Skip to main content

"ခုတမျိုး တော်ကြာတမျိုး"

လူတဦး၏ စကား၊ အယူအဆ၊ အပြုအမူ တို့သည် တည်ငြိမ်မနေဘဲ အချိန်အနည်းငယ်အတွင်း ပြောင်းလဲနေခြင်း ကို ဆိုလိုသော စကားဖြစ်သည်။

အခု ပြောတာတမျိုး၊ ခဏကြာပြီးနောက် ပြောတာ တမျိုး၊ အယူအဆ မတည်၊ စကားမတည်ဆိုလိုသည်မှာ မတည်ငြိမ်သော သဘော ကို ရည်ညွှန်းသည်။

သူ့စကားက ခုတမျိုး တော်ကြာတမျိုး ဖြစ်နေတော့ ယုံကြည်လို့ မရဘူး။

မူဝါဒကလည်း ခုတမျိုး တော်ကြာတမျိုး ပြောင်းနေတယ်။

နီးစပ်သော အင်္ဂလိပ်အသုံးများ

၁။ Blow hot and cold

အချိန်တခုတွင် အထောက်အပံ့ပြု

နောက်အချိန်တွင် မထောက်ခံ

ဥပမာ

He keeps blowing hot and cold about the plan.

၂။ Change one's mind all the time

အမြဲတမ်း စိတ်ပြောင်းနေခြင်း

ဥပမာ

She changes her mind all the time.

၃။ Flip-flop

မူဝါဒ၊ အမြင်ကို ခဏခဏ ပြောင်းလဲခြင်း (နိုင်ငံရေးတွင် များစွာ အသုံးများ)

ဥပမာ

The politician flip-flopped on the issue.

၄။ Be inconsistent

တည်ငြိမ်မှု မရှိခြင်း

ဥပမာ

His statements are inconsistent.

Blow hot and cold

သို့မဟုတ်

Flip-flop

ဖြစ်သည်။

မြန်မာစကားပုံများနှင့် နီးစပ်သော အင်္ဂလိပ်စကားပုံများ

အမှိုက်ကစ ပြာသာဒ်မီးလောင် A small spark can start a great fire အရာသေးက အန္တရာယ်ကြီး ဖြစ်နိုင်

အိုးကမပူ စလောင်းကပူ Much ado about nothing မလိုအပ်ဘဲ အလွန်ကြီးပြော

ငါးပျံတလှည့် ပုံလုံတလှည့် Every dog has his day အလှည့်ကျ ကံကောင်းကံဆိုး

ကိုယ့်ထမင်း ကိုယ်စား ကြီးတော်နွား အလကားကျောင်း Mind your own business ကိုယ့်အလုပ်ကိုယ်လုပ်

မျက်စိဆံပင်မွှေးစူး A thorn in one's side အမြဲ စိတ်အနှောက်အယှက် ဖြစ်သူ

မီးရှိမှ မီးခိုးထွက် There is no smoke without fire အကြောင်းမရှိဘဲ သတင်းမထွက်

ခုတမျိုး တော်ကြာတမျိုး Blow hot and cold စိတ်မတည်၊ အမြဲပြောင်း

လက်တလုံးကြား Sleight of hand / trickery လှည့်စားနည်း

ကြက်မတွန် မိုးမလင်း The sun will rise anyway ကိုယ်မရှိလည်း ကမ္ဘာ လည်နေမည်

ကြောင်မရှိ ကြွက်ခုန် When the cat’s away, the mice will play ကြီးကြပ်သူမရှိလျှင် လွတ်လပ်လွန်း

မိုးရွာတုန်း ရေခံ Make hay while the sun shines အခွင့်အရေးရှိတုန်း အသုံးချ

မျက်နှာမဲ့ လက်မဲ့ Down and out ဆင်းရဲဒုက္ခရောက်

မျက်နှာတခုပဲ Two-faced / double-faced နှစ်ဖက်စကားပြောသူ

တောမီးလောင် တောကြောင်လက်ခမောင်းခတ် One man's loss is another man's gain တဖက်ရှုံးရင် တဖက်အမြတ်

စိတ်ရှိလျှင် နည်းလမ်းရှိ Where there is a will, there is a way စိတ်ရှိလျှင် နည်းလမ်း ရှိ

မြန်မာစကားပုံနှင့် အင်္ဂလိပ်စကားပုံများသည် တူညီသော စကားမဟုတ်သော်လည်း အဓိပ္ပါယ်နှင့် အယူအဆ နီးစပ်မှု ရှိကြသည်။

အချို့မှာ လူနေမှုအတွေ့အကြုံ၊ လူ့သဘာဝ၊ လူမှုအခြေအနေတို့မှ ထွက်ပေါ်လာသောကြောင့် ဘာသာကွဲသော်လည်း အယူအဆတူ ဖြစ်လာကြသည်။

မှတ်ရန်

တမျိုး ဆိုတာ ၁ မျိုး (အရေအတွက်) မဟုတ်ပါ။ prefix ခေါ် ရှေဆက်စာလုံးသာ ဖြစ်ပါတယ်။

မြန်မာစာတွင် “တ” ကို prefix အဖြစ် သုံးထားသော စကားများ အများကြီး ရှိသည်။

ဥပမာ —

တခါတရံ

တခဏ

တဖက်

တလမ်း

တလျှောက်

တစုံတယောက်

တချို့

ဤနေရာများတွင်လည်း

တ = ၁ မဟုတ်

ရှေ့ဆက်အသုံး ဖြစ်သည်။

“တစ်” နှင့် မတူခြင်း

စာလုံး သဘော

prefix (ရှေ့ဆက်)

တစ် အရေအတွက် ၁

ဥပမာ

တမျိုး ✔

တစ်မျိုး ✘ 

ထို့ကြောင့် ခုတမျိုး တော်ကြာတမျိုးဟု ရေးခြင်းသည် မှန်သော သတ်ပုံနှင့် သဒ္ဒါ ဖြစ်ပါသည်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

တ - စသတ်စရာမလိုတဲ့ တအသုံးများ

စသတ်စရာမလိုတဲ့ တ အသုံး ၃၉၈ လုံးရှိတယ် 1. ငတရော် (ရေစကြိုမြို့နယ်) 2. ငါ့တရော် (စစ်ကိုင်း မြို့နယ်) 3. တကတဲ 4. တကျွန်းကျ 5. တကယ်တမ်း 6. တကယ်အမှန် 7. တကွ (အတူတကွ) 8. တကွနက် = တပြိုင်နက် 9. တကွဲတပြား 10. တကာ = တတွေ = အများတကာ 11. တကားကား 12. တကုပ်ကုပ်လုပ်နေသည် 13. တကိုယ်တည်း 14. တကိုယ်ကောင်း 15. တကိုယ်ရေတကာယ 16. တကူးတက 17. တကူးတကန့် 18. တကဲ့အဟုတ် 19. တကျက်ကျက် ရန်ဖြစ်နေကြသည် 20. တကျည်ကျည် ငိုနေသည် 21. တကျိတ်တည်း တဉာဏ်တည်း 22. တကျူကျူငို 23. တခဏချင်း 24. တခဏပန်း 25. တခန်းရပ် 26. တချွင်ချွင်မြည်နေသည် 27. တချွတ်ချွတ်မြည်သံ 28. တခမ်းတနား 29. တခွင်တပြင် 30. တခါတည်း 31. တခါတရံ 32. တခါတခေါက် 33. တခါတလေ 34. တခိခိ တချိချိ ရယ်သည် 35. တခုခုစားပါ 36. တခုတလေ 37. တခုလပ် 38. တခို 39. တခဲနက် = တလုံးတစည်းတည်း 40. တခဲထွေ = တပေါင်းတစည်းတည်း 41. တချက်တည်း 42. တချက်လွှတ်အမိန့် 43. တချာ = ပေါင်း = တဝေး = တစုတရုံးတည်း 44. တချိုးတည်းလစ်ပြီ 45. တချို့တဝက် 46. တချို့တလေ 47. တငမ်းငမ်း 48. တငိုငိုတရီရီ 49. တစံ့ = အနည်းငယ်မျှ 50. တစုံ (သင်္ကန်း) 51. တစုံတခု 52. တစုံတရာ 53. တစုံတဦး 54. တစုံတယောက် 55. တစစီ (တခုချင်း၊ အ...

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ