ရေး-ရွှေဂုန်မောင်
မူရင်းအဆို-မအေးမိ
ဆို-မာမာအေး
၁၉၃၃ခုနှစ်၊ မတ်လ၊ ဓါတ်ပြား
ပန်းတကာတွင် ဘယ်ပန်းမွှေးသည်
နှင်ဆီ နှင်းဆီ လေယူရာသွေးမွှေးပါသည်
ပွင့်ချိန်တန်တော့ ခြူလှဲ့ပါအတည်
ရွှေ ရွှေ နှင်းဆီ
မှုန်ရွှေရည် ခိုင်မာလာနှင်းဆီ
မိုင်ဒါလင်ဆွီတီ
ခင်ခင်ပျိုမဒီနှင်းဆီခက်ကို
လက်လှမ်းကာယူမည်
မှုန်ရွှေရည် ခိုင်မာလာနှင်းဆီ
မိုင်ဒါလင်ဆွီတီ
ခင်ခင်ပျိုမဒီနှင်းဆီခက်ကို
လက်လှမ်းကာယူမည်
(ပွေ့ကာချီ ပွေ့ကာချီ ဖူးပွင့်ငုံဝေစီ)၂
ထုံလေညွှတ်တော့ ဆွတ်ဖို့ရည်
မှုန်ရွှေဝတ်နဲ့ ရွှေနှင်းဆီ
ရွှေနှင်းဆီ အေးမြအေးကြူကြည်
ဖူးပွင့်ငုံဝေ ရွှေရွှေနှင်းဆီ
ကိုကို ခြူလှဲ့အတည်
ဖူးပွင့်ငုံဝေ ရွှေရွှေနှင်းဆီ
ကိုကို ခြူလှဲ့အတည်
မာလာပွင့်နေသည်
ဝတ်မှုန်ရည်ယိမ်းကာနွဲ့နေသည်
ယိမ်းကာနွဲ့နေသည်ရွှေနှင်းဆီ
( အတီး )
မာလာဖူးတံချီ
တော်၀င်သည်တော်ဝင်သည်
ပန်းမြတ်ဘုရင်မို့ထုံရနံ့ကြည်
တော်၀င်သည်တော်ဝင်သည်
ပန်းမြတ်ဘုရင်မို့ထုံရနံ့ကြည်
ဖူးစာဖက်ကို မျှော်ရသည်
ပျိုမေ တကိုယ်ရည်
အကိုရေလာပါအတည် စောင့်ရသည်
ပွေခင်းပွေခင်း သူပလီ သူပလီ
ရွှေနှင်းရွှေနှင်းဆီ
နေခြည်နေခြည်နေခြည်ထိုးရှာပြီ
ညှိုးပြီ ညှိုးပြီ ခပ်မြန်မြန်ဆွတ်ပါအတည်
ဖူးပွင့်ငုံဝေ ရွှေရွှေနှင်းဆီ
ကိုကို ခြူလှဲ့အတည်
ဖူးပွင့်ငုံဝေ ရွှေရွှေနှင်းဆီ
ကိုကို ခြူလှဲ့အတည်
မာလာပွင့်နေသည်
ဝတ်မှုန်ရည်ယိမ်းကာနွဲ့နေသည်
ယိမ်းကာနွဲ့နေသည်ရွှေနှင်းဆီ
(ပျိုမေခင်မဒီ ခိုင်ပွင့်ဝေစီ)၂
ပန်းတကာ့ထိပ်ခေါင် ပွင့်နေပြီပွင့်နေပြီ
ဖူးစာဖက်ကဆွတ်ဖို့ရည်
ခုအခါမှာ ပျိုမဒီ အနေဝေးအလှမ်းခက်ပြီ
ရွှေရွှေရွှေနှင်းဆီ ရွှေရွှေရွှေနှင်းဆီ
အော်နန်းတွင်းသုံးမို့မွှေးပျံ့ကြည်
တော်ဝင်ပါပေသည်
ရွှေရွှေရွှေနှင်းဆီ ရွှေရွှေရွှေနှင်းဆီ
အော်နန်းတွင်းသုံးမို့မွှေးပျံ့ကြည်
တော်ဝင်ပါပေသည်
မေပျိုတပါးညွှတ်ဖို့ရည်
လာခူးလှဲ့ကြပါအတည် ဝေဝေစီ
ဖူးပွင့်ငုံဝေ ရွှေရွှေနှင်းဆီ
ကိုကို ခြူလှဲ့အတည်
ဖူးပွင့်ငုံဝေ ရွှေရွှေနှင်းဆီ
ကိုကို ခြူလှဲ့အတည်
မာလာပွင့်နေသည်
ဝတ်မှုန်ရည်ယိမ်းကာနွဲ့နေသည်
ယိမ်းကာနွဲ့နေသည်ရွှေနှင်းဆီ။ ။
https://www.facebook.com/reel/4278285295759350
ဒေါက်တာတင့်ဆွေ

Comments
Post a Comment