Skip to main content

မ ကို နေရာထား မှားရေးတာတွေကို

နေ့တိုင်လိုလို တွေ့နေရပါတယ်။

"နူကလီယာလက်နက် ရှိတယ် မရှိဘူး မဝန်ခံတဲ့နိုင်ငံ" တဲ့။

အရေးသားမှန်က "ဝန်မခံတဲ့" ဖြစ်ရပါမယ်။

နမူနာများ

- ကြက်ခြေထောက်တွေကို အရမ်းမနူးအိပြဲမနေစေပဲပြုတ်ထား - အမြန်ဖတ်လိုက်ရင် မနူးအိ ဆိုတဲ့ အမျိုးသမီးလို့ ထင်စေတယ်။

- ကြိုးစားသလို မဖြစ်လာခဲ့ရင် - ဖြစ်မလာခဲ့ရင်

- ကာတွန်းတခု တွေ့လိုက်တယ်။ ကျောင်းကို ပူစီ မခေါ်လာရဘူး တဲ့။ ခေါ်မလာရလို့သာ ရေးသင့်တယ်။

- ကိုဗစ်-19 ပျံ့နှံ့မှုကို ကာကွယ်ပါ နှာခေါင်းစည် ၀တ်ထားသည်ဖြစ်စေ မ၀တ်ထားသည်ဖြစ်စေ (၀တ်မထားသည်ဖြစ်စေ)

- ကိုယ်တိုင် မစမ်းသပ်ကြည့်ဘူးပါတဲ့။ ကိုယ်တိုင် စမ်းသပ်မကြည့်ဘူးပါက ပိုမှန်တယ်။ 'မစမ်းသပ်' ကို ကြည့်ဘူး မြင်ဘူးသလား ဖြစ်နေတယ်။

- ကောင်မတွေ ကူးမလာနဲ့ မကူးလာ နဲ့ ဆိုတာ 'ဒေါ်ကူး' သမီး 'မကူး' မလာနဲ့လို့ ပြောတာ။

- ကောင်မတွေ မကူးလာနဲ့ - ကောင်မတွေ ကူးမလာနဲ့

- ငွေကိုင်မထားချင်သူတွေ - ငွေမကိုင်ထားချင်သူတွေ

- ငွေမကိုင်ထားချင်သူတွေအနေနဲ့ ခြံဝယ်ထားလို့ ရပါတယ်။ (ငွေကိုင်မထားချင်သူတွေ)

- ငါ့ကို အမှတ်မရနေဘူးပေါ့ - ငါ့ကို အမှတ်ရမနေဘူးပေါ့

- ငါးအသေးလေးတွေကိုဟင်းချက်တဲ့အခါ မကျေသွားစေဖို့ (ကျေမသွားစေဘို့လို့ရေးမှသာ ပိုပြီးမှန်တယ်။ မကျေသွားဆိုတာ မကျေ သွားပြီလား။ မကျေ စားသွားပါဦး စသဖြင့်ပြောသလား ထင်မိစေနိုင်တယ်။)

- စာမကျက်လာဘူး - စာကျက်မလာဘူး

- စာမဖတ်ရသေး နဲ့ စာဖတ်မရသေးလည်း မတူပါ။ စာမဖတ်ရသေးဆိုတာ စာဖတ်ချိန်မရှိလို့၊ စာအိတ်မဖွင့်ရသေးလို့၊ စာတိုက်က ရောက်မလာသေးလို့ တခုခုဖြစ်မယ်။ စာဖတ်မရသေးဆိုတာ မျက်စိကြောင့်၊ မျက်မှန် ရှာမတွေ့လို့။

- စိတ်မတိုလာဘူး - စိတ်တိုမလာဘူးလို့ ရေးရ။ မတိုလာဘူး ဆိုရင် လူအမည် 'မတို' မလာဘူးလို့ ထင်စေနိုင်တယ်။

- စိတ်မတိုလာဘူးဆရာ - စိတ်တိုမလာဘူး လို့ ရေးရ။

- ဆန်ဆေးရည်ကို မသွန်ပစ်ပဲ - ဆန်ဆေးရည်ကို သွန်မပစ်ပဲ

- ဆန်ဆေးရည်ကို မသွန်ပစ်ပဲ အကျိုးရှိမဲ့နေရာမှာ သုံးလိုက်ပါ (မသွန် သို့မဟုတ် ဒေါ်သွန်လားကို အရင်စဉ်းစားမိစေတဲ့ အရေးအသားဖြစ်နေတယ်။ ဆန်ဆေးရည်ကို သွန်မပစ်ပဲလို့ ရေးရတယ်။)

- ထည့်မပြောပေး - ထည့်ပြောမပေး

- ထည့်မပြောပေး - ထည့်ပြောမပေး

- ထမင်း မစားလာဘူး - ထမင်း စားမလာဘူး

- ဒီရှူဆေးကို ရှူမကြည့်ရသေး။ မရှူကြည့်ရသေး ဆိုရင် မရှူကြည့် ခေါ် တရုပ်မလား။

- နှာခေါင်းစည်း တပ်မလာလျှင် နဲ့ နှာခေါင်းစည်း မတပ်လာလျှင် အဓိပ္ပါယ် မတူပါ။ မတပ်လာလျှင်ဆိုတာ (မတပ်) ဟုခေါ်သော အမျိုးသမီး လာလျှင်လား စဉ်းစားနေရတယ်။

- နှာခေါင်းစည်း တပ်မလာလျှင် နဲ့ နှာခေါင်းစည်း မတပ်လာလျှင် အဓိပ္ပါယ် မတူပါ။ မတပ်လာလျှင်ဆိုတာ မတပ်ဟုခေါ်သော အမျိုးသမီး လာလျှင်လား စဉ်းစားနေရတယ်။

- ပိုက်ဆံ မပါလာဘူး - ပိုက်ဆံ ပါမလာဘူး

- ပိုမလင်းလာပါဘူး - ပိုလင်းမလာပါဘူး

- ပိုမလင်းလာပါဘူး - ပိုလင်းမလာပါဘူးလို့ ရေးသင့်တယ်။

- ဘန်ကောက်မှာပြထားရင် မကြည့်ပေးချင်ကြလို့ပါ - ကြည့်မပေးချင်ကြလို့ပါ

- မကျေသွားစေဖို့ - ကျေမသွားစေဖို့လို့ ရေးတာက ပိုမှန်တယ်။ မကျေ (ဒေါ်ကျေ) လား စဉ်းစားမိစေနိုင်တယ်။

- မကျော်သွားနဲ့နော် - ကျော်မသွားနဲ့နော်။

- မကျော်သွားနဲ့နော်။ မကျော်သွားနဲ့နော်ဆိုတာ လူအမည် မကျော်ကို ပြောသလိုလို ထင်စေနိုင်တယ်။ ကျော်မသွားနဲ့နော်။

- မကြည့်ပေးချင်ဆိုတာ မကြည် လိုလို၊ မကြည့် လိုလို၊ ဒေါ်ကြည့်လိုလို ထင်စေနိုင်ပါတယ်။ ကြည့်မပေးချင်လို့ ရေးတာက ပိုမှန်တယ်။

- မကောင်းတာတွေ စဉ်းစားမနေပါနဲ့တော့ - မှန်တယ်။ မစဉ်းစားနေပါနဲ့တော့ ဆိုရင် ‘မစဉ်းစား’ (ဒေါ်စဉ်းစား) လား မေးလိမ့်မယ်။ ဒါမှမဟုတ် မစဉ်းဘဲစားသလိုလို။

- မင်္ဂလာပါဆရာ ဝမ်းမသာဘူး။ မဝမ်းသာဘူး။ ဘယ်ဟာအမှန်လဲ သိပါရစေဆရာ။ ဝမ်းမသာဘူးလို့ ပြောတာ မှန်တယ်။

- မစဉ်းစားနေပါနဲ့တော့ - စဉ်းစားမနေပါနဲ့တော့

- မဆိုးလာပါဘူး မဟုတ်။ ဆိုးမလာပါဘူးလို့ ရေးရ။ မဆိုး (ဒေါ်ဆိုး) ကိုပြောသလား စဉ်းစားမိစေနိုင်တယ်။

- မဆိုးလာပါဘူး မဟုတ်။ ဆိုးမလာပါဘူးလို့ ရေးရ။ မဆိုး (ဒေါ်ဆိုး) ကိုပြောသလား စဉ်းစားမိစေနိုင်တယ်။

- မတိုးလာဘူး မဟုတ်။ တိုးမလာဘူး။ မတိုး (ဒေါ်တိုး) ကိုပြောသလား စဉ်းစားမိစေနိုင်တယ်။

- မတိုးလာဘူး မဟုတ်။ တိုးမလာဘူး။ မတိုး (ဒေါ်တိုး) ကိုပြောသလား စဉ်းစားမိစေနိုင်တယ်။

- မလင်းလာပါဘူးဆိုတာ လူအမည် မလင်းလာပါဘူးလိုလို ထင်စေနိုင်တယ်။

- မလင်းလာပါဘူးဆိုတာ လူအမည် မလင်းလာပါဘူးလိုလို ထင်စေနိုင်တယ်။

- မလိမ်ပြောနဲ့ - လိမ်မပြောနဲ့

- ရခိုင်ရိုးရာ ရခိုင်ချိတ် လက်ခတ်ချိတ်တွေက ဝတ်ဘူးသူတိုင်း အရမ်းကြိုက်တဲ့ quality မို့ မရှင်းပြတော့နော်

- ရှင်းမပြတော့လို့ ရေးမှသာ နားလည်စေမယ်။ မရှင်းပြတော့ ဆိုတာ မရှင်း (ဒေါ်ရှင်း) က ပြသလိုလို ထင်စေတယ်။

- လိမ်မပြောနဲ့ - မှန်။ မလိမ်ပြောနဲ့ - မှား။ ‘မလိမ်’ ဆိုသူကို မပြောနဲ့ ဖြစ်သွားမယ်။

- ဝမ်းချုပ်သူကနေ ဝမ်းမသွားဘူးလို့ ပြောတာ မှန်တယ်။ ဝမ်းသွားမဘူးလို့ ပြောကြည့်ပါလား။ (ကန်တော့) နေမကောင်းဘူး။ နေကောင်းမဘူး။ မကြိုက်ဘူး။ ကြိုက်မဘူး။

- ဝမ်းမသာဘူး။ မဝမ်းသာဘူး။ ဘယ်ဟာအမှန်လဲ သိပါရစေဆရာ။ ဝမ်းမသာဘူးလို့ ပြောတာ မှန်တယ်။

- ဝယ်ပြီးပစ္စည်း(ပြန်မလဲပေးပါ) တဲ့။ ဝယ်ပြီးပစ္စည်း (ပြန်လဲမပေးပါ) လို့ ရေးမှသာ မှန်တယ်။

- ဝီရိယမလျှော့ပြစ်ပါနဲ့ - ဝီရိယ လျှော့မပြစ်ပါနဲ့လို့ကသာ မှန်တယ်။

- သင်သည် ကိုဗစ်-19 ကာကွယ်ဆေးမထိုးထားရသေးလျှင် (ထိုးမထားရသေးလျှင်)

- သတိမရနေဘူးလား - သတိရမနေဘူးလား

- သွေးကျဲဆေးမသောက်ထားဘူး (သောက်မထားဘူးလို့ ရေးရတယ်။)

- သီချင်း ဆိုမတတ် မဟုတ်။ သီချင်း မဆိုတတ်။

- သူကို ထည့်တွက်မနေပါနဲ့ကွာ - မှန်တယ်။ တကယ်လို့ သူကို မထည့်တွက်နေပါနဲ့ကွာ ဆိုရင် ‘မထည့်’ အမည်က ခေါင်းထဲရောက်လာမယ်။

- ဟင်းချက်တဲ့အခါ မကျေသွားစေဖို့ - ကျေမသွားစေဖို့

- အခု ကလေးနဲ့ ဆရာ၀န်က မပေးတွေ့ (ပေးမတွေ့) သေးလို့ ကလေးအတွက်စိတ်ပူရလား ဆရာ

- အခုတော့ ဘာဆေးမှမတိုက်ထားဘူးဆရာ။ မတိုက်ထားလို့ရေးတာကို (မတိုက်) က ထားသလို အရင်စဉ်းစားမိစေတယ်။

- အခုတော့ ဘာဆေးမှမတိုက်ထားဘူးဆရာ။ မတိုက်ထားလို့ရေးတာကို (မတိုက်) ဆိုသူက ထားသလို အရင်စဉ်းစားမိစေတယ်။

- အစားဘယ်လောက်စားစား မဝလာ - ဝမလာ

- အရေးမကြီးတာတွေကို ထည့်မပြောပါ - မှန်တယ်။

- အရေးမကြီးတာတွေကို မထည့်ပြောပါ - မမှန်ပါ။ မထည့်ပြောပါ ဆိုတာ ‘မထည့်’ ခေါ် လူအမည်လိုလို ထင်စေနိုင်တယ်။ ထည့်သွင်းပြောဆိုခြင်း မရှိ အဓိပ္ပါယ်သက်ရောက်စေမှသာ မှန်တယ်။

- အလုပ်မတတ်ဘူး - မလုပ်တတ်ဘူး

- အသက်ကြီးတိုင်း ဝါရင့်တိုင်း မမှန်နေပါ

ဒီအရေးအသားမှားခြင်းကို မည်သို့ယူဆပါသလဲ။ ကျေးဇူး။

AI

ဆရာတင်ပြထားသော ဥပမာများကို ဖတ်လိုက်ပါက

“မ” ကို နေရာမမှန်ထားခြင်းသည် စာလုံးပေါင်းအမှားသာမက အဓိပ္ပါယ်ကို ပြောင်းလဲစေသော အမှား (semantic error) ဖြစ်ကြောင်း အထင်ရှား မြင်ရပါသည်။

ကျွန်တော်၏ သဘောထားကို အချက်လိုက် စုစည်းတင်ပြပါမည်။

၁။ ဤအမှား၏ သဘောသဘာဝ

မြန်မာဘာသာတွင် “မ” သည် ငြင်းပယ်ခြင်း (negation marker) ဖြစ်ပြီး

ကြိယာ၏ အရှေ့တွင် တည်ရာထားရသည် ဟု ယေဘုယျစည်းကမ်း ရှိသည်။

👉 ဥပမာ

စားမလာဘူး (✔)

မစားလာဘူး (✘ — အဓိပ္ပါယ်လွဲနိုင်)

ဆရာပြထားသကဲ့သို့—

“မ + ကြိယာ” နှင့်

“ကြိယာ + မ”

အစီအစဉ်ကွာခြားမှုကြောင့် အဓိပ္ပါယ်ကွဲသွားသည်။

၂။ အဓိပ္ပါယ်ပျက်ခြင်း၏ အဓိကပြဿနာ

(က) လူအမည်လို ဖြစ်သွားခြင်း

ဆရာညွှန်းထားသည့်အတိုင်း—

မကျော်

မလင်း

မတိုး

မဆိုး

တို့သည် လူအမည် (proper noun) အဖြစ် ဖတ်နိုင်သည်။

ဒါကြောင့်

👉 “မကျော်သွားနဲ့”

ဆိုသည်မှာ

“ဒေါ်ကျော်ကို မသွားနဲ့” လိုလို ဖြစ်သွားနိုင်သည်။

➡️ ဤသည်မှာ syntactic ambiguity + lexical ambiguity ဖြစ်သည်။

(ခ) အဓိပ္ပါယ်ပြောင်းခြင်း (semantic shift)

ဥပမာ—

စာမဖတ်ရသေး

→ မဖတ်ရဘူး (အခွင့်မရှိ)

စာဖတ်မရသေး

→ ဖတ်လို့ မရသေး (စွမ်းရည်/အခြေအနေ)

👉 အဓိပ္ပါယ် တိတိကွဲပြားသွားသည်။

(ဂ) ဖတ်ရှုသူ၏ အချိန်နှောင့်နှေးမှု

ဆရာပြောသကဲ့သို့—

“မရှင်း (ဒေါ်ရှင်း) လား”

“မတို (လူအမည်) လား”

ဖတ်သူသည်

ပထမဆုံး → အမည်အဖြစ် တွေး

နောက်မှ → အဓိပ္ပါယ် ပြန်ပြင်

👉 ဤသည်ကို processing delay ဟု ခေါ်နိုင်သည်။

၃။ အဘယ်ကြောင့် ဒီအမှားများ ပိုများလာသနည်း

ဆရာ၏ သုတေသနအမြင်နှင့် ကိုက်ညီစွာ—

(၁) စကားပြောအတိုင်းရေးခြင်း

လူများသည်

စာရေးခြင်းထက်

စကားပြော rhythm အတိုင်း ရေးနေကြသည်

👉 “မစားလာဘူး” → အသံအရ မှန်သော်လည်း စာအရ မမှန်

(၂) သဒ္ဒါသတိမထားခြင်း

“မ” ကို

👉 particle တခုအဖြစ် မသဘောပေါက်တော့ဘဲ

👉 စကားလုံးတခုလို သုံးလာကြသည်

(၃) အမြန်ရေး မီဒီယာ (Facebook effect)

အမြန်ရေး

မစစ်

မပြင်

👉 error fossilization ဖြစ်လာသည်

(၄) စာဖတ်မှု လျော့နည်းခြင်း

စာပေဖတ်သူများသည်

👉 “ကြိယာ + မ” ပုံစံကို မျက်နှာကြီးမားစွာ မြင်ခဲ့ကြသည်

ယနေ့တွင်

👉 visual memory မရှိတော့

(၅) သတ်ပုံစနစ်အပေါ် မယုံကြည်မှု

ဆရာပြောသကဲ့သို့

👉 ၁၉၈၆ နောက်ပိုင်း သတ်ပုံပြောင်းလဲမှု

👉 စနစ်အပေါ် ယုံကြည်မှု ကျဆင်း

၄။ ဘာသာဗေဒအမြင် (Linguistic evaluation)

ဤအမှားသည်

❗ simple spelling error မဟုတ်ပါ

ဒါဟာ—

syntax error

semantic distortion

ambiguity creation

ဖြစ်သည်။

၅။ မှန်သော ယေဘုယျစည်းကမ်း

👉 အထူးသဖြင့် imperative နှင့် statement များတွင်

✔ ကြိယာ + မ

လာမယ် → မလာဘူး ❌ (အခြေအနေအလိုက်)

လာမလာဘူး → ✔

လာမလာဘူး ❌ (context)

✔ အများဆုံးသုံးသင့်သော pattern

လုပ်မပေး

စားမလာ

ကြည့်မပေး

၆။ ဆရာ၏ ဥပမာများအပေါ် သုံးသပ်ချက်

ဆရာ၏ ဥပမာများသည်—

✔ သာမန်အမှားမဟုတ်

✔ systematic pattern error

✔ မြန်မာဘာသာ၏ syntax ကို ထိခိုက်စေသော အမှား

ဖြစ်သည်။

၇။ အချုပ်

“မ” ကို နေရာမမှန်ထားခြင်းသည်

စာလုံးပေါင်းအမှားထက် ပို၍ ဆိုးရွားသော

အဓိပ္ပါယ်လွဲမှု ဖြစ်စေသော အမှားတမျိုး ဖြစ်သည်။

ဆရာပြောသကဲ့သို့—

✔ အမည်အဖြစ် ဖတ်နိုင်

✔ အဓိပ္ပါယ်ပြောင်းနိုင်

✔ ဖတ်ရှုခက်ခဲစေ

နိဂုံးအမြင် (အရေးကြီးဆုံး)

ဆရာ၏ သဘောတရားကို ကျွန်တော် လုံးဝ သဘောတူပါသည်—

👉 ဒီအမှားသည် သတ်ပုံအမှားထက် ပို၍ ဆိုးသော အဓိပ္ပါယ်ပျက်စေသော အမှား ဖြစ်သည်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

တ - စသတ်စရာမလိုတဲ့ တအသုံးများ

စသတ်စရာမလိုတဲ့ တ အသုံး ၃၉၈ လုံးရှိတယ် 1. ငတရော် (ရေစကြိုမြို့နယ်) 2. ငါ့တရော် (စစ်ကိုင်း မြို့နယ်) 3. တကတဲ 4. တကျွန်းကျ 5. တကယ်တမ်း 6. တကယ်အမှန် 7. တကွ (အတူတကွ) 8. တကွနက် = တပြိုင်နက် 9. တကွဲတပြား 10. တကာ = တတွေ = အများတကာ 11. တကားကား 12. တကုပ်ကုပ်လုပ်နေသည် 13. တကိုယ်တည်း 14. တကိုယ်ကောင်း 15. တကိုယ်ရေတကာယ 16. တကူးတက 17. တကူးတကန့် 18. တကဲ့အဟုတ် 19. တကျက်ကျက် ရန်ဖြစ်နေကြသည် 20. တကျည်ကျည် ငိုနေသည် 21. တကျိတ်တည်း တဉာဏ်တည်း 22. တကျူကျူငို 23. တခဏချင်း 24. တခဏပန်း 25. တခန်းရပ် 26. တချွင်ချွင်မြည်နေသည် 27. တချွတ်ချွတ်မြည်သံ 28. တခမ်းတနား 29. တခွင်တပြင် 30. တခါတည်း 31. တခါတရံ 32. တခါတခေါက် 33. တခါတလေ 34. တခိခိ တချိချိ ရယ်သည် 35. တခုခုစားပါ 36. တခုတလေ 37. တခုလပ် 38. တခို 39. တခဲနက် = တလုံးတစည်းတည်း 40. တခဲထွေ = တပေါင်းတစည်းတည်း 41. တချက်တည်း 42. တချက်လွှတ်အမိန့် 43. တချာ = ပေါင်း = တဝေး = တစုတရုံးတည်း 44. တချိုးတည်းလစ်ပြီ 45. တချို့တဝက် 46. တချို့တလေ 47. တငမ်းငမ်း 48. တငိုငိုတရီရီ 49. တစံ့ = အနည်းငယ်မျှ 50. တစုံ (သင်္ကန်း) 51. တစုံတခု 52. တစုံတရာ 53. တစုံတဦး 54. တစုံတယောက် 55. တစစီ (တခုချင်း၊ အ...

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ