Skip to main content

ရေ နဲ့ ရည် (၃)

- "တကိုယ်ရေ"က မှားလား ဆရာ။

(ပျိုမေ တကိုယ်ရည် အကိုရေလာပါအတည် စောင့်ရသည်)

- လူဦးရည် လို့ တင်ထားတာတခု တွေ့လိုက်တယ်။ တိုင်းရင်းသားလူမျိုးစုတခုက တင်တာ။ သေချာအောင် လူမျိုးစုတူထဲက စာတတ်သူတယောက်ကို မေးတာ့ သူတို့

လည်း လူဦးရေ လို့သာ ရေးပါသတဲ့။- ပုံထဲမှာ ရေ နဲ့ ရည် မှားနေတယ်။ သောက်ရေအိုးစင်လို့ ရေးရ။

- အရိုးပေါ်အရည်တင် မဟုတ်ပါ။ အရိုးပေါ်အရေတင် လို့ ရေးရ။ 

- အရည်အတွက် ထုပ်ပြန်နေပြန်ပြီ ဆရာ။ အရည်အချင်း အရည်အသွေး နဲ့ ရောနှောပြီး အရေအတွက်ကို အရည်အတွက်လို့ ရေးမိလေသလားခင်ဗျား။

ထုတ်ပြန်လို့ ရေးရတယ်။ အရေအတွက်လို့ ရေးရတယ်။

- တချို့က ထန်းရည်ရပြီ တမြူလောက်ဗျို့။ တချို့က ထန်းရေရပြီတဲ့။ ရည်နဲ့ ရေ ဒေသအလိုက် အခေါ်အဝေါ်တော့ ကွဲပြားနေတယ်ဆရာ။

- ဆရာ အရည်ပြားနဲ့ပတ်သက်ပြီး မေးလို့ရလားခင်ဗျ

- သရေစာ မဟုတ်။ သွားရေစာ မဟုတ်။ သွားရည်စာလို့ ရေးရ။

- အရေခွံ၊ အရည်ခွံ ဘယ်ဟာအမှန်ပါလဲဆရာ။ (အရေခွံ မှန်)

- စကားရေလုပွဲလို့ ရေးထားတဲ့စာမျက်နှာတခု တွေ့တယ်။ စကားရည်လုပွဲလို့ ရေးရပါမယ်။ ၈။ တကိုယ်ရေသန့်ရှင်းရေး ကိုလည်း လွဲရေးတတ်ကြတယ်။ 

- ဆရာရှင့် တခုခုစားချင်လို့ ကျတဲ့ဟာ သွားရည် သရေ သရည် ဘယ်ဟာအမှန်လဲရှင့်။ (သွားရည် မှန်)


ကဓိဓဇသတ်ပုံကျမ်းမှာ သားရေစာ၊ သားရေယိုရွှဲး လို့ပါတယ်။ နောက်ပိုင်းမှာ သွားရည်၊ သွားရည်ကျ၊ သွားရည်ယိုလို့ ရေးလာကြတယ်။

သရေ = သီရိ (ပြည့်စုံတင့်တယ်ခြင်း၊ ကြက်သရေ)

တဂိုးစီ သရေကျ။

မြန်မာ့သွားရည်စာ မုံ့စိန်းပေါင်း

ရည်

ခေါင်းလျှော်ရည်

ခေါင်ရည်

ဂုဏ်ရည်

စွမ်းရည်

ထန်းရည်အရက်

နှလုံးရည်

ပညာရည်ချွန်ဆု

ပန်းရည်စုတ်

ပုန်းရည်

ဖျော်ရည်

မျက်ရည်

ရည်ငံချစ်ကြိုက်

ရည်စူးသည်

ရည်စောင်သည်

ရည်ညွှန်း

ရည်ညွှန်းချက်

ရည်တူသည်

ရည်မျှော်

ရည်မွန်သည်

ရည်မှတ်

ရည်မှန်းသည်

ရည်ရွယ်ချက်

ရည်ရွယ်သည်

ရည်ရော်

ရည်သန်သည်

ရွှေရည်ငွေရည်

ရုပ်ရည်

လက်ရုံးရည်

သေရည်သေရက်

အရည်အချင်း

အရည်အသွေး

ရေ

ကြက်သရေ (ကျက်သရေ)

ခရေပင်

ခေတ်စကား ဆန်ရေ

စီးတဲ့ရေ ဆည်တဲ့ကန်သင်း

ဆန်ဆေးရေ ထမင်းရည်

ညသိပ်ရေ ရေသိုးနံ့

ညောင်ရေသွန်းပွဲ

တမြေတည်းနေ တရေတည်းသောက်

တရားရေအေး အမြိုက်ဆေး

တရေသွန်ပြီးထပ်တည်

တောင်စဉ်ရေမရ

ပါးရည်နပ်ရည်

မျက်နှာသစ်တော်ရေ

မရေမရာမလုပ်နဲ့

တောင်ကျရေ နွားနှစ်ကောင်ဝသော်လည်း မောင်ဘဖေ ငါးထောင်မရတာကြောင့် (သခင်ကိုယ်တော်မှိုင်း)

ရေကင်းသံ

ရေကစား

ရေကျက်အေး

ရေကျိုငါးပိ

ရေကျောက်ရောဂါ

ရေကြက်ငှက်

ရေကြည်တော်အသင်း

ရေကြည်မြို့

ရေကြော မြေကြောလိုက်

ရေကြောင်းပြ ရေစူး

ရေကာတာ

ရေကုန်ရေခန်း

ရေခန်းခြောက်

ရေခပ်ပါ

ရေချမ်းစင်

ရေချိုးပါ

ရေခအုံးပင်

ရေခဲခြစ်

ရေခဲမုန့် ရေခဲသုပ်

ရေခဲရေ ရေခဲတောင်

ရေခဲသေတ္တာ ရေခဲခန်း

ရေငတ်ပြေ

ရေငန် ရေချို

ရေငုပ်သင်္ဘော

ရေစက်ချ အမျှဝေ

ရေစင်းစင်းသေ

ရေစိမ်း

ရေစီးကမ်းပြို

ရေစီးကြောင်း ရေစီးသန်

ရေစီးတခါ ရေသာတလှည့်

ရေစုန်ရေဆန်

ရေစုပ်စက် ရေစည်လှည်း

ရေဆွတ်

ရေဆုံးကုန်းဆုံး

ရေဆူဆန်ခတ်

ရေညှိ

ရေညာ

ရေတံခွန်

ရေတံခါး ရေလွှဲပေါက်

ရေတံလျှောက်

ရေတကောင်း

ရေတွက်သည်

ရေတွင်းရေကန်

ရေတာရှည်မြို့

ရေတိမ်နစ်သည်

ရေတိမ်ရောဂါ

ရေတိုးရေလျှံ ရေဝဲ

ရေဒါ

ရေဒီယို

ရေနံ့သာရွာ

ရေနံကြီး (ရေနံချေး)

ရေနံချောင်းမြို့

ရေနွေးကရားမှာရေချိုးကပ်

ရေနွေးဖြော

ရေနှစ်နဲ့ရေဖြန်းခရိယာန်

ရေနုတ်မြောင်း ရေဆိုးမြောင်း

ရေပက်ဖျန်း

ရေပန်းစား

ရေပြင်ညီ

ရေပြန် (ဆီး၊ ကျင်ငယ်)

ရေပုံး

ရေပူစမ်း

ရေဖတ်တိုက်

ရေဖျဉ်းနာ

ရေဖျန်း

ရေဗလုံငှက်

ရေဘဝဲ

ရေဘဝဲ

ရေဘုံဘိုင် ရေပိုက်ခေါင်း

ရေဘောင်ဘင်ခတ်

ရေမန်း ရေတော်ကပ်

ရေမျက်နှာပြင်

ရေမျိုချပါ

ရေမျောကမ်းတင်

ရေမြွှာရည်

ရေမြှုပ်

ရေမှုတ်

ရေမှုန်

ရေယက်

ရေယဉ်ကြော

ရေယုန်နာ

ရေရွတ်ဆဲရေးသည်

ရေရွတ်နေသည်

ရေရေလည်လည်

ရေလက်ကြား

ရေလည်ဆီလည်

ရေလည်နှံ့စပ်

ရေလည်ပြီလား

ရေလမ်းခရီး ရေဆိပ်

ရေလှောင်ကန် ရေကူးကန်

ရေလာမြောင်းပေး

ရေလိုက်ငါးလိုက်သမားတွေကများ

ရေလိုက်လွဲရင်တော့ကိစ္စများ

ရေလုံပြုတ်

ရေလဲဝတ်

ရေဝင်ရေထွက်

ရေဝတီဂျူးလူမျိုး

ရေဝတီနက္ခတ်

ရေဝပ်နေသည်

ရေဝေးသုသာန်

ရေဝေကြော

ရေဝေကုန်းတန်း

ရေသန့်ဗူး ရေဗူး ရေပလုတ်ကျင်း

ရေသနုပ်

ရေသပ္ပာယ်ပါ

ရေသဖန်းပင်

ရေသဘင်ပွဲ သင်္ကြန်ရေ အတာရေ

ရေသွင်းရေထုတ်

ရေသွန်ချသည်

ရေသာခို လှေကြုံလိုက်

ရေသူမ

ရေသောက်မြစ်

ရေအနည်

ရေအလျဉ်

ရေအိမ်

ရေအိုးစင်

ရေအိုက်နေ ရေမလုံရေယို

ရေအီနေသည်

ရေဦးမြို့

လက်ရေတပြင်တည်း

လူရည်လည်လုပ်

သားရေနယ်လုပ်ငန်း

သောက်တော်ရေ ချိုးတော်ရေ

အများသောက်တဲ့မိုးခါးရေ

အရည်အချင်းကအရေအတွက်ထက်

အရေပြားရောဂါ

အရေအတွက်

အသရေဖျက်

အသားအရေ

ရေ နဲ့ ရည် https://burmese-spelling.blogspot.com/2025/05/blog-post_112.html

ပါးရေနားရေတွန့် ပါးရည်နပ်ရည်ရှိ https://burmese-spelling.blogspot.com/2025/03/blog-post_205.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

တ - စသတ်စရာမလိုတဲ့ တအသုံးများ

စသတ်စရာမလိုတဲ့ တ အသုံး ၃၉၈ လုံးရှိတယ် 1. ငတရော် (ရေစကြိုမြို့နယ်) 2. ငါ့တရော် (စစ်ကိုင်း မြို့နယ်) 3. တကတဲ 4. တကျွန်းကျ 5. တကယ်တမ်း 6. တကယ်အမှန် 7. တကွ (အတူတကွ) 8. တကွနက် = တပြိုင်နက် 9. တကွဲတပြား 10. တကာ = တတွေ = အများတကာ 11. တကားကား 12. တကုပ်ကုပ်လုပ်နေသည် 13. တကိုယ်တည်း 14. တကိုယ်ကောင်း 15. တကိုယ်ရေတကာယ 16. တကူးတက 17. တကူးတကန့် 18. တကဲ့အဟုတ် 19. တကျက်ကျက် ရန်ဖြစ်နေကြသည် 20. တကျည်ကျည် ငိုနေသည် 21. တကျိတ်တည်း တဉာဏ်တည်း 22. တကျူကျူငို 23. တခဏချင်း 24. တခဏပန်း 25. တခန်းရပ် 26. တချွင်ချွင်မြည်နေသည် 27. တချွတ်ချွတ်မြည်သံ 28. တခမ်းတနား 29. တခွင်တပြင် 30. တခါတည်း 31. တခါတရံ 32. တခါတခေါက် 33. တခါတလေ 34. တခိခိ တချိချိ ရယ်သည် 35. တခုခုစားပါ 36. တခုတလေ 37. တခုလပ် 38. တခို 39. တခဲနက် = တလုံးတစည်းတည်း 40. တခဲထွေ = တပေါင်းတစည်းတည်း 41. တချက်တည်း 42. တချက်လွှတ်အမိန့် 43. တချာ = ပေါင်း = တဝေး = တစုတရုံးတည်း 44. တချိုးတည်းလစ်ပြီ 45. တချို့တဝက် 46. တချို့တလေ 47. တငမ်းငမ်း 48. တငိုငိုတရီရီ 49. တစံ့ = အနည်းငယ်မျှ 50. တစုံ (သင်္ကန်း) 51. တစုံတခု 52. တစုံတရာ 53. တစုံတဦး 54. တစုံတယောက် 55. တစစီ (တခုချင်း၊ အ...

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ