Skip to main content

ဖူးညွန့်ကိုက်စည်


ဒီကနေ့ ရာသီဥတု သာယာသည်။ အိမ်ရှေ့ အိမ်နောက် လမ်းလျှောက်နိုင်ပြီ။ 

အိမ်ရှေ့က ချယ်ရီပင်နဲ့ အိမ်နောက်က မက်မန်းပင်တို့မှာ အဖူးအညှောက်လေးတွေကို တွေ့ရသည်။ 

သူ့အခါရာသီနဲ့သူ ပွင့်ကြ သီးကြပါတော့မည်။

ရှစ်တန်းတုန်းက အလွတ်ကျက်ဆိုခဲ့ရတဲ့ ပဒေသာသီချင်းတွေကို အမှတ်ရပါသည်။

"မိန်ရာသီ တပေါင်းလဘွဲ့ ညည်းချင်း"

(ဦးကြင်ဥ)

အော် - ဂိမှာန်အတာ၊ ချိန်အခါကို၊

စိန်ကြာညောင်လွ၊ ရောင်ကြိုးကြွမှာ၊

အလှငယ်ထူးချွန်

သုံးရွေ့မှူး၊ ကြော့ကြူးလွန်တို့

လွမ်းဝှန်ငယ်ရှည်ပြန့်

ဆည်မတံ့အောင်၊

ငွေနားပန့်ရှင်၊ တောင်မီးခင်လဲ

မနှင်ထွန်တိုက်၊ ချွန်စူးငယ်စိုက်လို့

အလိုက်ကယ်စာရေ၊

စဉ်မျိုးဆက်လာ၊ ကြက်ရိုးစာနှင့်

ဘာသာငယ်ပွေသည်

ခေါင်ရေပျော်ပွဲ ဖွဲ့ကြတယ်။

တံငါလောင်းလှေ၊ တပုံတသီး

တောင်တင်တီးလို့၊ ယဉ်စီးငယ်တွေသည်

ကြည်ရေညိုလဲ့ စိမ်းမြတယ်။

ပြဘင်္ကရု၊

ဖန်နေနန်းလည်း၊ ပြင်ခန်းလုမို့

ဖဂ္ဂုမာသံ၊ လအဖန်ကို

ဘယ်ဉာဏ်ပိုင့်ရှင်၊ မလွမ်းအောင်ဆင်ပါ့မယ်။

"လေးချိုးသဖြန်"

ရှစ်ခွင်တိုင်း၊

မှုန်မှိုင်းတဲ့ပတ်လည်။

သဇင်ကြွင်းငယ်နှင့်

အင်ကြင်းသန္တာညွန့်ငယ်တို့

ဖူးညွန့်ကိုက်စည်။

ဘမရာရွှေပိတုံးငယ်တို့

ခြွေသုံးကြဝတ်ရည်

ညွတ်ကြည်ဘွယ့်ဖော်ကွဲ။

ယင်းသည့်နေ့ဆိုင်

ရသေ့သူတော်တိုင်မှ

ဉာဏ်မခိုင် စျာန်ယိုင်ဘဲလျှောရတယ်

ရာသီတွင်စာညီပြောပေပ

ကြော၍သာမြဲ။ ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

တ - စသတ်စရာမလိုတဲ့ တအသုံးများ

စသတ်စရာမလိုတဲ့ တ အသုံး ၃၉၈ လုံးရှိတယ် 1. ငတရော် (ရေစကြိုမြို့နယ်) 2. ငါ့တရော် (စစ်ကိုင်း မြို့နယ်) 3. တကတဲ 4. တကျွန်းကျ 5. တကယ်တမ်း 6. တကယ်အမှန် 7. တကွ (အတူတကွ) 8. တကွနက် = တပြိုင်နက် 9. တကွဲတပြား 10. တကာ = တတွေ = အများတကာ 11. တကားကား 12. တကုပ်ကုပ်လုပ်နေသည် 13. တကိုယ်တည်း 14. တကိုယ်ကောင်း 15. တကိုယ်ရေတကာယ 16. တကူးတက 17. တကူးတကန့် 18. တကဲ့အဟုတ် 19. တကျက်ကျက် ရန်ဖြစ်နေကြသည် 20. တကျည်ကျည် ငိုနေသည် 21. တကျိတ်တည်း တဉာဏ်တည်း 22. တကျူကျူငို 23. တခဏချင်း 24. တခဏပန်း 25. တခန်းရပ် 26. တချွင်ချွင်မြည်နေသည် 27. တချွတ်ချွတ်မြည်သံ 28. တခမ်းတနား 29. တခွင်တပြင် 30. တခါတည်း 31. တခါတရံ 32. တခါတခေါက် 33. တခါတလေ 34. တခိခိ တချိချိ ရယ်သည် 35. တခုခုစားပါ 36. တခုတလေ 37. တခုလပ် 38. တခို 39. တခဲနက် = တလုံးတစည်းတည်း 40. တခဲထွေ = တပေါင်းတစည်းတည်း 41. တချက်တည်း 42. တချက်လွှတ်အမိန့် 43. တချာ = ပေါင်း = တဝေး = တစုတရုံးတည်း 44. တချိုးတည်းလစ်ပြီ 45. တချို့တဝက် 46. တချို့တလေ 47. တငမ်းငမ်း 48. တငိုငိုတရီရီ 49. တစံ့ = အနည်းငယ်မျှ 50. တစုံ (သင်္ကန်း) 51. တစုံတခု 52. တစုံတရာ 53. တစုံတဦး 54. တစုံတယောက် 55. တစစီ (တခုချင်း၊ အ...

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ