ပစ်မသွားနှင့် အချစ်ကယ်
ခွင့်မပန်ပဲ၊ ပစ်မသွားနှင့် အချစ်ကယ်။
တညဉ့်လုံး ငုတ်တုတ်မို့၊ မောင့်မျက်စိဟာ
အိပ်ချင်မှုဖြင့် လေးလံနေပြီ။
တမှေးမှိတ်ခိုက်၊ ခင့်ကိုဆုံးမှာ ကြောက်ပါသည်၊
ခွင့်မပန်ပဲ၊ ပစ်မသွားနှင့် အချစ်ကယ်။
မောင်ပြန်နိုးတော့ ခင့်ကိုလက်ဖြင့်စမ်းတယ်။
အိပ်မက်နေလားလို့ ထင်မှားမိတယ်။
ခင့်ခြေအစုံကို မောင့်နှလုံးဖြင့် ရစ်ပတ်ကာ၊
မောင့်ရင်ခွင်မှာ ပိုက်ထားနိုင်စမ်းချင်တယ်။
ခွင့်မပန်ပဲ၊ ပစ်မသွားနှင့် အချစ်ကယ်။
(ဥယျာဉ်မှူး အမှတ် ၃၄)
မောင်ဖြူး
ငွေတာရီမဂ္ဂဇင်း
LH အသံစာအုပ် ကျေးဇူး။
မှတ်ချက်
အမည်ရင်းက တန်ဂွမ်လျောင်
ဒေါက်တာမောင်ဖြူး (၁၉၀၅ - ၁၉၇၀)
မောင်ရေခဲ၊ မရွှေဖဲ ရေးခဲ့သူဖြစ်တယ်။ ကလေးကဗျာတွေလည်း အများကြီး ရေးခဲ့တယ်။
စာပဒေသာ (၁)
https://drive.google.com/file/d/1iZiVpSsZ0fp2i2HCuPKNKYvPAEaluY2q/view?usp=drivesdk
စာပဒေသာ (၂)
https://drive.google.com/file/d/1iyJc9M4Z98vYYp7UsLQghVoRV_6O9tix/view?usp=drivesdk
စာပဒေသာ (၃)
https://drive.google.com/file/d/1jYuy0yjA5XuEjDLNtZoM_dCGOmHVoO7W/view?usp=drivesdk
(မောင်ဖြူး)
ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်၊ သိပ္ပံမောင်ဝ၊ ဒေါက်တာမောင်ဖြူး တို့ခေတ်က မြန်မာစာကို သတ်ပံမှန်နဲ့သာ ရေးသားဖွဲ့ဆို ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment