တမြန့်ပြင်တနှစ်က ဒီနေ့မှာ အိမ်တံခါးခေါက်တယ်။ စာပို့သမားက အထုပ်နှစ်ခုပေးတယ်။ သူ့အိတ်ဆောင် LCD Signature Pad ပေါ်မှာ လက်မှတ်ထိုးပေးရတယ်။
ကိုယ်ထိုးတဲ့လက်မှတ်ကို ကိုယ်ကမမြင်ရတတ်ပေမယ့် တဖက်က 'ဆခရင်' မှာ သွားပေါ်တယ်။
အဲလိုပါပဲ စေတနာဆိုတာလည်း မြင်ရတာမဟုတ်ပါ။
သုံးနှစ်အတွင်းမှာ တခါတခါ အဲလို၊ တခါတခါစာရွက်လေးပေါ်မှာ လက်မှတ်ထိုးယူရတယ်။ တခါတလေတော့ သည်အတိုင်းပေးသွားတာတွေ ရပါတယ်။ ကျေးဇူး။
တခါတခါ စေတနာဆိုတာ 'ဆခရင်' လိုဘဲ။ တဖက်ကနေသာ မြင်ရတတ်တယ်။
ဒေါက်တာတင့်ဆွေ
၂-၃-၂၀၁၆

Comments
Post a Comment