တေးရေး - ကိုလေးညွန့်
ဓူဝံကြယ် …
မြေမှာ ခစေတော့
သွေကွက်ပါဘူး လို့
သူကပြောလာသောအချိန်မှာ …
မယုံ တခက် ယုံတခက်
ယုံမိချက်နာလေပြီထင်တာ …
မောင် အဲဒီတုန်းကအချစ်ဆုံးဆိုတာ
မေတယောက်တည်းပါ
ပန်းပန်ရင် နန်းဆန်လှချည်ရယ်လို့
ကိုယ်တိုင်ကိုယ်ကျသူကပန်ပေးလာ
တပွင့်ထဲမှချစ်တယ်ဆိုပြန်တာ …
ဧရာမသစ္စာရှင် သူကဘုရင်တဆူပါ …
မေကပွင့်လွှာရှင်
ဒေ၀ီဘွဲ့ပင်ခံရဦးမတဲ့ကွာ …
မောင် အဲဒီတုန်းကအချစ်ဆုံးဆိုတာ
မေတယောက်တည်းပါ
ပန်းပန်ရင် နန်းဆန်လှချည်ရယ်လို့
ကိုယ်တိုင်ကိုယ်ကျသူကပန်ပေးလာ
တပွင့်ထဲမှချစ်တယ်ဆိုပြန်တာ …
ဧရာမသစ္စာရှင် သူကဘုရင်တဆူပါ …
မေကပွင့်လွှာရှင်
ဒေ၀ီဘွဲ့ပင်ခံရဦးမတဲ့ကွာ
မေတ္တာပဋိညာဉ်လွှာ
ချိန်ခွင်လျှာတင်လို့
ပြောပြပေမယ့်
ဂုဏ်ဓနဖက်လို့
စုံမ၀ှက်ကာ
မယုံတ၀က်ယုံတ၀က်
သြော် ယုံရခက်ကြီးပါ
ယုန်ကောင် ငုံ၍
ယုန်ရုပ်ရေးပြသော်လည်း
ယုံရခက်ခက် …
ခက်လှစွာပေါ့နောက်များ တခါ …
ဘ၀လမ်းခရီး တလျှောက်မှာ
အကွေ့အကောက်ဆူးညှောင့်ခလုတ်များစွာ
တွေ့ကြရစမြဲပါ …
ကြင်နာထောက်ထားစရာ
ကင်းလာသောအခါ
ဟိုအတိတ်ဆီရယ်က
ဂတိစကားလှလှ
ပျက်ပြယ်ရပြီတခါ …
ကိုယ့်ထိုက်နဲ့ကိုယ့်ကံ ကိုယ်သာခံရမှာ
အပါယ်ငရဲတမျှ
ဒုက္ခဟူသရွေ့ကိုသာ
ပစ္စုပ္ပန်မှာ… ကိုယ့်အတွက်
ထားခဲ့ပြီလားကွာ
မေတ္တာပဋိညာဉ်လွှာ
ချိန်ခွင်လျှာတင်လို့
ပြောပြပေမယ့်
ဂုဏ်ဓနဖက်လို့
စုံမ၀ှက်ကာ
မယုံတ၀က်ယုံတ၀က်
ဟင် ယုံရခက်ကြီးပါ
ယုန်ကောင် ငုံ၍
ယုန်ရုပ်ရေးပြသော်လည်း
ယုံရခက်ခက် …
ခက်လှစွာပေါ့နောက်များ တခါ …
ဘ၀လမ်းခရီး တလျှောက်မှာ
အကွေ့အကောက်ဆူးညှောင့်ခလုတ်များစွာ
တွေ့ကြရစမြဲပါ …
ကြင်နာထောက်ထားစရာ
ကင်းလာသောအခါ
ဟိုအတိတ်ဆီရယ်က
ဂတိစကားလှလှ
ပျက်ပြယ်ရပြီတခါ …
ကိုယ့်ထိုက်နဲ့ကိုယ့်ကံ ကိုယ်သာခံရမှာ
အပါယ်ငရဲတမျှ
ဒုက္ခဟူသရွေ့ကိုသာ
ပစ္စုပ္ပန်မှာ… ကိုယ့်အတွက်
ထားခဲ့ပြီလားကွာ
မေတ္တာပဋိညာဉ်လွှာ
ချိန်ခွင်လျှာတင်လို့
ပြောပြပေမယ့်
ဂုဏ်ဓနဖက်လို့
စုံမ၀ှက်ကာ
မယုံတ၀က်ယုံတ၀က်
ဟင် ယုံရခက်ကြီးပါ
ယုန်ကောင် ငုံ၍
ယုန်ရုပ်ရေးပြသော်လည်း
ယုံရခက်ခက် …
ခက်လှစွာပေါ့နောက်များ တခါ …
ယုံရခက်ခက် - မာမာအေး https://www.youtube.com/watch?v=zu82EDsYcwU
ဒေါက်တာတင့်ဆွေ

Comments
Post a Comment