တင်ထားတဲ့စာ = ပန်းတွေစုံသည့် တက္ကသိုလ်တွင် ကံ့ကော်သည် ကျောင်းသူ၊ ကျောင်းသားတို့၏ နှလုံးသားကို၊ ကိုယ်စားပြုသည်ဟု ဆိုလျှင် စိန်ပန်းသည် စိတ်ဓာတ်အဖြစ် တင်စားရပေမည်။ ဤသို့ဆိုပါမူ၊ နှစ်ပေါင်းများစွာထိုတနေ့ကအင်းယားကန်ဘောင်တွင် စိန်ပန်းတွေချည်းသာ။
စာနဲ့ ပုံအတွက် ကျေးဇူး။
တက္ကသိုလ်ဘုန်းနိုင်ရဲ့ စိန်ပန်းနဲ့ ပိတောက်ပန်း ကဗျာကိုပါ သတိရမိပါသည်။
"မေတ္တာများနဲ့ စိန်ပန်းနီနီ"
စိန်ပန်းရယ်တဲ့ ထိန်ထိန်နီ
ပွင့်သိင်္ဂီ ရွှေပိတောက်
တောတလျှောက် မကြိုင်မီ
ပွင့်ဦးတယ်လို့ မာန် မချီ
ရာသီရဲ့ မေတ္တာပန်း ။
သူ့ခေါင်းမှာလည်း တဝေဝေ
ငါ့ခေါင်းမှာလည်း တဝေဝေ
ပိတောက်တွေ ဂုဏ်ရှိန်မြင့်ပြန်တော့
လေသင့်ရာ ကိုယ် မမွှေးသူမို့
အရေးမပြိုင်ဆိုင်ဘု
ဖြစ်နိုင်လျှင် ခိုင်ရွှေသွေးကို
ပေးချင်ရဲ့ ကိုယ့်သက်တမ်း။ (တက္ကသိုလ်ဘုန်းနိုင်)
ဒေါက်တာတင့်ဆွေ
Comments
Post a Comment