ဖေ့စ်ဘွတ်က ဘာလုပ်မယ် ညာလုပ်တယ်အကြောင်း အကျိုးသင့်အကြောင်းသင့် ထပ်လောင်းတင်ပြလည်း မရ။
အီရန်စစ်ပွဲအကြောင်း တင်ကြည့်ပါလို့လည်း တယောက်က ချဲလင့် လုပ်တယ်။
သူများတွေတင်တဲ့ အီရန်စစ်ပွဲသတင်းတွေ တမိနစ်မှာ ၁၀ မျိုး၊ အမျိုး၂၀ လောက်တွေ့ရပါတယ်။ ၈ ရက်ရှိပြီ။
သေ၊ ထိ၊ နာ၊ ဒဏ်ရာ …
ကျဆုံး၊ ဗုံး၊ ဒုံး၊ ဒရုမ်း …
ပြိုကျ၊ ပျက်စီး၊ မီးလောင် …
မျက်နှာစာအုပ်ကြီးက ဘာမှ လုပ်တာ မတွေ့မိသေးပါ။
ဒါလည်း လာဦးမယ်။
မြန်မာစာထဲမှာ - က @ ခ # ဂ $ ဃ% င ^ စ & ဆ * ဇ < ဈ > ည ? ဋ
မဟုတ်က ဟုတ်က ရေးကြဦးမယ်။
မြန်မာစာ မပျက်ချင်မှနေရော။
လူကြီးမင်းတို့သဘောသာဖြစ်ပါကြောင်း။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment