(မင်းသုဝဏ်)
ဆရာဇော်ဂျီ၏ မိတ်ဆက်အမှာနှင့် ကဗျာအကြောင်းသိကောင်းစရာများဖော်ပြထားသည်။
ဇော်ဂျီ ၏ မိတ်ဆက် အမှာစာ
ကဗျာသင်ဆရာတဦး၏ အရည်အခြင်းကောင်းများ
အခြေခံတခုဖြစ်သော
တပည့်တဦးက
အလွယ်တကူ
ပဌမအကြိမ်နှိပ်ခြင်း ၁၉၆၅
ဒုတိယအကြိမ်နှိပ်ခြင်း ၁၉၆၈
ပြန်ထုတ်တွေမှာ မူရင်းစာအုပ်သာ စာလုံးပေါင်းသတ်ပုံတွေကို မှားအောင်ပြင်ထားတယ်။
အခြေခံ ကဗျာရေးနည်း(၃)
=> သံပေါက်ရေးနည်း အခြေခံ သိပြီးပါက သိထားသင့်သည့် အကြောင်းတခု။
-> ကာရန်နှင့် စာစပ် <-
ကဗျာအသုံးအရ ကာရန်နှင့် စာစပ် အနက် အတူတူဖြစ်သည်။
=> ကာရန်-
အက္ခရာအဆုံး = ဝဏ္ဏကာရန်
စာပိုဒ်အဆုံး = ပဒကာရန် …(ပုဒ်အတွင်း ပဓာနကာရန်)
ဝါကျအဆုံး = ဝါကျကာရန်
ဝဏ္ဏကာရန်ကို သိလျှင် ကျန်ကာရန်တို့ကို သိပြီး ဖြစ်မည်။ ထို့ကြောင့် ဝဏ္ဏကာရန်ကို ရှင်းပါ့မည်။
(ကြိယာခြောက်ဆယ်ဟု အလွယ်မှတ်ကြသည်။ အားလုံး ခြောက်ဆယ် ကျော်သည်။ နောက်မှ ရှင်းပါမည်။ ပေ့တွင် တခါတော့ တင်ဖူးပြီး ဖြစ်ပါသည်။)
ကာရန်-ဟူသည် အသံဖြစ်လာသော အက္ခရာတလုံး၏ ဗျည်းနှင့်သရ တွဲစပ်မှုမှ အဆုံးသံ သို့မဟုတ် သရသံကို ဆိုလိုသည်။
က၊ ခ၊ ဂ… စသည့် ဗျည်း သက်သက်သည် မတြာဝက်သာ ရှိ၍ အသံမရှိ။ တနည်းအားဖြင့် အသံ၏ ကြာချိန် ၁-မတြာ မရှိ၍ အသံထွက်မရ။
(က = က+အ)
က- ဟူသည် က-ဗျည်းနှင့် အ-သရ ပေါင်းစပ်ထားခြင်း ဖြစ်သည်။
-> အ-သရ ဖျောက်ထားသည်ဟု ယူရသည်။
-> က-၏ ကာရန်-အသံမှာ အ-ဖြစ်သည်။
ခ၊ ဂ၊ ဃ၊င၊ စ… စသည် ဗျည်းအားလုံး၏ ကာရန်များသည် အ-သာဖြစ်သည်။
(ကာ= က+အာ)
ကာ-ဟူသည် က-ဗျည်းနှင့် အာ-သရ ပေါင်းစပ်ထားခြင်း ဖြစ်သည်။
-> အာ-သရကို ရေးချာ (-ာ)သင်္ကေတ ပြထားသည်။
-> ကာ-၏ ကာရန်မှာ အာ-ဖြစ်သည်။
ခါ၊ ဂါ၊ငါ၊ စာ… စသည် ဗျည်းတွဲများ၏ ကာရန်များသည်လည်း အာ-ဖြစ်သည်။
(ကား = က+အား)
ကား-ဟူသည် က-ဗျည်းနှင့် အား-သရ ပေါင်းစပ်ထားခြင်း ဖြစ်သည်။
-> အား-သရကို ရေးချာဝစ္စနှစ်လုံး (-ား) သင်္ကေတ ပြထားသည်။
-> ကား-၏ ကာရန်မှာ အား-ဖြစ်သည်။
ခါး၊ ဂါး၊ ငါး၊ စား… စသည် ဗျည်းတွဲများ၏ ကာရန်များသည် အား-ဖြစ်သည်။
(ကိ = က+ အိ/၏)
(ကီ = က+ အီ/ဤ)
(ကီး = က+ အီး)
(ကု = က+ အု/ဥ)
(ကူ = က+ အူ)
(ကူး = က+ အူး/ဦး)… စသည်။
ကျန်သော ကမချများ၏ ကာရန်ကိုလည်း အတူတူ ယူကြပါရန်။
(ဗျည်းတွဲပုံကို မြန်မာစာအဖွဲ့က ထုတ်ဝေသော မြန်မာအဘိဓာန် စာအုပ်တွင် အလွယ်တကူ လေ့လာနိုင်ပါသည်။ မရှင်းလျှင် ပြောစေလိုပါသည်။ လေးချိုး တေးထပ် စသည် အခန်းရောက်မှ ရှင်းရလျှင် အဆင်မပြေပါ။)
=> စာစပ်-
အစပ်တည့်ခါ
စားကောင်းကာ
ဟင်းလျာ မြိန်ပါသည်။
ထိုသို့ တူစွာ
စာစပ်ခါ
ကာရန် ထပ်ဟပ်သည်။
ကဗျာရေးဖွဲ့ခြင်းဟူသည် ကာရန်မိအောင် စာစပ်ခြင်းပင် ဖြစ်ပါသည်။
#ရှေးစာကဗျာများ ကျေးဇူး။
မှတ်ရန်
စာအရေးအသားမှာ ပါဠိ၊ သက္ကတ၊ အဆင့်စာလုံးတွေ နဲ့စတင်ခဲ့ပြီးနောက် စကားပြေဖြစ်လာတယ်။
ကဗျာကို ကာရန်၊ နဘေ၊ လင်္ကာတွေနဲ့ ရေးတာကနေ စတင်ခဲ့ပါတယ်။
နဘေ = ကာရန်တူများကို ထပ်ကာထပ်ကာစပ်သော ကဗျာစပ်နည်းတမျိုး။
ကာရန် = အက္ခရာ၏ အဆုံးသံဖြစ်သည်။ ကာရန် (၆၄) ပါး ရှိသည်။
ကဗျာလင်္ကာ = လူတို့နေ့စဉ် သုံးစွဲပြောဆိုနေသော သာမန်စကားများကို တေးဂီတပမာ ပြေပြစ်ချောမောစွာ ချိုသာငြိမ့်ငြောင်းအောင် စီကုံးရေးသား ထားသောစာ ဖြစ်သည်။
နောက်မှာ ကာရန်မဲ့ကဗျာ ဖြစ်လာတယ်။
ကာရန်နဲ့ကဗျာလည်း ဆက်လက် ထွန်းကားပါတယ်။
ယခုလက်ရှိခေတ်မှာတော့ -
စာအရေးအသားရော ကဗျာမှာပါ စာလုံးပေါင်းသတ်ပုံမဲ့ ရေးတဲ့သူတွေ များလာတယ်။
အဟုတ်မှတ်နေသူတွေကလည်း မနည်းပါ။
အဲလိုပြောင်းတာ ခေတ်တဲ့။
တရားဝင်မူတဲ့။
နိုင်ငံတော်မူတဲ့။
လိုက်နာရမယ်တဲ့။
ဂွကျတယ်။
ဒေါက်တာတင့်ဆွေ



Comments
Post a Comment