(၁)
၁၉၉၀ ခုနှစ် သြဂုတ်လထဲမှာ ဒေါက်တာစိန်ဝင်းကို ဝန်ကြီးချုပ်လုပ်ပါလို့ သွားပြောစဉ်က ပဌမ။
ဒုတိယဆိုတာ ၂၁ နှစ်၊ ၈ လနဲ့ ၆ ရက်ကြာ NCGUB မှာ အတူတကွလက်တွဲဆောင်ရွက်ခဲ့တာ။
၂၀၁၄ ခုနှစ် ကျွန်တော် ယူအက်စ်အေမှာ အခြေချနေထိုင်ဘို့ရောက်လာပြီး မကြာခင် ဒေါက်တာစိန်ဝင်းအိမ်ကို သွားလည်ပါတယ်။
၂၀၂၅ ခုနှစ် မေလထဲမှာ ဒေါက်တာစိန်ဝင်းက ကျွန်တော့်အိမ်ကိုလာလည်တယ်။
၂၀၂၆ ခုနှစ် ဖေဖေါ်ဝါရီလထဲက ကျွန်တော်က ဒေါက်တာစိန်ဝင်းအိမ်ကို သွားလည်ပြီး ၂ နာရီ ၃ နာရီကြာ စကားပြောခဲ့သေးတယ်။
၂၈-၂-၂၀၂၆ နေ့မှာတော့ ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းကို နောက်ဆုံး နှုတ်ဆက်ခဲ့ပါတယ်။
________________________________________
(၂)
ဒေါက်တာစိန်ဝင်းနဲ့ ကျွန်တော်တို့ဟာ နိုင်ငံရေးလိပ်ပြာသန့်ရှင်းစွာ ကြိုပမ်းခဲ့ကြပါတယ်။
AI
လိပ်ပြာသန့် = ကိုယ်၏ စိတ်နှလုံး၊ အသိဉာဏ်၊ သမာဓိတွင် အပြစ်မရှိ၊ လျှို့ဝှက်သံသယမရှိ၊ မိမိကိုယ်ကို အပြစ်မမြင်သော အခြေအနေ။
အနီးစပ်ဆုံး အင်္ဂလိပ်အဓိပ္ပါယ်မှာ
clear conscience
a clean conscience
________________________________________
(၃)
ဒေါက်တာစိန်ဝင်းက စာအုပ်တွေလည်း ထားရစ်ခဲ့တယ်။
စာအုပ်တွေကို နှစ်သက်မြတ်နိုးတယ်။
ပြီးခဲ့တဲ့အခေါက် သူ့စာအုပ်စင်ပေါ်က စာအုပ် ၄-၅-၆ အုပ်ယူလာခဲ့သေးတယ်။
ဒေါက်တာစိန်ဝင်းက ပြောပါတယ်။
- တိုင်းပြည်အတွက် စာဖတ်တဲ့သူတွေ လိုအပ်တယ်။
- ဖတ်တဲ့စာတွေကလည်း အချက်အလက်၊ အရေးအသားမှန်ပြီး အဆင့်အတန်းမြင့်မားရမယ်။
- သမိုင်းကိုရော ခေတ်ကိုပါ ထင်ဟပ်ရမယ်။
- စာကိုလည်းစုံအောင်ဖတ်ရမယ်။ ဟစ်တာလအကြောင်းလည်း ဖတ်ပါ။ မဟတ္တမဂန္ဓီအကြောင်းလည်း ဖတ်ပါ။
AI
Legacy အမွေအနှစ်
အတိတ်ကာလ၌ ဖြစ်ပွားခဲ့သော အဖြစ်အပျက်များ၊ လုပ်ဆောင်ချက်များ စသည်တို့မှ ဖြစ်ပေါ်လာသော ရေရှည်တည်တံ့သည့် သက်ရောက်မှု၊ သို့မဟုတ် လူတဦး၏ ဘဝတလျှောက် လုပ်ဆောင်ခဲ့သည့် အရာများကြောင့် ကျန်ရစ်နေသည့် အမွေအနှစ် သက်ရောက်မှု။
အနီးစပ်ဆုံး မြန်မာအသုံးများ—
• အမွေအနှစ်
• ကျန်ရစ်သက်ရောက်မှု
• ရေရှည်သက်ရောက်မှု
• သမိုင်းကျန်ရစ်မှု
________________________________________
(၄)
ဒေါက်တာစိန်ဝင်း ဂုဏ်သတင်းနဲ့အတူ မြန်မာ့နိုင်ငံရေးသမိုင်းမှာ -
- ၁၉၉၀ ရွေးကောက်ပွဲ
- NCGUB
- NLD/LA
- MPU
- ၁၉၈၈ - ၂၀၁၂ ပြည်တွင်း၊ လွတ်မြောက်နယ်မြေနဲ့ ပြည်ပ မြန်မာ့ဒီမိုကရေစီရေးကြိုးပမ်းမှုကြီးကတော့ အစဉ်အမြဲ ကျန်ရစ်နေပါသည်။
ဒေါက်တာစိန်ဝင်းကို ကျေးဇူးတင်ပါတယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment