Skip to main content

အောက်ပါ သတင်းအရေးအသားမှာ ဘာမှားနေပါသနည်း

မေးခွန်းတခု = ဆရာ စာမေးပွဲကိုယ်တိုင်က စာမေးပွဲ ဖြေတာလား။ စာဖြေ ဆင်တာ တွေလား ဆရာ။

"ရခိုင် မြို့နယ် ၃ ခုတွင် တက္ကသိုလ်ဝင် စာမေးပွဲ ၁၇၀၀ ကျော်ဖြေဆို"

ပြန်စာ

သတင်းအရေးအသား —

ရခိုင် မြို့နယ် ခုတွင် တက္ကသိုလ်ဝင် စာမေးပွဲ ၁၇၀၀ ကျော်ဖြေဆို”

ဤခေါင်းစဉ်တွင် အဓိက အမှား ချက် ရှိပါသည်။


၁။ “ရခိုင် မြို့နယ်” ဟု ခွဲရေးထားခြင်း

ရခိုင်မြို့နယ် ဟု ရေးလျှင်
ရခိုင်” ဟု အမည်ရှိသော မြို့နယ်တခု ဖြစ်သကဲ့သို့ ထင်စေနိုင်သည်။

အမှန်မှာ
ရခိုင်ပြည်နယ်ရှိ မြို့နယ်များ ကို ဆိုလိုပါသည်။

ထို့ကြောင့်

ရခိုင် မြို့နယ် ခု
ရခိုင်ပြည်နယ်ရှိ မြို့နယ် ခု
ရခိုင်ပြည်နယ်အတွင်း မြို့နယ် ခု

ဟု ရေးသင့်ပါသည်။


၂။ “စာမေးပွဲ ၁၇၀၀ ကျော် ဖြေဆို” ဟု ရေးထားခြင်း

ဤဝါကျတွင်
ဖြေဆိုသူ (subject) မပါရှိပါ။

စာမေးပွဲကို လူများက ဖြေဆိုသည် ဖြစ်၍

စာမေးပွဲ ၁၇၀၀ ကျော် ဖြေဆို
ကျောင်းသား ၁၇၀၀ ကျော် စာမေးပွဲဖြေဆို
ကျောင်းသား၊ ကျောင်းသူ ၁၇၀၀ ကျော် ဖြေဆို

ဟု ရေးသင့်ပါသည်။


အမှန်နှင့် ပိုမိုရှင်းလင်းသော ခေါင်းစဉ်

ဥပမာ —

·        ရခိုင်ပြည်နယ်ရှိ မြို့နယ် ခုတွင် တက္ကသိုလ်ဝင် စာမေးပွဲကို ကျောင်းသား ၁၇၀၀ ကျော် ဖြေဆို

·        ရခိုင်ပြည်နယ် မြို့နယ် ခုတွင် တက္ကသိုလ်ဝင် စာမေးပွဲဖြေသူ ၁၇၀၀ ကျော်ရှိ

ဟု ရေးလျှင် အဓိပ္ပါယ်ရှင်းလင်းပါသည်။


အချုပ် —
ဤသတင်းခေါင်းစဉ်တွင်

1.    နေရာဖော်ပြပုံ မရှင်းခြင်း

2.    လုပ်ဆောင်သူ မပါခြင်း

ဆိုသော အရေးအသားအမှားများ ရှိပါသည်။Top of Form

ဒေါက်တာတင့်ဆွေBottom of Form

 

Comments

Popular posts from this blog

တ - စသတ်စရာမလိုတဲ့ တအသုံးများ

စသတ်စရာမလိုတဲ့ တ အသုံး ၃၉၈ လုံးရှိတယ် 1. ငတရော် (ရေစကြိုမြို့နယ်) 2. ငါ့တရော် (စစ်ကိုင်း မြို့နယ်) 3. တကတဲ 4. တကျွန်းကျ 5. တကယ်တမ်း 6. တကယ်အမှန် 7. တကွ (အတူတကွ) 8. တကွနက် = တပြိုင်နက် 9. တကွဲတပြား 10. တကာ = တတွေ = အများတကာ 11. တကားကား 12. တကုပ်ကုပ်လုပ်နေသည် 13. တကိုယ်တည်း 14. တကိုယ်ကောင်း 15. တကိုယ်ရေတကာယ 16. တကူးတက 17. တကူးတကန့် 18. တကဲ့အဟုတ် 19. တကျက်ကျက် ရန်ဖြစ်နေကြသည် 20. တကျည်ကျည် ငိုနေသည် 21. တကျိတ်တည်း တဉာဏ်တည်း 22. တကျူကျူငို 23. တခဏချင်း 24. တခဏပန်း 25. တခန်းရပ် 26. တချွင်ချွင်မြည်နေသည် 27. တချွတ်ချွတ်မြည်သံ 28. တခမ်းတနား 29. တခွင်တပြင် 30. တခါတည်း 31. တခါတရံ 32. တခါတခေါက် 33. တခါတလေ 34. တခိခိ တချိချိ ရယ်သည် 35. တခုခုစားပါ 36. တခုတလေ 37. တခုလပ် 38. တခို 39. တခဲနက် = တလုံးတစည်းတည်း 40. တခဲထွေ = တပေါင်းတစည်းတည်း 41. တချက်တည်း 42. တချက်လွှတ်အမိန့် 43. တချာ = ပေါင်း = တဝေး = တစုတရုံးတည်း 44. တချိုးတည်းလစ်ပြီ 45. တချို့တဝက် 46. တချို့တလေ 47. တငမ်းငမ်း 48. တငိုငိုတရီရီ 49. တစံ့ = အနည်းငယ်မျှ 50. တစုံ (သင်္ကန်း) 51. တစုံတခု 52. တစုံတရာ 53. တစုံတဦး 54. တစုံတယောက် 55. တစစီ (တခုချင်း၊ အ...

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ