မက်ဆေ့ချ်တခု = ကစွန်းရွက်တစည်း ၅၀၀ ကျပ်၊ တရုပ်ကစွန်း တစည်း ၁၀၀၀ ကျပ်။
ကျေးဇူး။
မက်ဆေ့ချ်ရေးတာကို သတ်ပုံ မပြင်ပါ။ ရေးတဲ့သူကိုယ်တိုင်က စာကို မှန်အောင်တတ်တယ်။
တတိုင်း တပြည်လုံးမှာ စာကိုမှန်အောင်ရေးတဲ့ခေတ်က ကစွန်းရွက်တစည်း ၁၀ ပြား၊ ၁၅ ပြား။
အစားအသောက်တွေထဲမှာ ကစွန်းရွက်က ဈေးအချိုဆုံး။ ကစွန်းရွက်သာ စာနိုင်သူတွေနဲ့ ရောင်းနိုင်သူတွေက မျက်နှာငယ်ရတယ်။
ရွှေဉာဏ်တော် စူးရောက်သူတွေက ကန်ဘေးမှာပေါက်လို့ ကန်းစွန်းလို့ရေးရသတဲ့။ ဘယ်ကလာ ရန်ကုန်အဝင် မီးရထားလမ်းဘေား ဝဲယာမှာ ကစွန်းခင်းတွေ တန်းစီလို့။ မီးရထားလမ်းကစွန်းလို့ မခေါ်ကြပါ။
ယာကစွန်း ခေါ် ကုန်းကစွန်းလည်းရှိတယ်။ ရေနဲ့ အဝေးကြီး။
ကစွန်း နဲ့ ကန်စွန်း က မူကွဲ အမှန်တွေ။
ငယ်တုန်းက နွေရာသီမှာ ရွာပြန်တဲ့အခါ၊ ကိုယ်တိုင်ခူးခဲ့သေးတဲ့ ယာကစွန်းကို မမေ့ပါ။
ကစွန်းရိုးနီလို့လည်း ခေါ်ကြတယ်။
ကစွန်းနွယ်ဟာ ယာခင်းရိုးပြတ် ပက်ကြားအက်မှာ၊ ငွါးငွါးစွင့်စွင့် အညွန့်တလူလူပါ။
နေပူပူမှာ မိုးကမရွာ၊ ရေလည်းမလာ၊ အဖျားနီတျာတျာ၊ အရွက်မှာ ပိန်လှီလှီသာ။ ဒါပေမယ့်သူဟာ လယ်ထွန်လာသူ ခါးပုံထဲမှာ၊ ထမင်းလာပို့သူ ခံတောင်းထဲမှာ အမြဲပါ။
ဆီတော့ မတတ်သာ၊ ငပိက လက်တဆစ်စာ၊ ကြက်သွန်နီ ပါလေရာ။
ပုစွန်ခြောက် ဗလာ၊ ဟင်းချိုမှုန့် မကြားဖူးပါ၊ မြေအိုးမှာ ကျိုချက်ကာ။
ရွာဦးကျောင်းအတွက် ဟင်းတခွက်ပါ။ သာဓုခေါ်ကြဗျာ။ငယ်တုန်းက နွေရာသီမှာ ရွာပြန်တဲ့အခါ၊ ကိုယ်တိုင်ခူးခဲ့သေးတဲ့ ယာကစွန်းကို မမေ့ပါ။ ကစွန်းနွယ်ဟာ ယာခင်းရိုးပြတ် ပက်ကြားအက်မှာ၊ ငွါးငွါးစွင့်စွင့် အညွန့်တလူလူပါ။
နေပူပူမှာ မိုးကမရွာ၊ ရေလည်းမလာ၊ အဖျားနီတျာတျာ၊ အရွက်မှာ ပိန်လှီလှီသာ။ ဒါပေမယ့်သူဟာ လယ်ထွန်လာသူ ခါးပုံထဲမှာ၊ ထမင်းလာပို့သူ ခံတောင်းထဲမှာ အမြဲပါ။
ဆီတော့ မတတ်သာ၊ ငပိက လက်တဆစ်စာ၊ ကြက်သွန်နီ ပါလေရာ။
ပုစွန်ခြောက် ဗလာ၊ ဟင်းချိုမှုန့် မကြားဖူးပါ၊ မြေအိုးမှာ ကျိုချက်ကာ။
ရွာဦးကျောင်းအတွက် ဟင်းတခွက်ပါ။ သာဓုခေါ်ကြဗျာ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment