တောင်းပန်တဲ့သဘော
မေတ္တာရပ်ခံတဲ့သဘော
ချော့ပြောတဲ့သဘော သက်ရောက်ပါတယ်။
ကလေးတွေကိုလည်း ကြီးတဲ့သူတွေ ပြောလေ့ရှိတယ်။
"သားသား စာကြည့်တော့နော်"
"သမီး အိပ်တော့နော်"
ရင်းနှီးသူတွေကလည်း ပြောပါတယ်။
"သွားမယ်နော်"
ဒါပေမဲ့
နေရာတိုင်းမှာ "နော်" သုံးတာ မသင့်မှန်ပါ။
ဖေ့စ်ဘွတ်မှာ ကိုယ့်ထက် အသက်၊ ဝါကြီးသူတွေကို "နော်"၊ "ပါနော်" နဲ့ မရေးသင့်ပါ။
ကြီးမှန်း၊ ငယ်မှန်း မသိသူတွေအတွက်လည်း မသင့်ပါ။
ဈေးရောင်းတာလည်း "နော်"
ဆေးတောင်းတာလည်း "နော်"
အသုံးစကားတွေကို သူ့နေရာနဲ့သူ အသုံးမှန်ရပါမယ်။
သူများရေးလို့ လိုက်ရေးနေကြတယ်ထင်တယ်။
အတုခိုးတာ တည့်မှန်ရပါတယ်။
သီချင်းတပုဒ်လည်းရှိတယ်။
နော် ကိုကိုနော်
(မေဆွိ)
ကိုကိုရေ
ကွယ်ရာမှာ ခြေမများနဲ့နော်
ကိုကိုရေ
စာမှန်မှန် သူရေးပါနော် ကိုကိုနော်
ကိုကိုရေ
မှာတာတွေ သူမမေ့နဲ့နော်
ကိုကိုရေ
ကြင်နာတာ သူအသိပါနော် ကိုကိုနော်
ဒေါက်တာတင့်ဆွေ
Comments
Post a Comment