သတ်ပုံကျမ်းနဲ့ အဘိဓာန်တွမှာ လျန် မရှိပါ။
သျှ
သျှတ္တရ = ပညာရပ်တခုခုကို အခြေခံ၍ ရေးသားထားသောကျမ်း။ အာကာသသျှတ္တရ။ မဏိသျှတ္တရ။ ကျမ်းဂန်ကာစ၊ သျှတ္တရ၊ အဿလက္ခဏ၊ သိပညာဟု။
သျှိ
သျှီ
သျှို
သျှောင် ရှိတယ်။
အမည်တွေကိုတော့ ထင်သလို၊ ကြိုက်သလို ပေးတတ်ကြတယ်။
ဥပမာ လေးနဲ့မြား သာ မှန်ပေမဲ့။ ဒဂုန်ရွှေမျှား လို့ ကလောင်အမည်ယူပါတယ်။
သျန်ထွဏ် မြန်မာစာ၊ ဘုန်းပြည့်သျန် တွေကိုလည်း တွေ့ရတယ်။
မီးတောက်မီးလျှံ၊
ရေလျှံ၊
လျှံ (ပိုလျှံ)
လျှံထွန်းတေဇာ၊
အပြည့်အလျှံ၊
အပေါ်လျှံ (အပေါ်ယံ)၊
အရောင်လျှံ၊
အလျှံညီး၊
သျှင်၊ သျှန် သတ်ပုံကျမ်းမှာ မပါ။ နာမည် နတ်သျှင်နောင်၊ စသည်။ ကိုယ့်နာမည်ကိုလည်း သျှင်မ၊ သျှင်လှ စသဖြင့်ရေးကြတယ်။ နာမည်ကိုကြိုက်သလို ရေးကြတဲ့သဘောသာ ဖြစ်ပါတယ်။ တွင်းသင်းတိုက်ဝန် မဟာစည်သူ ဦးထွန်းညို မဟာရာဇဝင်သစ်ထဲမှာ နတ်ရှင်နောင်လို့ရေးပါတယ်။
မြင့်မိုရ် မှန်ပါတယ်။ တချို့က မြင်းမိုရ် လို့ရေးကြတယ်။
မြင့်မိုရ် နဲ့ မြင်းမိုရ် မူကွဲသတ်ပုံသာ ဖြစ်ပါတယ်။ မူကွဲဆိုတာ နှစ်မျိုးလုံး သုံးနိုင်တယ်။ မူရင်းစာရေးသူက မြငိ့မိုရ်လို့ ရေးထာခဲ့တာကို နောက်လူတွေက ထင်သလို မပြင်ရပါ။ ခုခေတ်မှာ စာကူးတင်သူတွေ၊ စာအုပ် ပြန်ထုတ်သူတွေနဲ့ ဝီကီပီးဒီယားမှာတင်နေသူတွေက ထင်သလိုပြင်နေကြတယ်။ မလုပ်ရပါ။ ပြန်ပြင်ကြပါ။
လယ်တီဆရာတော်ကြီးရဲ့ ဒီပနီပေါင်းချုပ် တအုပ်လုံး စာမျက်နှာတိုင်းရဲ့ အောက်ခြေမှာ (မြင့်မိုရ်) လို့ ရိုက်နှိပ်ထားတယ်။
မြင့်မိုရ်တောင်ခြေ (ခင်နှင်းယု)
တောင်တွင်မြင်းမိုရ်၊ ကျွန်ုပ်ဆိုသား၊ ရေညိုရစ်သန်း၊ ရံခဝန်းလျက်၊ လေးကျွန်းအလယ်၊ လေးသွယ်ခြည်ရောင်၊ တပြောင်ပြောင်လျှင်၊ ဘုန်းခေါင်အထွတ်၊ သုံးလူနတ်တို့၊ မချွတ်မေတ္တာ၊ ဘိဓမ္မာကို၊ မှန်စွာအခေါင်၊ ကြားလှုံ့ဆောင်သည်။ ။ တောင်တွင်မြင်းမိုရ်သာတကား။ (၁၅၅၁ မြကန်သာ ကဗျာစာအုပ်မှ)
ကဝိဓဇသတ်ပုံအရ - မြင့်မိုရတောင်။ တောင်တွင်မြင့်မိုရ်။ အဲဒါကြောင့် မြင့်မိုရ် နဲ့ မြင်းမိုရ်ဟာ မူကွဲစာလုံးတွေဖြစ်တယ်။ ပဌမ နဲ့ ပထမ လို၊ သမတ နဲ့ သမ္မတ လို။ ဒါး နဲ့ ဓါး လို၊ တရုပ် နဲ့ တရုတ် လို နှစ်မျိုးလုံး သုံးနိုင်တယ်။ "တခု" က မှန်ပြီး၊ "တစ်ခု" က လျှာရှည်ထားတာ။ မူကွဲ မဟုတ်ပါ။
မြန်မာစာမှာ မူကွဲစာလုံးတွေ မနည်းမနောရှိတယ်။
ဒဂုံမြို့နယ်
ဒဂုန် ခင်ခင်လေး
ဒဂုန်တာရာ
ဒဂုန်နတ်ရှင်
ဒဂုန်မဂ္ဂဇင်း
ဒေါက်တာတင့်ဆွေ
Comments
Post a Comment