ဖေါ်မြူလာ ၁ = ရေတွက်လို့ရရင် တစ် - မမှန်ပါ။
ပိုက်ဆံ တပြား၊ တကျပ်၊ တမတ်၊ တဆယ်၊ တရာတန်တွေ တရားဝင်ထုတ်ခဲ့တယ်။
ဖေါ်မြူလာ ၂ = ခငဂဒေပဝ မောက်ချပါ။ ခင်-ငူ-ဂေါ-ဒေါ-ပုံ-ဝ ဝိုက်ချမသုံးရလို့အထိကတော့ မှန်သေးတယ်။
ကျန်တာတွေကို မောက်ချနဲ့ မရေးရသလို ထင်ပြီး မှားနေကြတယ်။
ကာတွန်း၊ သတင်းခေါင်းစဉ်နဲ့ ကျောက်ပြားစာတွေမှာ အဆင်သင့်တဲ့ ရေးချကို သုံးပါတယ်။
အဲဒီ (၆) လုံးထဲမှာ (ဓ) မပါ။ နောက်ထုတ် သတ်ပုံစာအုပ်သစ်တွေမှာ (ဓာ) လို့သာရေးခိုင်းတယ်။ မမှန်ပါ။
ဖေါ်မြူလာ = ဖော်မြူလာ
ရွှေမော်ဓော = ရွှေမော်ဓေါ = ရွှေမေါ်ဓော = ရွှေမေါ်ဓေါ
ဓါတ်ပုံလို့ ရေးလည်း မှန်တယ်။ ဓါ နဲ့ ဓာ မူကွဲသာဖြစ်တယ်။
ဖေါ်မြူလာ ၃ = မ နောက် ဘဲ လိုက်။ မမှန်ပါ။ ပဲ နဲ့ ဘဲ ကို အဆင်သင့်သလိုသုံးနိုင်တယ်။
ဘဲအုပ်မှာ တရာနှစ်ရာ၊ ဗေဒါက တပင်ထဲ အယက်အကန်ခံလို့ ဗေဒါပျံအံကိုခဲ၊ ပန်းပန်လျက်ဘဲ။ (ဇော်ဂျီ)
သူငယ်ချင်းလို့ဘဲ ဆက်၍ခေါ်မည် ခိုင် (တက္ကသိုလ်ဘုန်းနိုင်)။
ဖေါ်မြူလာ ၄ = ကလေးဗူးမှုတ်တာကလွဲရင် ဘူး - မှားတယ်။
ဗူးဘုရား။ ဗူးသီး။
ဖေါ်မြူလာ ၅ = နှစ်မရှိတဲ့အတွက် တ နဲ့ရေး။ မှားတယ်။
တယူသန် ဘဲရှိတယ်။ နှစ်ယူသန် သုံးယူသန် မရှိ တဲ့။ မဟုတ်ပါ။
တမလွန် ရေးတာက နှစ်မလွန်မရှိလို့ မဟုတ်ပါ။
တရား ဆိုတာ နှစ်ရား မရှိလို့ မဟုတ်ပါ။
ပုံအတွက် ကျေးဇူး။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment