Skip to main content

ကဗျာရေးချင် စာစပ်သင်



(မင်းသုဝဏ်)

ဆရာဇော်ဂျီ၏ မိတ်ဆက်အမှာနှင့် ကဗျာအကြောင်းသိကောင်းစရာများဖော်ပြထားသည်။

ဇော်ဂျီ ၏ မိတ်ဆက် အမှာစာ

ကဗျာသင်ဆရာတဦး၏ အရည်အခြင်းကောင်းများ

အခြေခံတခုဖြစ်သော

တပည့်တဦးက

အလွယ်တကူ

ပဌမအကြိမ်နှိပ်ခြင်း ၁၉၆၅

ဒုတိယအကြိမ်နှိပ်ခြင်း ၁၉၆၈

ပြန်ထုတ်တွေမှာ မူရင်းစာအုပ်သာ စာလုံးပေါင်းသတ်ပုံတွေကို မှားအောင်ပြင်ထားတယ်။

အခြေခံ ကဗျာရေးနည်း(၃)

=> သံပေါက်ရေးနည်း အခြေခံ သိပြီးပါက သိထားသင့်သည့် အကြောင်းတခု။

-> ကာရန်နှင့် စာစပ် <-

ကဗျာအသုံးအရ ကာရန်နှင့် စာစပ် အနက် အတူတူဖြစ်သည်။

=> ကာရန်-

အက္ခရာအဆုံး = ဝဏ္ဏကာရန်

စာပိုဒ်အဆုံး    = ပဒကာရန် …(ပုဒ်အတွင်း ပဓာနကာရန်)

ဝါကျအဆုံး     = ဝါကျကာရန်

ဝဏ္ဏကာရန်ကို သိလျှင် ကျန်ကာရန်တို့ကို သိပြီး ဖြစ်မည်။ ထို့ကြောင့် ဝဏ္ဏကာရန်ကို ရှင်းပါ့မည်။

(ကြိယာခြောက်ဆယ်ဟု အလွယ်မှတ်ကြသည်။ အားလုံး ခြောက်ဆယ် ကျော်သည်။ နောက်မှ ရှင်းပါမည်။ ပေ့တွင် တခါတော့ တင်ဖူးပြီး ဖြစ်ပါသည်။)

ကာရန်-ဟူသည် အသံဖြစ်လာသော အက္ခရာတလုံး၏ ဗျည်းနှင့်သရ တွဲစပ်မှုမှ အဆုံးသံ သို့မဟုတ် သရသံကို ဆိုလိုသည်။

က၊ ခ၊ ဂ… စသည့် ဗျည်း သက်သက်သည် မတြာဝက်သာ ရှိ၍ အသံမရှိ။ တနည်းအားဖြင့် အသံ၏ ကြာချိန် ၁-မတြာ မရှိ၍ အသံထွက်မရ။

(က = က+အ)

က- ဟူသည် က-ဗျည်းနှင့် အ-သရ ပေါင်းစပ်ထားခြင်း ဖြစ်သည်။

-> အ-သရ ဖျောက်ထားသည်ဟု ယူရသည်။

-> က-၏ ကာရန်-အသံမှာ အ-ဖြစ်သည်။

ခ၊ ဂ၊ ဃ၊င၊ စ… စသည် ဗျည်းအားလုံး၏ ကာရန်များသည် အ-သာဖြစ်သည်။

(ကာ= က+အာ)

ကာ-ဟူသည် က-ဗျည်းနှင့် အာ-သရ ပေါင်းစပ်ထားခြင်း ဖြစ်သည်။

-> အာ-သရကို ရေးချာ (-ာ)သင်္ကေတ ပြထားသည်။

-> ကာ-၏ ကာရန်မှာ အာ-ဖြစ်သည်။

ခါ၊ ဂါ၊ငါ၊ စာ… စသည် ဗျည်းတွဲများ၏ ကာရန်များသည်လည်း အာ-ဖြစ်သည်။

(ကား = က+အား)

ကား-ဟူသည် က-ဗျည်းနှင့် အား-သရ ပေါင်းစပ်ထားခြင်း ဖြစ်သည်။

-> အား-သရကို ရေးချာဝစ္စနှစ်လုံး (-ား) သင်္ကေတ ပြထားသည်။

-> ကား-၏ ကာရန်မှာ အား-ဖြစ်သည်။

ခါး၊ ဂါး၊ ငါး၊ စား… စသည် ဗျည်းတွဲများ၏ ကာရန်များသည် အား-ဖြစ်သည်။

(ကိ   = က+ အိ/၏)

(ကီ   = က+ အီ/ဤ)

(ကီး  = က+ အီး)

(ကု   = က+ အု/ဥ)

(ကူ   = က+ အူ)

(ကူး  = က+ အူး/ဦး)… စသည်။

ကျန်သော ကမချများ၏ ကာရန်ကိုလည်း အတူတူ ယူကြပါရန်။

(ဗျည်းတွဲပုံကို မြန်မာစာအဖွဲ့က ထုတ်ဝေသော မြန်မာအဘိဓာန် စာအုပ်တွင် အလွယ်တကူ လေ့လာနိုင်ပါသည်။ မရှင်းလျှင် ပြောစေလိုပါသည်။ လေးချိုး တေးထပ် စသည် အခန်းရောက်မှ ရှင်းရလျှင် အဆင်မပြေပါ။)

=> စာစပ်-

အစပ်တည့်ခါ 

စားကောင်းကာ 

ဟင်းလျာ မြိန်ပါသည်။

ထိုသို့ တူစွာ

စာစပ်ခါ

ကာရန် ထပ်ဟပ်သည်။

ကဗျာရေးဖွဲ့ခြင်းဟူသည် ကာရန်မိအောင် စာစပ်ခြင်းပင် ဖြစ်ပါသည်။

#ရှေးစာကဗျာများ ကျေးဇူး။

မှတ်ရန်

စာအရေးအသားမှာ ပါဠိ၊ သက္ကတ၊ အဆင့်စာလုံးတွေ နဲ့စတင်ခဲ့ပြီးနောက် စကားပြေဖြစ်လာတယ်။

ကဗျာကို ကာရန်၊ နဘေ၊ လင်္ကာတွေနဲ့ ရေးတာကနေ စတင်ခဲ့ပါတယ်။

နဘေ = ကာရန်တူများကို ထပ်ကာထပ်ကာစပ်သော ကဗျာစပ်နည်းတမျိုး။

ကာရန် = အက္ခရာ၏ အဆုံးသံဖြစ်သည်။ ကာရန် (၆၄) ပါး ရှိသည်။

ကဗျာလင်္ကာ = လူတို့နေ့စဉ် သုံးစွဲပြောဆိုနေသော သာမန်စကားများကို တေးဂီတပမာ ပြေပြစ်ချောမောစွာ ချိုသာငြိမ့်ငြောင်းအောင် စီကုံးရေးသား ထားသောစာ ဖြစ်သည်။ 

နောက်မှာ ကာရန်မဲ့ကဗျာ ဖြစ်လာတယ်။ 

ကာရန်နဲ့ကဗျာလည်း ဆက်လက် ထွန်းကားပါတယ်။

ယခုလက်ရှိခေတ်မှာတော့ -

စာအရေးအသားရော ကဗျာမှာပါ စာလုံးပေါင်းသတ်ပုံမဲ့ ရေးတဲ့သူတွေ များလာတယ်။ 

အဟုတ်မှတ်နေသူတွေကလည်း မနည်းပါ။

အဲလိုပြောင်းတာ ခေတ်တဲ့။ 

တရားဝင်မူတဲ့။ 

နိုင်ငံတော်မူတဲ့။ 

လိုက်နာရမယ်တဲ့။

ဂွကျတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

တ - စသတ်စရာမလိုတဲ့ တအသုံးများ

စသတ်စရာမလိုတဲ့ တ အသုံး ၃၉၈ လုံးရှိတယ် 1. ငတရော် (ရေစကြိုမြို့နယ်) 2. ငါ့တရော် (စစ်ကိုင်း မြို့နယ်) 3. တကတဲ 4. တကျွန်းကျ 5. တကယ်တမ်း 6. တကယ်အမှန် 7. တကွ (အတူတကွ) 8. တကွနက် = တပြိုင်နက် 9. တကွဲတပြား 10. တကာ = တတွေ = အများတကာ 11. တကားကား 12. တကုပ်ကုပ်လုပ်နေသည် 13. တကိုယ်တည်း 14. တကိုယ်ကောင်း 15. တကိုယ်ရေတကာယ 16. တကူးတက 17. တကူးတကန့် 18. တကဲ့အဟုတ် 19. တကျက်ကျက် ရန်ဖြစ်နေကြသည် 20. တကျည်ကျည် ငိုနေသည် 21. တကျိတ်တည်း တဉာဏ်တည်း 22. တကျူကျူငို 23. တခဏချင်း 24. တခဏပန်း 25. တခန်းရပ် 26. တချွင်ချွင်မြည်နေသည် 27. တချွတ်ချွတ်မြည်သံ 28. တခမ်းတနား 29. တခွင်တပြင် 30. တခါတည်း 31. တခါတရံ 32. တခါတခေါက် 33. တခါတလေ 34. တခိခိ တချိချိ ရယ်သည် 35. တခုခုစားပါ 36. တခုတလေ 37. တခုလပ် 38. တခို 39. တခဲနက် = တလုံးတစည်းတည်း 40. တခဲထွေ = တပေါင်းတစည်းတည်း 41. တချက်တည်း 42. တချက်လွှတ်အမိန့် 43. တချာ = ပေါင်း = တဝေး = တစုတရုံးတည်း 44. တချိုးတည်းလစ်ပြီ 45. တချို့တဝက် 46. တချို့တလေ 47. တငမ်းငမ်း 48. တငိုငိုတရီရီ 49. တစံ့ = အနည်းငယ်မျှ 50. တစုံ (သင်္ကန်း) 51. တစုံတခု 52. တစုံတရာ 53. တစုံတဦး 54. တစုံတယောက် 55. တစစီ (တခုချင်း၊ အ...

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ