Skip to main content

မောင်ရေခဲ မရွှေဖဲ

ကွန်မင့်တခု = ကျေးဇူးပဲဆရာ။ ကျနော်တို့တောင် ဒေါက်တာဂွမ်လျောင်(မောင်ဖြူး)ရဲ့ကဗျာ ဘာသာပြန်ကဗျာလေးဆွေးနွေးခဲ့တာ။ တိုက်ဆိုင်လိုက်တာ။ မူရင်းကဗျာရဲ့ rythm လည်းမပျောက်သွား၊ ကျစ်လျစ်ပြီး မြန်မာဆန်နိုင်သမျှဆန်အောင် ပြန်ဆိုနိုင်တာ တကယ်တော်သောပဲ။

ပြန်စာ

(၁) မောင်ရေခဲ

ဘယ်သွားနေလဲ မောင်ရေခဲ

ကန်တော်ကြီးကို ကားနဲ့ဆို

ဘာသွားလုပ်လဲ မောင်ရေခဲ

လေညှင်းခံဘို့ ဆိုပါစို့

ဘာမြင်ခဲ့လဲ မောင်ရခဲ

အများသူငါ စုံလို့ဗျာ

ဘာမြင်သေးလဲ မောင်ရေခဲ

အပျိုအအို မြင်သဗျို

ဘာလုပ်သေးလဲ မောင်ရေခဲ

ကန်တော်တပတ် ခရီးထပ်

ဘယ်သွားသေးလဲ မောင်ရေခဲ

ညစျေးတန်းကို သွားသေးဆို

ဘာစားခဲ့လဲ မောင်ရေခဲ

ခေါက်ဆွဲဆန်ပြုတ် ကြက်သားသုပ်

ဘယ်ချိန်ပြန်လဲ မောင်ရေခဲ

ညဉ့်နက်သန်ကောင် မနေပေါင်။   ။

ကန်တော်တစ်ပတ် မဟုတ်ပါ။

(၂) မရွှေဖဲ

ဘယ်သွားနေလဲ မရွှေဖဲ

ဘုရားပွဲကို လှည်းနဲ့ဆို

ဘာဝယ်ခဲ့လဲ မရွှေဖဲ

ပင်နီအင်္ကျီ ယောထမီ

ဘာစားခဲ့လဲ မရွှေဖဲ

ကြာဇံလက်သုပ် မုံ့ဖက်ထုပ်

ဘယ်လောက်ကုန်လဲ မရွှေဖဲ

စက္ကူတကျပ် ငွေတမတ်

ဘာမြင်ခဲ့လဲ မရွှေဖဲ

ဈေးသည် ဈေးဝယ် စုံလို့ကွယ်

ဘာလုပ်သေးလဲ မရွှေဖဲ

ဘုရားရှင်တော် ဖူးပါသော်

ဘာအမည်လဲ မရွှေဖဲ

မကွေးမြို့စွန် မြသလွန်

ဘာဆုပန်လဲ မရွှေဖဲ

နိဗ္ဗာန်ရွှေပြည် ဆုပန်သည်။   ။

မှတ်ချက် = စက္ကူတစ်ကျပ် ငွေတစ်မတ် မဟုတ်ပါ။

ပေါ်လစီလင်္ကာသစ် (၁)

ကန်တော်တစ်ပတ် 

လူညစ်ပတ်၊ 

စစ်တပ်ကိုလည်း စသတ်မည်။

ပေါ်လစီလင်္ကာသစ် (၂)

သတ်ပုံမှားခေတ်

စက္ကူတစ်

ကိုဗစ် ကိုလည်း စသတ်မည်။

မောင်ရေခဲ https://burmese-spelling.blogspot.com/2022/12/blog-post_138.html

မရွှေဖဲ နဲ့ မောင်ရေခဲ https://burmese-spelling.blogspot.com/2024/09/blog-post_18.html

မရွှေဖဲ ဘဝပြောင်းချိန် https://burmese-spelling.blogspot.com/2024/07/blog-post_225.html

မရွှေဖဲ မောင်ရေခဲ ပုံနှိပ် သတ်ပုံမှန် မူကွဲများ https://burmese-spelling.blogspot.com/2025/09/blog-post_10.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

တ - စသတ်စရာမလိုတဲ့ တအသုံးများ

စသတ်စရာမလိုတဲ့ တ အသုံး ၃၉၈ လုံးရှိတယ် 1. ငတရော် (ရေစကြိုမြို့နယ်) 2. ငါ့တရော် (စစ်ကိုင်း မြို့နယ်) 3. တကတဲ 4. တကျွန်းကျ 5. တကယ်တမ်း 6. တကယ်အမှန် 7. တကွ (အတူတကွ) 8. တကွနက် = တပြိုင်နက် 9. တကွဲတပြား 10. တကာ = တတွေ = အများတကာ 11. တကားကား 12. တကုပ်ကုပ်လုပ်နေသည် 13. တကိုယ်တည်း 14. တကိုယ်ကောင်း 15. တကိုယ်ရေတကာယ 16. တကူးတက 17. တကူးတကန့် 18. တကဲ့အဟုတ် 19. တကျက်ကျက် ရန်ဖြစ်နေကြသည် 20. တကျည်ကျည် ငိုနေသည် 21. တကျိတ်တည်း တဉာဏ်တည်း 22. တကျူကျူငို 23. တခဏချင်း 24. တခဏပန်း 25. တခန်းရပ် 26. တချွင်ချွင်မြည်နေသည် 27. တချွတ်ချွတ်မြည်သံ 28. တခမ်းတနား 29. တခွင်တပြင် 30. တခါတည်း 31. တခါတရံ 32. တခါတခေါက် 33. တခါတလေ 34. တခိခိ တချိချိ ရယ်သည် 35. တခုခုစားပါ 36. တခုတလေ 37. တခုလပ် 38. တခို 39. တခဲနက် = တလုံးတစည်းတည်း 40. တခဲထွေ = တပေါင်းတစည်းတည်း 41. တချက်တည်း 42. တချက်လွှတ်အမိန့် 43. တချာ = ပေါင်း = တဝေး = တစုတရုံးတည်း 44. တချိုးတည်းလစ်ပြီ 45. တချို့တဝက် 46. တချို့တလေ 47. တငမ်းငမ်း 48. တငိုငိုတရီရီ 49. တစံ့ = အနည်းငယ်မျှ 50. တစုံ (သင်္ကန်း) 51. တစုံတခု 52. တစုံတရာ 53. တစုံတဦး 54. တစုံတယောက် 55. တစစီ (တခုချင်း၊ အ...

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ