အသေဝနာစ ဗာလာနံ ၃ ပါး
ပတိရူပ ဒေသဝါတောစ ၃ ပါး
ဗာဟုသစ္စဉ္စ သိပ္ပဉ္စ ၄ ပါး
မာတာပိတု ဥပဋ္ဌာန ၃ ပါး
ဒါနဉ္စဓမ္မစရိယာစ ၄ ပါး
အာရတီ ဝိရတီပါပါ ၄ ပါး
ဂါရဝေါစ နိဝါတောစ ၅ ပါး
ခန္တီစ သောဝစဿတာ ၄ ပါး
တပေါစ ဗြဟ္မစရိယဉ္စ ၄ ပါး
ဖုဋ္ဌဿ လောကဓမ္မေဟိ ၄ ပါး
လောကီမင်္ဂလာ (၁၂) ပါး
၁။ ဝိဇာတ မင်္ဂလာ = ပဋိသန္ဓေမှ ဖွားမြောက် အောင်မြင်ခြင်း။
၂။ မုခဒဿန မင်္ဂလာ = ဖွားပြီး သုံးရက်မြောက်သောကာလ ရတနာသုံးပါးနဲ့ ဘိုးဘွားဟူသော နန္ဒိမုခနတ်တို့အား ရှိခိုးပူဇော်ခြင်း။
၃။ ကေသစ္ဆေဒန မင်္ဂလာ = (၇) ရက်မြောက်သောနေ့၌ ဆံပင်ရိတ်ခြင်း။
၄။ ဒေါလာကရဏ မင်္ဂလာ = ကောင်းမြတ်သောနေ့၌ ပုခက်အေးယာဉ် တင်ခြင်း။
၅။ တမ္ဘုလပတ္တ မင်္ဂလာ = (၇၅) ရက်မြောက်သောနေ့၌ ကွမ်းဦးခွံ့ခြင်း။
၆။ ရဝိန္ဒုဒဿန မင်္ဂလာ = (၃) လမြောက်သောန့၌ နေ လ တို့ကို ပြခြင်း။
၇။ နာမကရဏ မင်္ဂလာ = ရက်ပေါင်း ၁၀၀ မြောက်သောနေ့၌ အမည်မှည့်ခြင်း။
၈။ ပထမဘတ္တ မင်္ဂလာ = ခြောက်လပြည့်က ထမင်းဦးခွံ့ခြင်း။
၉။ ကေသဗန္ဒန မင်္ဂလာ = သင့်တင့်လျောက်ပတ် အရွယ်၌ ဆံဖွဲ့ထုံးခြင်း။
၁၀။ ကဏ္ဏဆိန္ဒ မင်္ဂလာ = သင့်တင့်သောအရွယ်၌ နားထွင်းခြင်း။ (ကဏ္ဏဝိဇ္ဈဏ မူကွဲ)။
၁၁။ သာသနာနုဂ္ဂဟ မင်္ဂလာ = ချိန်ရွယ်ကျရောက်သောအခါ သာသနာဘောင်သို့ သွတ်သွင်းခြင်း။
၁၂။ အာဝါဟ ဝိဝါဟ မင်္ဂလာ = ချိန်ရွယ် ကျရောက်သောအခါ ထိမ်းမြားရခြင်း။
မှတ်ရန်
ယခုအခါ မြန်မာစာကို မှန်အောင်မရေးသားကြတော့သဖြင့် မင်္ဂလာ မရှိတော့ပါ။ ကန်တော့။
မင်္ဂလာ ဆယ့်နှစ်ပါး https://www.youtube.com/watch?v=2EgTVXkdeoM
ဒေါက်တာတင့်ဆွေ
၂-၃-၂၀၁၉

Comments
Post a Comment