Skip to main content

ဝေဘန် နဲ့ ဝေဖန် မူကွဲများဖြစ်ပြီး ဝေဘင် မှားတယ်

 


မင်္ဂလာပါဆရာ ဝေဖန် နဲ့ ဝေဘင် ဘယ်ဟာကမှန်တာပါလဲဆရာ။ လွမ်းဖွယ် နဲ့ လွမ်းဘွယ် ဘယ်ဟာမှန်ပါလဲဆရာ။

ကွန်မင့်တခု = ဆရာကိုယ်တိုင်ကမှားနေပြီ ဝေဘန်လား ဝေဖန်လား ဝေဘင်လား

(၁)

ဝေဖန် = ဝေဘန်

လေ့လာမှုနည်းနည်းလေးနဲ့ အမှန်အမှားပြောရင် လွဲတာများတယ်။ ဝေဖန် နဲ့ ဝေဘန်စာ ၅ ခါလောက်တင်ပြထားတယ်။

ဝေဖန် = ဝေဘန်

ဝေ

နဝေနဝါ

နှင်းဝေသည်

ဝေခြမ်း

ဝေငှ

ဝေစု

ဝေဆာ

ဝေဇယန်

ဝေတမ်းဝေပုံ

ဝေတေတေရှိသည်

ဝေဒနာ

ဝေပုံကျ

ဝေပုလ္လတောင်

ဝေဖန် (ဝေဘန်)

ဝေဖန် = ဝေဘန် = ခွဲဝေစိတ်ဖြာခြင်း

ဝေဖန်တိကပြု

ဝေဖြန့်

ဝေယျာဝစ္စ

ဝေလမင်းသား

ဝေလီဝေလင်း

ဝေဝုစ်(ပရိယာယ်)

ဝေဝေဆာဆာ

ဝေဝေထွားထွား

အဘန်အဘန်၊ တမန်ကိုးခေါက်၊ ကိုးကြိမ်မြောက်လျှင်၊ တယောက်တထောင်၊ နောက်လိုက်ဆောင်လျက်၊ (ဂါထာခြောက်ဆယ်ပျို့ -ရှင်အုန်းညို)

ဖန်

ကြည့်ဖန်များ

ကြိမ်ဖန်များစွာ

ကုလားဖန်ထိုးသည်

ချိုချဉ်စပ်ငန်ဖန်ခါး

စကားဖန်ထိုးသည်

တရံတဖန်

ဖန်ခွက်

ဖန်ခါးသီး

ဖန်ခုန်ကစား

ဖန်ဆင်း (ဘန်ဆင်း)

ဖန်တလီဖန်တလာ

ဖန်တွတ်တွတ်

ဖန်တီးသည်

ဖန်တီဖန်တွတ်

ဖန်ပဒိုင်း

ဖန်ဘူး (ဖန်ဗူး)

ဖန်မှန်

ဖန်ရည်

ဖန်ရည်စွန်းသင်္ကန်း

ဖန်ဝန်းနေခြည်

မျက်စိဖန်နေသည်

ဝါဖန်သည်

သုံးဖန်လှ (သုံးပန်လှ)

အဖန်ဖန်လုပ်သည်

အလုံးအဖန်ကောင်းသည်

အိပ်ဖန်စောင့်

ဝေဖန် (ဝေဘန်)

ဖန်တယ်ဆိုတာ အရသာ။ မျက်စိဖန်တယ်လို့လည်း သုံးပါတယ်။

ဘန်

ဘန်ချည်ကြိုး

ဘန်တိုဘန်ရှည်

သတ္တရဘန်

ဝေဘန် (ဝေဖန်)

- ထကြွ၊ နိုးကြား၊ သနား၊ သည်းခံ၊ ဝေဖန်၊ ကြည့်ရှု (ထောက်ရှု)၊ ဤခြောက်ခု၊ ကြီးသူကျင့်အပ်စွာ။ (ခေါင်းဆောင်ကျင့်ဝတ် ခြောက်ပါး)

- ပြောခဲ့တာတွေကလဲ စာပေဝေဖန်ရေးတို့ ကဗျာဝေဖန်ရေးတို့ဆိုတော့ စကားအာဝဇ္ဇာန်းမရှိသူတို့ရဲ့ထုံးစံအတိုင်း သာမန် စာနာကြားသူပရိတ်သတ်ကို ငြီးငွေ့စေပါတယ်။ (မောင်စွမ်းရည်)

- ငါ့မြစ်ခေတ်တွင်၊ သို့လျှင် ဝေဖန်၊ မသိတန်လည်း၊ မှန်သော လင်္ကာ၊ ရင်မှာ ရှိပြီ၊ မြေဆီမြေစာ၊ ငါ့ခန္ဓာကား၊ ဇရာသတ်လေ၊ သေခဲ့ပြီ တကား၊ ငါ့အားငါ့မာန်၊ ငါ့ဟန်တခု၊ ငါ ပြုစုရ၊ ငါ့ဘဝ၌၊ အလှကဗျာ၊ တပုဒ်သာပင်၊ ကျန်ခဲ့ချင်သည်၊ ငါလျှင် သေပျော်လေပြီတည်း။ (ဒေါင်းနွယ်ဆွေ)

- မှိုင်းရဲ့ စာပေဝေဖန်ရေးနဲ့ အခြားစာများ

- ဒဂုန်တာရာ၏ စာပေဝေဖန်ရေးနိဒါန်း

- မောင်သာနိုး – ဝေဖန်ရေးနဲ့ကျွန်တော်

- စာရေးဆရာ နှင့် ဝေဘန်ရေး ဆရာ သိန်းဖေမြင့် ငွေတာရီမဂ္ဂဇင်း (၁၉၆၆ နိုဝင်ဘာလ)

၅။ အဘန်အဘန်၊ တမန်ကိုးခေါက်၊ ကိုးကြိမ်မြောက်လျှင်၊ တယောက်တထောင်၊ နောက်လိုက်ဆောင်လျက်၊ ယခေါင်ငါက၊ ပင့်လှာရလည်း၊ ငါ့ဘဘုရား၊ ငါ့ထွတ်ဖျားမှာ၊ မကြားခြင်းရာ၊ မြင့်မြဲကြာခဲ့၊ မြော်ရာမြောရှု၊ ငါ့ဘမှုကို၊ ကာဠုဒါယီ၊ အလျင်ချီ၍၊ အင်္ဂီရသော်၊ တုမဲ့ကျော်သား၊ ဗုဒ္ဓေါ်ဝီရ၊ သားချစ်ဘနှင့်၊ ဖူးရလွယ်အောင်၊ ရှေးရိုးဆောင်လျက်၊ တထောင်လည်းကောင်း၊ ခေါ်လေရှောင်းသော်၊ အကြောင်းမကျန်၊ လွမ်းခြင်းဝှန်ကို၊ မတ်မွန်ပညာ၊ လိမ္မာသောလျောက်၊ နားတော်လျှောက်လျက်၊ နှောင်းခေါက်ငါက၊ မထပ်ရအောင်၊ ဌာနတို့မြေ၊ ရောက်ပါစေလော့၊ သွားချေမတ်ရင်း၊ ဘွားဘက်ချင်းဟု၊ အခြင်းရောပြွမ်း၊ ကိုယ်နှင့်ကျွမ်း၏၊ စူးစမ်းဆင့်လှောက်၊ ဆယ်ထောင်မြောက်လျှင်၊ ဆယ်ခေါက်သံတော်၊ ပင့်ရခေါ်သည်။ ။ သုဒ္ဓေါ်သုံးလူ − မွေးဘတည်း။ (ဂါထာခြောက်ဆယ်ပျို့ -ရှင်အုန်းညို)

ဖန် ဘန် https://burmese-spelling.blogspot.com/2023/08/blog-post_170.html

မြန်မာစာမှာ မူကွဲစာလုံးတွေ မနည်းမနောရှိတယ် https://burmese-spelling.blogspot.com/2024/06/blog-post_749.html

ဖတ် နှင့် ဘတ် https://burmese-spelling.blogspot.com/2022/10/blog-post_138.html

တန်ဖိုး နှင့် တန်ဘိုး https://burmese-spelling.blogspot.com/2022/09/blog-post_84.html

ဘိနပ် ဖိနပ် https://burmese-spelling.blogspot.com/2023/01/blog-post_704.html

စာရေးဆရာ နှင့် ဝေဘန်ရေး ဆရာ သိန်းဖေမြင့် videobook https://www.youtube.com/watch?v=9AJfpzMMZNY

(၂)

လွမ်းဘွယ် လွမ်းဖွယ်

လွမ်းဘွယ် လွမ်းဖွယ် အသုံး ရှင်းပြပေးပါ ဆရာ

ဖွယ်ဖွယ်ရာရာ။

လွမ်းမောဘွယ် မန္တလေးတက္ကသိုလ်။

ကြည်ညိုဘွယ်ရာ။

ကဝိဓဇသတ်ပုံကျမ်း

ဖွယ် = သင့်လျော်သည်၊ တင့်တယ်သည်၊ နှစ်သက်ဘွယ်

ခဲဖွယ်

စားဖွယ်သောက်ဖွယ် (စားဘွယ်သောက်ဘွယ်)

နတ်သဖွယ်

နာချင်ဖွယ်

ဖွယ်နေသည်

ဖွယ်ဖွယ်ရာရာ

မဖွယ်မရာ

ရှုအီစဖွယ်

လုပ်ဖွယ်ကိုင်ဖွယ်

သနားစဖွယ်

အလိုကျဖွယ်

ဖွယ်သောအရသာ

ဖွယ် = ရွံစရာကောင်းသည်

ဘွယ် = ဘွယ်ရာ (ခမ်းနားသင့်တော် လျောက်ပတ်သည်)

သတ်ပုံကျမ်းပါမဟုတ်ပေမယ့် ရေးကြတာတွေ တွေ့တယ်။

- ကျောင်းနံရံက လွမ်းမောဘွယ်ရာ တေးကဗျာများ

- ကြယ်စင် - လွမ်းမောဘွယ်ရာ

- ကြီးမားပျော်ရွှင်ဘွယ် ကုမ္ပဏီလီမိတက်

- ဂျင်မီဂျက် လွမ်းမောဘွယ်တီးလုံးများ

- စားကောင်းသောက်ဘွယ်

- ပျော်ဘွယ်

- ပိစိညက် ရှက်ဖွယ်၊ မတူချင်နေ ထိုနန်းသူ မူနွဲ့နွဲ့၊ ရောဂါထူလွန်းတယ်၊ အင်နဲ့အားနဲ့ကွယ် သန်မာထည်ထည်၊ မြင့်မားတယ် ခန့်ညားတယ်၊ လှခေါင်တကိုယ်လုံးကြွယ် (ယဥ်တကိုယ်မယ်)

- ဘွယ်ဘော်ဒိုးရွာ၊ သံတောင်ကြီးမြို့နယ်

- မိုးငွေ့လေး လွမ်းမောဘွယ်

- ယုံမှားဘွယ်သော ပြဿနာတို့ကို

- ရှင်မတောင်မှလွမ်းမောဖွယ်ရာ သိုက်သမိုင်း

- လွမ်းမောဖွယ်ကမ္ဗောဇ (သို့ မဟုတ်) သံလွင်၊ ဒုဋ္ဌ၀တီ၊ ရွှေလီရုပ်ပုံလွှာ

- လွမ်းမောဖွယ်ရာ စိတ္တရရွာ

- လွမ်းမောဖွယ်ရာ ရွှေတကျေးရွာ

- အောက်မေ့ဘွယ်

လွမ်းဘွယ် စုံမြိုင် - စန္ဒကိန္နရီပျို့ https://burmese-spelling.blogspot.com/2022/11/blog-post_950.html

လွမ်းဘွယ် သာသာ၊ ကန်တော်မှာသည် ရောက်ခါ မြင်ရပါလိမ့်မည်။ ။ (ချစ်၍ခေါ်ရာ ချစ်၍ခေါ်သည် မဟာနန္ဒာကန်တော်ဘွဲ့)

ရှေးကဆိုတယ် ဗဟိုနှယ် အို ဘယ်ဌာန သည်ကာလဝယ် ထွန်းပဝင်းကျယ် လွမ်းဘွယ် အံ့ဘွယ် ပန်းရနံ့ အသွယ်သွယ် အောင်ပင်လယ် အောင်ပင်လယ် အောင်ပင်လယ် (အောင်ပင်လယ်)

လွမ်းဘွယ် စုံမြိုင် https://burmese-spelling.blogspot.com/2025/11/blog-post_938.html

ချစ်၍ခေါ်ရာ ချစ်၍ခေါ်သည် (မဟာနန္ဒာကန်တော်ဘွဲ့) https://burmese-spelling.blogspot.com/2023/04/blog-post_439.html

အိုလွမ်းဖွယ် မြစ်ကမ်းအသွယ်သွယ်ရယ် တရေးရေး ချစ်စရာ့အသွင်ဆန်းကြယ် လှပစွာရေဇလာ လွန့်လူးနေရှာတယ် ရေအလျဉ်မှာ အသွင်ဆန်းကြယ်... (လွမ်းဖွယ် ဆို ဗစ်တာခင်ညို + ချောစုခင်)

(၃)

ဝေဖန် = ဝေဘန် လို့ ကဝိဓဇသတ်ပုံကျမ်း၊ စာမျက်နှာ ၃၈၂ မှာ ပါတယ်။ ဝေဘင် လို့ မှားရေးနေကြတယ်။

၁။ မူရင်းစကားလုံး

ဝေဘန် သည် ပာဠိ/သံသ္ကृत မူရင်းမှ ဆင်းသက်လာသည်။

ပာဠိ — vibhajati (ဝိဘဇတိ)

သံသ္ကृत — vibhajana (विभजन)

အဓိပ္ပါယ် — ခွဲခြား၍ စဉ်းစားသုံးသပ်ခြင်း

ထို့ကြောင့် မြန်မာဘာသာသို့ ဝင်လာရာတွင်—

ဝေ + ဘန်

ဖြစ်လာသည်။

၂။ “ဘန်” ဟု ရေးရခြင်း၏ အကြောင်း

“ဘန်” သည်

“ဘ” + “န်” (နသတ်) ဖြစ်သည်။

ပာဠိ “bhaj / bhan / bhaṇa” စသည့် အသံများကို

မြန်မာစာတွင် “ဘန်” ဟု လက်ခံရေးသားသည့် ဓလေ့ရှိသည်။

ဥပမာများ—

ဝေဘန်

အပြစ်ဘန် (ရှေးအသုံး)

စိစစ်ဘန် (ရှေးအသုံး)

၃။ “ဝေဘင်” မမှန်ရခြင်း

“ဘင်” သည်—

“ဘ” + “င်” (င်သတ်)

ဖြစ်ပြီး မူရင်းပာဠိအသံနှင့် မကိုက်ညီပါ။

ထို့ပြင်

မြန်မာစာတွင် “ဘင်” သတ်ပုံသည်

ဤအဓိပ္ပါယ်နှင့် ဆက်နွယ်သည့် စကားလုံးမရှိပါ။

ထို့ကြောင့်—

❎ ဝေဘင်

✅ ဝေဘန်

ဟု ရေးရပါသည်။

၄။ “ဝေဖန်” ပုံစံ ဘယ်က ပေါ်လာသလဲ

နောက်ခေတ်တွင်—

“ဘ” နှင့် “ဖ” အသံနီးကပ်ခြင်း

စာရိုက်စနစ်များတွင် သံညီညွတ်မှု လွဲခြင်း

သံသယဖြင့် ပြောင်းရေးခြင်း

တို့ကြောင့် “ဝေဖန်” ဟု ပြောင်းလဲသုံးလာကြသည်။

သို့သော်

ကဝိဓဇသတ်ပုံကျမ်း၊ ဝဏ္ဏဗောဓနသတ်အင်း စသည့်

ရှေးသတ်ပုံအညွှန်းများအရ—

“ဝေဘန်” သာ မှန်ကန်သည်။

၅။ အဓိပ္ပါယ်အရ

ဝေဘန်သည် ဆိုသည်မှာ—

အချက်အလက်များကို ခွဲခြား၍ စဉ်းစားသုံးသပ်ခြင်းဖြစ်သည်။

“ဝေ” = ခွဲ၍

“ဘန်” = သုံးသပ်ခြင်း

ဟူသော သဘောပေါင်းစည်းမှုရှိသည်။

၆။ အနှစ်ချုပ်

ပုံစံ မှန်/မမှန် မှတ်ချက်

ဝေဘန် ✅ မှန် ကဝိဓဇသတ်ပုံကျမ်းအညွှန်းရှိ

ဝေဘင် ❎ မှား မူရင်းအသံနှင့် မကိုက်

ဝေဖန် နောက်ခေတ်ပြောင်းလဲအသုံး ရှေးသတ်ပုံမဟုတ်

(၄)

ဘင်

ဘင်(ဘိုးဘေးဘီ)

ဘင်(သလွဲစင်)

ဘင်ခရာ

ဘင်ဂျို

ဘင်နာ

ဘင်ပုပ်

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

တ - စသတ်စရာမလိုတဲ့ တအသုံးများ

စသတ်စရာမလိုတဲ့ တ အသုံး ၃၉၈ လုံးရှိတယ် 1. ငတရော် (ရေစကြိုမြို့နယ်) 2. ငါ့တရော် (စစ်ကိုင်း မြို့နယ်) 3. တကတဲ 4. တကျွန်းကျ 5. တကယ်တမ်း 6. တကယ်အမှန် 7. တကွ (အတူတကွ) 8. တကွနက် = တပြိုင်နက် 9. တကွဲတပြား 10. တကာ = တတွေ = အများတကာ 11. တကားကား 12. တကုပ်ကုပ်လုပ်နေသည် 13. တကိုယ်တည်း 14. တကိုယ်ကောင်း 15. တကိုယ်ရေတကာယ 16. တကူးတက 17. တကူးတကန့် 18. တကဲ့အဟုတ် 19. တကျက်ကျက် ရန်ဖြစ်နေကြသည် 20. တကျည်ကျည် ငိုနေသည် 21. တကျိတ်တည်း တဉာဏ်တည်း 22. တကျူကျူငို 23. တခဏချင်း 24. တခဏပန်း 25. တခန်းရပ် 26. တချွင်ချွင်မြည်နေသည် 27. တချွတ်ချွတ်မြည်သံ 28. တခမ်းတနား 29. တခွင်တပြင် 30. တခါတည်း 31. တခါတရံ 32. တခါတခေါက် 33. တခါတလေ 34. တခိခိ တချိချိ ရယ်သည် 35. တခုခုစားပါ 36. တခုတလေ 37. တခုလပ် 38. တခို 39. တခဲနက် = တလုံးတစည်းတည်း 40. တခဲထွေ = တပေါင်းတစည်းတည်း 41. တချက်တည်း 42. တချက်လွှတ်အမိန့် 43. တချာ = ပေါင်း = တဝေး = တစုတရုံးတည်း 44. တချိုးတည်းလစ်ပြီ 45. တချို့တဝက် 46. တချို့တလေ 47. တငမ်းငမ်း 48. တငိုငိုတရီရီ 49. တစံ့ = အနည်းငယ်မျှ 50. တစုံ (သင်္ကန်း) 51. တစုံတခု 52. တစုံတရာ 53. တစုံတဦး 54. တစုံတယောက် 55. တစစီ (တခုချင်း၊ အ...

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ