ကောက်ကွေးကွေး အက္ခရာ။
ခဲတံကို တံတွေးဆွတ်လို့
ဖျက်ပွတ်ရာ အစုံစုံနဲ့
စာသတ်ပုံ မမှန်ကန်လဲ
အမေ့ဉာဏ် ဘယ်လိုကောင်းပါလိမ့်
ပျောင်းညွတ်သည့်စာ။
ဖိုးသာယာကျောင်းမှာတုန်းဆီက
သင်ပုန်းကုန် ကျွတ်အောင် မတတ်သော်လဲ
အမေ့မှာ စေတနာဓာတ်တွေက
ဖြတ်ကနဲ ယိုလို့လာ
လွမ်းစာတဲ့ ဆောင်ပါး။
အမေ မရှိသော်လဲ
ဖြေမိ ဖြေစရာပေါ့
သည်လွမ်းစာ သည်လက်ရေးရယ်က
ပဲတီချဉ် သွယ်သွယ်ကွေးလိုပ
စီရေးပုံ မပြေပါလဲ
စေတနာ အလွန်သန့်တာမို့
အမေ့စာ တကယ်ခန့်တယ်
အံ့မိပါတကား။ ။
ဆရာတင်မိုးရေးတဲကဗျာ ၁၉၇၅ ခုနှစ်ထုတ် အလယ်တန်းကျောင်းသုံး မြန်မာကဗျာလက်ရွေးစင်စာအုပ်မှာ ပါခဲ့တယ်။ ကျွန်တော်တို့ကတော့ သတ်ပုံမှန်ကဗျာတွေရေးတဲ့ ဆရာတင်မိုးကို လွမ်းပြီးကျန်ရစ်ကြပါတယ်။
ဆရာ့စာ တကယ်သန့်၊ တကယ်ခန့်တယ်၊ အံ့မိ လွမ်းမိပါတကား။
မှတ်ချက်
စာတစောင် ကို စသတ်ထာရင် ဆရာတင်မိုးရေးတာ မဟုတ်။ ဆရာတင်မိုးအတုတွေက များတယ်။
အစစ်က ရှားတော့ အတုတွေ ရောင်းကောင်းတဲ့ခေတ်။
ဒေါက်တာတင့်ဆွေ
၁၆-၃-၂၀၁၉

Comments
Post a Comment