ရော်ရွက် အကုန်ကြွေလို့
ဝသုန်မြေ ရွက်ကော်ဇောငယ်နှင့်
သာမောဘွယ့် နွေအဝင်။
အရွက်ကင်းသူတို့
ခက်ချင်း ယှဉ်ကာပြိုင်တော့
ဝနာမြိုင် ထိုစခန်းမှာဖြင့်
ကြည့်လေလေ မြေ့မချမ်းနိုင်ဘူ့
လွမ်းသစ်သစ်ဆင်။
သို့ပါသော် သေချာရှုပြန်တော့
ပျိုနု ဟန်ချီချီနဲ့
ပင်တံဆီ တမူသစ်ပုံက
မြပုရစ် ညွန့်ရှင်ရှင်
စိုလွင်တဲ့ လဲ့ရှိိမ်း။
တော်သေးရဲ့လေ
အဟောင်း အကုန်ကြွေလဲ့
အသစ် တဖုံဝေမင့်
ရဂုံဘွေ စိုပြေလန်းပါလိမ့်
သူလဲလေ သူ့ကိုယ်စွမ်းနဲ့ပေါ့
အေးစဖွယ် တွေးရွယ်မှန်းမိမှ
ချမ်းမြမြငြိမ်း။ ။
ငွေတာရီကဗျာတွေကို မူရင်းသတ်ပုံအတိုင်း တင်ပေးသူတွေကို ကျေးဇူး။
အခုခေတ် ကဗျာဆရာတွေတော့ -
ပင်တံဆီ "တစ်" မူသစ်ပုံက၊
အသစ် "တစ်" ဖုံဝေမင့်လို့သာ ရေးကြတယ်။
မြန်မာစာ ရွက်သစ်တွေက ချစ်စရာမကောင်းပါ။
မှတ်ချက်
ဒီနှစ်တော့ နွေဦးရောက်တာ နည်းနည်းလေး နောက်ကျတယ်။ ဒီနေ့မှသာ အိမ်အပြင်ထွက်လို့ရတယ်။
မြတွေတော့ ထွက်တာနိုင်ပြီ။ သစ်ပင်ပန်းပင် အစို့၊ အညှောင့်၊ အကိုက်၊ အဖူးတွေ မထွက်သာသေးပါ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment