Skip to main content

ငါးပျံလား ငါးဖျံလား စစ်ဆေးရခြင်း


"ဗုံလုံတလှည့် ငါးပျံတလှည့်" စာအောက်မှာ ကွန်မင့်တခုက ထောက်ပြတယ်။ ကျေးဇူး။

စစ်ဆေးကြည့်ရပါတယ်။

(၁)

ဝီကီပီးဒီးယားမှာ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃) ငါးဖျံ (Mudskipper) လို့ ရေးတင်ထားတယ်။ 

လက်ထဲမှာရှိတဲ့ မူရင်းစာအုပ်နဲ့ စစ်ကြည့်တော့ မူရင်းမြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃) စာမျက်နှာ ၂၀၇ မှာ ငါးပျံ လို့ရေးထားပါတယ်။

ဝီကီပီးဒီးယား မှားနေတယ်။

(၂)

ဝီကီပီးဒီးယားမှာဘဲ ကနေ ကူးတင်တာမှာ ငါးပျံကတော့ မှန်ပြီး၊ တ တွေကို စသတ်ထားတယ်။ မလုပ်ကောင်းပါခင်ဗျား။

ငါးပျံသည် 'အိပ်ဇိုစီတီဒေး'ငါးမျိုးရင်းတွင် ပါဝင်သည်။ ငါးပျံ၏ ရင်ဆူးတောင်သည် အလွန်ကြီး၍ အမြီးဆူးတောင်၏ အောက်ခွမှာ အလွန်ရှည်သည်။ ငါးပျံသည် အမြီးနှင့် ပြင်းထန် စွာ ရေကို ရိုက်ခတ်၍ အပေါ်သို့ခုန်ပြီးလျှင် ရင်ဆူးတောင်ကို ငှက်တောင်များသဖွယ် ဖြန့်၍ လေဟုန်စီးနိုင်သည်။ ဤနည်းဖြင့် ကိုက် ၂ဝဝ အဝေးအထိပင် ပျံနိုင်၏။ ပျံသန်းသည်မှာ ငမန်း၊ လင်းပိုင်စသော ရန်သူတို့၏ဘေးမှ လွတ်မြောက်ရန် ဖြစ် ကောင်း ဖြစ်မည်ဟု ယူဆကြသည်။ ငါးပျံအမျိုး ၅ဝ ခန့်ရှိသည်။ ငါးပျံကို နွေးသောပင်လယ် များတွင် တွေ့ရသည်။ အာဖရိကတိုက်ရှိ ရေချိုပိုင်း၌ တွေ့ရ သော ပင်တိုဒန်ခေါ် ငါးသည်ငါးပျံတမျိုးဖြစ်၏။ ထိုငါးပျံ သည် တောင်အမေရိကမြစ်များရှိ 'ဂက်စတရိုပီလီးကပ်'ခေါ် ငါးပျံလောက် မပျံသန်းနိုင်ပေ။ ထိုငါးပျံ၏ ဝမ်းပိုက်သည် သင်္ဘောဝမ်းနှင့်တူ၍ ပျံလိုသောအခါ ရင်ဆူးတောင်များဖြင့် ရေကိုရိုက်ခတ်ကာ အပေါ်သို့တက်လေသည်။ ကာလီဖိုးနီးယား ပြည်နယ်တောင်ပိုင်း၌ တွေ့ရသော ငါးပျံတမျိုးသည် ၁၈ လက်မခန့်ပင်ရှည်၍ ကြီးသော ရင်ဆူးတောင်၊ ဝမ်းဆူးတောင်တို့ဖြင့် ဝေးလံစွာ ပျံသန်းနိုင်သည်။

ဝီကီပီးဒီးယား မှားနေတယ်။

(၃)

သော်တာဆွေ ဗုံလုံတလှည့် ငါးပျံတလှည့် ဘာသာပြန်ဝတ္ထုတို

(၄)

ပျံသန်းနိုင်လို့ ငါးပျံလို့ခေါ်တယ်။ ဖျံနဲ့တူလို့ မဟုတ်ပါ။

ဖျံက မပျံနိုင်ပါ။

(၅)

AI

“အိပ်ဇိုစီတီဒေး” သည် ငါးပျံ၏ မျိုးရင်း (family) ကို ဆိုလိုပြီး အင်္ဂလိပ်စာလုံးပေါင်းမှာ Exocoetidae ဖြစ်သည်။

“Exocoetidae” သည် ဂရိဘာသာမှ ဆင်းသက်လာပြီး exo = outside (အပြင်သို့) koite / koitē = bed, resting place (နေရာ) ဟူသော အဓိပ္ပါယ်များမှ ဆင်းသက်လာသည်ဟု ရှင်းပြကြသည်။

၁။ ငါးပျံ ဟု ခေါ်ရခြင်းမှာ ၎င်းငါးသည် ရေပေါ်သို့ ခုန်၍ လေထဲတွင် ပျံသန်းသကဲ့သို့ လေဟုန်စီးနိုင်သောကြောင့် ဖြစ်သည်။

အင်္ဂလိပ် — Flying fish

မျိုးရင်း — Exocoetidae

ငါးပျံသည် ရေထဲတွင် အမြီးဖြင့် အားပြင်းစွာ ရိုက်ကာ ရေပေါ်သို့ ခုန်ပြီး ဆူးတောင်များကို ဖြန့်ကာ လေထဲတွင် အနည်းငယ်အကွာအဝေး glide လုပ်နိုင်သည်။

ထို့ကြောင့် ပျံနိုင်သောကြောင့် “ငါးပျံ” ဟု ခေါ်သည်။

၂။ ဖျံ သည် လုံးဝ မတူသော တိရစ္ဆာန်ဖြစ်သည်။

အင်္ဂလိပ် — Seal (သို့) Sea lion

မျိုး — နို့တိုက်သတ္တဝါ (mammal)

ရေတွင် ကူးတတ်သော်လည်း မပျံနိုင်

၃။ ထို့ကြောင့် —

စာလုံး မှန် / မမှန်

ငါးပျံ ✔ မှန်

ငါးဖျံ ✘ မမှန်

ငါးပျံ ကို ငါးဖျံ ဟု ရေးခြင်းသည် အဓိပ္ပါယ်လည်း မတူ၊ တိရစ္ဆာန်လည်း မတူသောကြောင့် မှားသော သတ်ပုံ ဖြစ်သည်။

(၆)

ကွန်မင့်ရေးသူ ကိုးကားပို့ပေးတဲ့စာတွေမှာ တဝမ်းပူတွေကို စသတ်ထားခြင်းဟာ ပေါ်လစီသတ်ပုံသာဖြစ်ပြီး စံကိုက်သတ်ပုံ မဟုတ်ပါ။ ဒါပေမဲ့ လူကြီးမင်းသဘောသာ ဖြစ်ပါတယ်။

မြန်မာ့စွယ်စုံကျမ်း ၁၅ တွဲလုံးကို စံကိုက်သတ်ပုံတွေနဲ့သာ ပုံနှိပ်ထားပါတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

တ - စသတ်စရာမလိုတဲ့ တအသုံးများ

စသတ်စရာမလိုတဲ့ တ အသုံး ၃၉၈ လုံးရှိတယ် 1. ငတရော် (ရေစကြိုမြို့နယ်) 2. ငါ့တရော် (စစ်ကိုင်း မြို့နယ်) 3. တကတဲ 4. တကျွန်းကျ 5. တကယ်တမ်း 6. တကယ်အမှန် 7. တကွ (အတူတကွ) 8. တကွနက် = တပြိုင်နက် 9. တကွဲတပြား 10. တကာ = တတွေ = အများတကာ 11. တကားကား 12. တကုပ်ကုပ်လုပ်နေသည် 13. တကိုယ်တည်း 14. တကိုယ်ကောင်း 15. တကိုယ်ရေတကာယ 16. တကူးတက 17. တကူးတကန့် 18. တကဲ့အဟုတ် 19. တကျက်ကျက် ရန်ဖြစ်နေကြသည် 20. တကျည်ကျည် ငိုနေသည် 21. တကျိတ်တည်း တဉာဏ်တည်း 22. တကျူကျူငို 23. တခဏချင်း 24. တခဏပန်း 25. တခန်းရပ် 26. တချွင်ချွင်မြည်နေသည် 27. တချွတ်ချွတ်မြည်သံ 28. တခမ်းတနား 29. တခွင်တပြင် 30. တခါတည်း 31. တခါတရံ 32. တခါတခေါက် 33. တခါတလေ 34. တခိခိ တချိချိ ရယ်သည် 35. တခုခုစားပါ 36. တခုတလေ 37. တခုလပ် 38. တခို 39. တခဲနက် = တလုံးတစည်းတည်း 40. တခဲထွေ = တပေါင်းတစည်းတည်း 41. တချက်တည်း 42. တချက်လွှတ်အမိန့် 43. တချာ = ပေါင်း = တဝေး = တစုတရုံးတည်း 44. တချိုးတည်းလစ်ပြီ 45. တချို့တဝက် 46. တချို့တလေ 47. တငမ်းငမ်း 48. တငိုငိုတရီရီ 49. တစံ့ = အနည်းငယ်မျှ 50. တစုံ (သင်္ကန်း) 51. တစုံတခု 52. တစုံတရာ 53. တစုံတဦး 54. တစုံတယောက် 55. တစစီ (တခုချင်း၊ အ...

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ