင်မင်းသားကျွန်တော် အနိုင်
တပင်တိုင်မြနန်း
တပင်တိုင်မြနန်းဥအသုံးဝင်ပုံနဲ့အသုံးပြုပုံ
တပင်တိုင်အလွမ်းသမား (ဟင်္သတထွန်းရင် - ခင်ညွန့်ရည်)
တပင်တိုင်မင်းသားကြီး မူလ ရေး/ဆို ဂီတာတင်အုန်း
တပင်တိုင်မင်း
တပင်တိုင်ရွာ၊ ရေးမြို့နယ်
ဒေါက်တာတင့်ဆွေ

Comments
Post a Comment