မူရင်းအဆို-မခင်သန်း
ပြန်ဆို-မာမာအေး
(တယောက်မျက်နှာ တယောက်မြင်ရင် မတင်းတိမ်သေးတယ် ထမင်းမြိန်ဆေးသဖွယ်)
တူနှစ်ကိုယ် တဲအိုပျက်မှာ နေရ
ရွှေဘုံပေါ်မှာ စံရ
ချစ်တာချစ်တာ ပဓာနလို့
ဆိုချင်တယ် မောင်ရယ်
ချစ်တာချစ်တာ ပဓာနလို့
ဆိုချင်ပါတယ် မောင်ရယ်
တူနှစ်ကိုယ် တဲအိုပျက်မှာ နေရ
ရွှေဘုံပေါ်မှာ စံရ
ချစ်တာချစ်တာ ပဓာနလို့
ဆိုချင်တယ် မောင်ရယ်
ချစ်တာချစ်တာ ပဓာနလို့
ဆိုချင်ပါတယ် မောင်ရယ်
အခုလည်း ချစ်ကြမယ်
နောင်လည်း ချစ်ကြပါစို့ မောင်ရယ်
အခုလည်း ချစ်ကြမယ်
နောင်လည်း ချစ်ကြပါစို့ မောင်ရယ်
ဘယ်သူဖျက်ပေမယ့်
မပျက်တယ် သက်လှယ် စိတ်မှာမက်မပြယ်
ဘယ်သူဖျက်ပေမယ့်
မပျက်တယ် သက်လှယ် စိတ်မှာမက်မပြယ်
နောင်ရိုးလှသော်လည်း
မောင်တိုးလို့ကြင်မယ်
နောင်ရိုးလှသော်လည်း
မောင်တိုးလို့ကြင်မယ်
တယောက်မျက်နှာ တယောက်မြင်ရင်
မတင်းတိမ်သေးတယ်
ထမင်းမြိန်ဆေးသဖွယ်
တယောက်မျက်နှာ တယောက်မြင်ရင်
ချစ်သမျှသဘော
လှစ်ဟမပြော သိနိုင်တယ်
ညချမ်းချိန်ခါဝယ်
တူနွှဲနှစ်ဖြာမောင်မယ်
ကျီစယ်လွန်တာ ဖိုးရွှေလက
မိုးတိမ်ဝမှ သရော်သည်နှယ်
ထက်မှူးငွေယုန်ရယ်
ရှက်ဘူး လေကုန်မယ်
ရှစ်ကမ္ဘာလှောင်နိုင်တယ်
ချစ်သမျှ အကြောင်ပြိုင်မယ်
ဘယ်သူရယ်ဖွယ်
ပြောလည်း ဂရုမထားပေါင်
မောင်နဲ့ချစ်တာ ပဓာနပင် ထင်မိတယ်..
တူနှစ်ကိုယ် တဲအိုပျက်မှာ နေရ
ရွှေဘုံပေါ်မှာ စံရ
ချစ်တာချစ်တာ ပဓာနလို့
ဆိုချင်တယ် မောင်ရယ်
ချစ်တာချစ်တာ ပဓာနလို့
ဆိုချင်ပါတယ် မောင်ရယ်
တူနှစ်ကိုယ် တဲအိုပျက်မှာ နေရ
ရွှေဘုံပေါ်မှာ စံရ
ချစ်တာချစ်တာ ပဓာနလို့
ဆိုချင်တယ် မောင်ရယ်
ချစ်တာချစ်တာ ပဓာနလို့
ဆိုချင်ပါတယ် မောင်ရယ်
အခုလည်း ချစ်ကြမယ်
နောင်လည်း ချစ်ကြပါစို့ မောင်ရယ်
အခုလည်း ချစ်ကြမယ်
နောင်လည်း ချစ်ကြပါစို့ မောင်ရယ်
ဘယ်သူဖျက်ပေမယ့်
မပျက်တယ် သက်လှယ် စိတ်မှာမက်မပြယ်
ဘယ်သူဖျက်ပေမယ့်
မပျက်တယ် သက်လှယ် စိတ်မှာမက်မပြယ်
နောင်ရိုးလှသော်လည်း
မောင်တိုးလို့ကြင်မယ်
နောင်ရိုးလှသော်လည်း
မောင်တိုးလို့ကြင်မယ်
တယောက်မျက်နှာ တယောက်မြင်ရင်
မတင်းတိမ်သေးတယ်
ထမင်းမြိန်ဆေးသဖွယ်
တယောက်မျက်နှာ တယောက်မြင်ရင်
ချစ်သမျှသဘော
လှစ်ဟမပြော သိနိုင်တယ်
ညချမ်းချိန်ခါဝယ်
တူနွှဲနှစ်ဖြာမောင်မယ်
ကျီစယ်လွန်တာ ဖိုးရွှေလက
မိုးတိမ်ဝမှ သရော်သည်နှယ်
ထက်မှူးငွေယုန်ရယ်
ရှက်ဘူး လေကုန်မယ်
ရှစ်ကမ္ဘာလှောင်နိုင်တယ်
ချစ်သမျှ အကြောင်ပြိုင်မယ်
ဘယ်သူရယ်ဖွယ်
ပြောလည်း ဂရုမထားပေါင်
မောင်နဲ့ချစ်တာ ပဓာနပင် ထင်မိတယ်..
အချစ်ကိုယုံစား ခုန်ကြဖွယ်
မြင့်မိုရ်ရွှေတောင်လုံး
တုံးလောက်ထင်တယ်
မိုးစွန်ထက်ဖျား သိကြားထံ
ကြယ်ပျံကို လိုသေး
မောင်ယူပေးမယ်
ချစ်တာသူက ပဓာနပဲတဲ့
ရာသက်တိုင်ရွယ်
မခွာရက်နိုင်တယ်
အိုဘယ့် မမုန်းနိုင် မမုန်းနိုင်
ကပ်လုံးဆုံးတိုင်တိုင်
အုံးလှိုင်ကြော သဥ္ဇာလည်
အချစ်ပင်လယ်ကြောတူ
နှစ်သွယ်မျောမူ
ဆယ်သောသူ မုန်းလိမ့်မယ်
ညချမ်းချိန်ခါဝယ်
တူနွှဲနှစ်ဖြာမောင်မယ်
ကျီစယ်လွန်တာ ဖိုးရွှေလက
မိုးတိမ်ဝမှ သရော်သည်နှယ်
ထက်မှူးငွေယုန်ရယ်
ရှက်ဘူး လေကုန်မယ်
ရှစ်ကမ္ဘာလှောင်နိုင်တယ်
ချစ်သမျှ အကြောင်ပြိုင်မယ်
ဘယ်သူရယ်ဖွယ်
ပြောလည်း ဂရုမထားပေါင်
မောင်နဲ့ချစ်တာ ပဓာနပင် ထင်မိတယ်
https://www.facebook.com/reel/1940939183295904
ဒေါက်တာတင့်ဆွေ

Comments
Post a Comment