မေးခွန်းတခု = မြေးတစ်စု လို့ရေးထားတာ မှားတယ် မဟုတ်လား ဆရာခင်ဗျ
ပြီးတော့ သား နှင့်သမီးကြားမှာ “၊” လိုပါသလား ဆရာခင်ဗျ
ရန်ကုန်တက္ကသိုလ်ကနေ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ရထားသူအမည်နဲ့ဟာ ပုံကိုပို့ပေးပြီး မေးတာဖြစ်ပါတယ်။
ပြန်စာ
ထောက်ပြတာ မှန်ပါတယ်။
အခုခေတ်မှာ ရုံး၊ ဘဏ်၊ လွှတ်တော်၊ ကျောင်းစတာတွေမှာ ခိုင်းထားတဲ့အတိုင်းသာ ရေးခွင့်ရှိတယ်။
စာကိုမှန်အောင်မရေးတဲ့ တပ်ချုပ်အမည်ပါစာကို မသုံးပါ။
မက်ဆေ့ချ်တခု = ရွာဘက်က ဘုန်းဘုန်းကျောင်းမှာ တွေ့ခဲ့လို့ အမှတ်တရ ရိုက်လာခဲ့တာပါဗျ
တယောက်က ပို့ပေးပါတယ်။ ကျေးဇူး။
သားသ္မီးတစု ကောင်းမှု
မိသားတစု ကောင်းမှု
တစုလည်း မှန်၊ ကောင်းမှုလည်း မှန်၊ ကုသိုလ်ပြုကြတာလည်း မှန်။
သားသ္မီး မမှား။
အခုခေတ်မှာတော့ မလိုအပ်တဲ့ စသတ်နဲ့ အောင်မြစ်ရောဂါ ဖြစ်ပွားကူးစက်နေပါတယ်။
မှန်အောင်မရေးသော် ကုသိုလ်ပိုမရနိုင်။
"တဝမ်းပူ စသတ်ရေးစီမံကိန်း" ကို ၁၉၈၆ ခုနှစ်က စပါတယ်။ မဆလ ဥက္ကဌကြီး ကို နောက်ကြောင်းပြန် ပါရဂူဘွဲ့ ပေးဦးမလား မပြောတတ်ပါ။
ဒေါက်တာတင့်ဆွေ


.jpg)
Comments
Post a Comment