Skip to main content

ရွှေအင်းဝ

တေးရေး အေဝမ်း ဆရာညှာ

မူရင်းတေးဆို ဝင်းဦး + တင်တင်မြ

(ကျား) ဧရာ ဝတီ စမုန်

ဒုဌဝတီ ဇော်ဂျီ ပန်းလောင်

ချောင်း မြစ် ငါးလီ

ပေါင်း လို့ ဆုံ ကြ  သည်

(မ) ဧရာ ဝတီ စမုန်

ဒုဌဝတီ ဇော်ဂျီ ပန်းလောင်

ချောင်း မြစ် ငါးလီ

ပေါင်း လို့ ဆုံ ကြ  သည်

(ကျား) သံလျက် စွန်း ပေါ် တွင်

အင်း လေး အင်း ကို ဖို့ ၍ မြို့တည်

သတိုး ဘုရား ရာဇာ ဘုရင်

စိုး စံ သည်

(မ) သံလျက် စွန်း ပေါ်တွင်

အင်း လေး အင်း ကို ဖို့ ၍ မြို့တည်

သတိုး ဘုရား ရာဇာ ဘုရင် 

စိုး စံ သည် 

(ကျား) မကောင်း တဲ့ ရန် ဝေးအောင်

ချိုး ဖျက် နှိမ် နှင်း သည်

ဪ ဥဇနာ မင်း ယုတ်

သုတ်သင် ပြန် ပါသည်

(မ) စောဥမ္မာ ခင် မဒီ

ဒေဝီ ကောက်လို့ မြှောက်တင် စံစားပြီ

(ကျား) တို့တိုင်း ဌာနီ ရွှေနန်း တော် တည်

(မ) ပြ ဿဒ် ဘုံ မြင့် ဆီ 

(ကျား) စိန်နောင်း ရောင်ခြည်

တောက် ထွန်း ပေသည်

(မ) ပြောလို့ မကုန် တော့ သည်

(ပြိုင်) မင်္ဂလာ ကျက်သရေ ဖြိုးဝေ တင့်စွာ

မြို့ရွှေ အင်းဝ သာယာ ဝပြော စည်

(မ) မြန်မာ မင်းတို့ ဘုန်းပန်း ပွင့်လို့

အဆင့်ဆင့် လာခဲ့ သည်

တန်ခိုးလည်း အဖြာဖြာ မညိုးတဲ့ သာသနာ

တိုးတက် ပြောင်လင်း အတည် 

(ကျား) မြန်မာ မင်းတို့

ဘုန်းပန်း ပွင့်လို့

အဆင့်ဆင့် လာခဲ့ သည်

တန်ခိုးလည်း အဖြာဖြာ မညိုးတဲ့ သာသနာ

တိုးတက် ပြောင်လင်း အတည် 

(မ) အလွန်ပင် စည်ကားသည်

ထိုစဉ် အခါက အတည်

နောင်လာ နောက်သား မှတ်ဖို့ စာစီ

(ကျား) အလွန်ပင် စည်ကားသည်

ထိုစဉ် အခါက အတည်

နောင်လာ နောက်သား မှတ်ဖို့ စာစီ

(မ) ရွှေဂူ ထူပါရုံ  ထူးမြတ်တဲ့ စေတီ

ဦးခိုက် အဉ္စလီ

ဖူးလိုက်ကြ ရွှေအင်းဝ ဆီ

(ကျား) တို့တိုင်း ဌာနီ ရွှေနန်း တော် တည်

(မ) ပြ ဿဒ် ဘုံ မြင့် ဆီ 

(ကျား) စိန်နောင်း ရောင်ခြည်

တောက် ထွန်း ပေသည်

(မ) ပြောလို့ မကုန် တော့ သည်

(ပြိုင်) မင်္ဂလာ ကျက်သရေ တိုးဝေ တင့်စွာ

မြို့ရွှေ အင်းဝ သာယာ ဝပြော စည်

(မ) အတွေ့ သီချင်း ပြ ဆိုမည်

ရွှေ အင်းဝ မြို့ ဆီ

ရောက်တဲ့ အခါ အနောက် ဘက်မှာ

ရှု မြှော် ကြည့်  တွေ့ လိမ့်မည်

(ကျား) အတွေ့ သီချင်း ပြ ဆိုမည်

ရွှေ အင်းဝ မြို့ ဆီ

ရောက်တဲ့ အခါ အနောက် ဘက်မှာ

ရှု မြှော် ကြည့်  တွေ့ လိမ့်မည်

(မ) မြစ် ဧရာ တဖက် ကမ်းက

လှမ်းလို့ မြင်ရသည် ပျို လွမ်းသည်

(ကျား) စစ်ကိုင်းချောင် တောင်ထိပ်ဆီ

မြင့်မြင့်မောက်မောက် အံ့လောက်စရာ အတည်

(မ) ပုညရှင်က

စေတီ စေတီ ကြည်နူးဖွယ် အတည်

သူတော်စင် များ ကိန်းအောင်း ကြတဲ့

ဂူကျောင်းဘုရားတွေ ပေါလို့ ရှိခိုးမည်

(ကျား) တို့တိုင်း ဌာနီ ရွှေနန်း တော် တည်

(မ) ပြ ဿဒ် ဘုံ မြင့် ဆီ 

(ကျား) စိန်နောင်း ရောင်ခြည်

တောက် ထွန်း ပေသည်

(မ) ပြောလို့ မကုန် တော့ သည်

(ပြိုင်) မင်္ဂလာ ကျက်သရေ တိုးဝေ တင့်စွာ

မြို့ရွှေ အင်းဝ သာယာ ဝပြော စည် 

ရွှေအင်းဝ Shwe Inwa (Myanmar Harp solo) https://www.youtube.com/watch?v=SnugZ8eIu-Y

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

တ - စသတ်စရာမလိုတဲ့ တအသုံးများ

စသတ်စရာမလိုတဲ့ တ အသုံး ၃၉၈ လုံးရှိတယ် 1. ငတရော် (ရေစကြိုမြို့နယ်) 2. ငါ့တရော် (စစ်ကိုင်း မြို့နယ်) 3. တကတဲ 4. တကျွန်းကျ 5. တကယ်တမ်း 6. တကယ်အမှန် 7. တကွ (အတူတကွ) 8. တကွနက် = တပြိုင်နက် 9. တကွဲတပြား 10. တကာ = တတွေ = အများတကာ 11. တကားကား 12. တကုပ်ကုပ်လုပ်နေသည် 13. တကိုယ်တည်း 14. တကိုယ်ကောင်း 15. တကိုယ်ရေတကာယ 16. တကူးတက 17. တကူးတကန့် 18. တကဲ့အဟုတ် 19. တကျက်ကျက် ရန်ဖြစ်နေကြသည် 20. တကျည်ကျည် ငိုနေသည် 21. တကျိတ်တည်း တဉာဏ်တည်း 22. တကျူကျူငို 23. တခဏချင်း 24. တခဏပန်း 25. တခန်းရပ် 26. တချွင်ချွင်မြည်နေသည် 27. တချွတ်ချွတ်မြည်သံ 28. တခမ်းတနား 29. တခွင်တပြင် 30. တခါတည်း 31. တခါတရံ 32. တခါတခေါက် 33. တခါတလေ 34. တခိခိ တချိချိ ရယ်သည် 35. တခုခုစားပါ 36. တခုတလေ 37. တခုလပ် 38. တခို 39. တခဲနက် = တလုံးတစည်းတည်း 40. တခဲထွေ = တပေါင်းတစည်းတည်း 41. တချက်တည်း 42. တချက်လွှတ်အမိန့် 43. တချာ = ပေါင်း = တဝေး = တစုတရုံးတည်း 44. တချိုးတည်းလစ်ပြီ 45. တချို့တဝက် 46. တချို့တလေ 47. တငမ်းငမ်း 48. တငိုငိုတရီရီ 49. တစံ့ = အနည်းငယ်မျှ 50. တစုံ (သင်္ကန်း) 51. တစုံတခု 52. တစုံတရာ 53. တစုံတဦး 54. တစုံတယောက် 55. တစစီ (တခုချင်း၊ အ...

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ