ဒေါက်တာရှင်—
မြန်မာစာ သင်ကြားပေးပါသလား။ မြန်မာစာ ဆရာ/ဆရာမ ကောင်းတဦးဦး အကြံပြုနိုင်ပါသလား။ အထူးကျေးဇူးတင်ပါသည်။
Online ဖြစ်ဖြစ်၊ အခြားနည်းဖြစ်ဖြစ် ရပါတယ်။
ကျွန်တော် မသင်ပေးပါ။ သို့သော် မေးလာလျှင်၊ သိသမျှကို ဖြေပေးပါသည်။
(မသင်ပေးပါ - သင်မပေးပါ။ မသင် ဆိုတာ အမျိုးသမီး အမည်။)
Online ပါ ဆရာ— ကလေးအတွက် ဖြစ်ပါသည်။
Online မှာ သင်တန်းအမျိုးမျိုး တွေ့ရပါသည်။
Online class ကောင်းတခုခု အကြံပြုနိုင်ပါသလား။ 🙏
ဆောရီး။ အဲဒီသင်တန်းတွေကို ကိုယ်တိုင် နားမထောင်ဖူးသေးပါ။
မေးခွန်းမေးသူလည်း သိပြီးဖြစ်သကဲ့သို့—
ကျွန်တော်၏ စာလုံးပေါင်းသတ်ပုံ စံသည် ယခုခေတ် “တရားဝင်” ဟု ခေါ်ကြသော မြန်မာအဘိဓာန်နှင့် မတူပါ။
လူငယ်များ၏ အသံထွက်များလည်း မမှန်ကန်သေးပါ။
ဒါပေမဲ့ ကောင်းတဲ့ ဆရာ/ဆရာမ တဦးကို သိရှိလာပါက သင့်အား ပြန်လည်အသိပေးပါမည်။
အကူအညီပေးသည့်အတွက် ကျေးဇူးတင်ပါသည် 🙏
Online Burmese tutors for kids are available through specialized platforms like AmazingTalker and Preply, offering personalized, one-on-one sessions with native speakers for toddlers, children, and teens. Lessons focus on speaking, reading, writing, and grammar, with options for customized, flexible schedules starting around $19/hour.
Top Platforms for Online Burmese Tutors
AmazingTalker (Burmese for Kids): Offers a wide array of local and international tutors, including specialists for young learners. Features an AI-matching system to find the right tutor based on your child's age, level, and interests.
Preply (Burmese Tutors): Provides access to multiple private Burmese teachers with options for 25- or 50-minute trial lessons in a virtual classroom.
Native Monks (Burmese Classes): Offers one-on-one tailored Burmese lessons via Skype, focusing on conversational skills for all levels, including children.
Superprof (Online Burmese Tutoring): Lists private tutors who specialize in personalized learning paces.
တွေ့တဲ့ ဗီဒီယို တခုမှာ မင်္ဂလာ ကို ဖေါင့် မမှန်လို့ မှန်အောင်ရေးမထားပါ။ မြန်မာစာဖေါင့်တွေကလည်း အဆင်မပြေလှပါ။
မနေ့က တယောက်က ပို့စ် တင်ပြီး ကျွန်တော့်ကို အပြစ်ဆိုတာတခု တွေ့လိုက်တယ်။ TikTok မှာ မြန်မာစာဖေါင့် မှန်အောင်ရေးမရာ မသိဘူးလားတဲ့။
ကျွန်တော်က အခုထိတော့ TikTok မသုံးပါ။
ကိုယ်အသုံးချတဲ့ ပလက်ဖေါင်း မှာ မြန်မာစာကိုမှန်အောင်ရေးမရရင် မသုံးသင့်ပါ။ မှန်အောင်ရေးလို့ရတာတွေ ရှိပါတယ်။
ဖေ့စ်ဘွတ်မှာ သဝေထိုးကတော့ ခဏခဏဒုက္ခပေးပါတယ်။ ခဏခဏအပြောခံရတယ်။ မတတ်နိုင်။
ကနေ့ခေတ် မြန်မာစာရဲ့အဖြစ်ကတော့ -
- အမှန်ဆုံး မတွေ့နိုင်။
- အမှန်ဆုံး ရေးမရနိုင်။
- အမှန်ကိုထောက်ပြသူတိုင်း အပြစ်တော်တင်ခံကြရပါတယ်။
- အမှန်ကို အမှားထင်နေသူတွေက ၈၀% လောက်ရှိတယ်။ နိုင်ငံတော်မူ တဲ့။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment