ပြန်စာ (၁)
ကျွန်တော့်ထက် ပိုပြီးကောင်းအောင်ရေးသားတတ်သူများက ရေးကြစေလိုပါသည်။
ကွန်မင့် = မှားခဲ့ရင်တောင်းပန်ပါတယ် ဆရာအပျစ်တင်စရာမရှိပါ ပြည်သူများသိသလိုရှိသော်လဲဘာလုပ်ရမယ်မသိ ညီတူလုပ်နိုင်တာပေါ်မလားတွေးမိလို့ပါ
ပြန်စာ (၂)
ပြီး လို့ ရေးရပါသည်။
အပြစ် လို့ ရေးရပါသည်။
ကျွန်တော်က စာရေးဆရာ မဟုတ်ပါ။ ဆရာဝန်ဖြစ်ပြီး ဆေးပညာစာတွေရေးတာကလည်း စာအုပ် ၃ အုပ်တည်းသာ ထုတ်နိုင်ပါတယ်။ စာအုပ်အဖြစ်ထုတ်တဲ့အခါ ဆိုရှယ်မီဒီယာမှာတင်တာထက် ပိုပြီး စိစစ်ရပါတယ်။
ဆေးပညာစာမဟုတ်တဲ့ နိုင်ငံရေးနဲ့ မြန်မာစာအပါအဝင် သုတစာလေးတွေကိုလည်း ဆိုရှယ်မီဒီယာမှာ ရေးတင်ပါတယ်။ တနေ့စာ စာပုဒ်ရေ ၂၀ ဝန်းကျင်ရှိတယ်။
စာတိုင်းကို စာအုပ်ထုတ်သလိုအထိ စာကိုချောအောင်၊ ပိုကောင်းအောင် လုပ်ချိန် မရှိပါ။
ကနေ့မနက် အိပ်ရာထကတည်းက ကျန်းမာရေးမေးခွန်း အသစ် ၂ ခုနဲ့ စကားပုံမေးခွန်း တခုကို ရှာဖွေ၊ လေ့လာ၊ AI ကို မေး၊ ဘာသာပြန်ပြီး ရေးရတာ ၃ နာရီကြာသွားတယ်။
ကော်ဖီတခွက် ကုန်အောင် မသောက်အားပါ။
စာဖတ်တဲ့သူတွေ စွဲမက်စေအောင်၊ မျက်လုံးပြူးအောင်၊ အံ့အားသင့်အောင် မရေးပါ။
စာဖတ်သူဦးရေများအောင် မရေးပါ။ တချို့စာတွေဆိုရင် တယောက်စ နှစ်ယောက်စကသာ ဖတ်ပါတယ်။
အချက်အလက် မှန်စေရမယ်။
အကိုးအကား ပါရမယ်။
သုတေသနရှိရင် ထည့်ရေးတယ်။
ဖတ်တဲ့သူတိုင်းကတော့ သဘောကျချင်မှ ကျပါလိမ့်မယ်။
မတတ်နိုင်။
ဒီစာရေးဖြစ်တဲ့အတွက် ကျေးဇူး။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment