လင့် တွေ၊ ပုံတွေ ပို့ကြပါတယ်။ ကျေးဇူး။
ဒါပေမဲ့
အဲလို စာကို မှန်အောင်မရေးတတ်တာမျိုးကို ကြော်ငြာသလို မလုပ်ပါ။
ကျောင်းစာအုပ်ပါ အမှားတွေ၊
နိုင်ငံတော်သတင်းစာပါ အမှားတွေ၊
နာမည်ကြီးသူတွေရဲ့ အမှားတွေကိုတော့ ထောက်ပြပါတယ်။
အဲဒါတွေကိုလည်း တင်ပြသင့်တယ်လို့ ယူဆမှသာ တင်ပါတယ်။
မြန်မာစာကို မှန်အောင်မရေးတာတွေကတော့ လိုက်ရှာနေစရာ မလိုပါ။
ကျန်းမာရေးနဲ့ ဆေးပညာအမှားတွေကိုတော့ တွေတိုင်း ထောက်ပြပါတယ်။
လူအများစုက ဘယ်သူကနေ ဘာကိုတင်တင် အဟုတ်မှတ်ကြတယ်။
ပေါင်းမြက်က ကင်ဆာပျောက်တယ်ဆိုလည်း မဟုတ်မှတ်သူတွေ မနည်းပါ။
အမည်တောင် မှန်အောင်မရေးတတ်တဲ့ အရွက်၊ အသီး၊ အပွင့်တွေက ဆီးချို၊ သွေးတိုး ပျောက်တယ်ဆိုလည်း မဟုတ်ထင်သူတွေကများတယ်။
အသိအမြင်၊ အရေးအသား၊ စဉ်းစားမှုတွေ နေကောင်းကြပါစေသတည်း။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment